ရောမ 8:24-25
ရောမ 8:24-25 Judson Bible (JBMLE)
ငါတို့သည် မျှော်လင့်ခြင်းအားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်ကြ၏။ မျှော်လင့်သောအရာကို တွေ့မြင်လျှင် မျှော်လင့်စရာအကြောင်း မရှိ။ တွေ့မြင်သောအရာကို အဘယ်ကြောင့် မျှော်လင့်ရမည်နည်း။- ငါတို့သည် မတွေ့မမြင်သောအရာကို မျှော်လင့်လျှင်မူကား၊ ထိုအရာကို သည်းခံသောစိတ်နှင့် ငံ့လင့်၍ နေကြ၏။
ရောမ 8:24-25 Common Language Bible (BCL)
အဘယ်ကြောင့်ဆိုသော်ငါတို့သည်မျှော်လင့် ခြင်းအားဖြင့် ကယ်တင်ခြင်းကိုခံရကြသော ကြောင့်ဖြစ်၏။ ငါတို့သည်မိမိတို့မျှော်လင့် သည့်အရာကိုမမြင်နိုင်ကြ။ မြင်နိုင်ကြပါ မူငါတို့၏မျှော်လင့်ခြင်းသည်အကယ်ပင် မျှော်လင့်ခြင်းမဟုတ်။ မြင်ရသောအရာကို အဘယ်သူသည်မျှော်လင့်မည်နည်း။- သို့ရာတွင်ငါတို့သည်မိမိတို့မမြင်ရသည့် အရာကိုမျှော်လင့်ကြလျှင် ထိုအရာကိုစိတ် ရှည်စွာစောင့်မျှော်ကြ၏။
ရောမ 8:24-25 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ငါတို့သည် ဤမျှော်လင့်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရကြ၏။ သို့သော် မြင်နေရသောမျှော်လင့်ခြင်းသည် မျှော်လင့်ခြင်းမဟုတ်။ အကြောင်းမှာ မည်သူသည် မြင်နေသောအရာကို ဆက်၍မျှော်လင့်မည်နည်း။ မမြင်သေးသောအရာကို ငါတို့မျှော်လင့်ကြလျှင်မူကား ထိုအရာကို သည်းခံသောစိတ်နှင့်စောင့်မျှော်ကြ၏။