YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 6:8-14

ရောမ 6:8-14 Judson Bible (JBMLE)

ခ​ရစ်​တော်​သည် သေ​ခြင်း​မှ​ထ​မြောက်​သော​အ​ခါ၊ သေ​ခြင်း​နှင့် အ​စဉ်​ကင်း​လွတ်​တော်​မူ၏။- သေ​ခြင်း​တ​ရား​သည် နောက်​တစ်​ဖန် ကိုယ်​တော်​ကို မ​အုပ်​စိုး​ရ​သည်​ကို ထောက်​သော်၊ ငါ​တို့​သည် ခ​ရစ်​တော်​နှင့် အ​တူ​သေ​လျှင်၊ ထို​သ​ခင်​နှင့် အ​တူ ရှင်​လိမ့်​မည်​ဟု သ​ဘော​ရှိ​ကြ၏။- ခ​ရစ်​တော်​သည် အ​သေ​ခံ​တော်​မူ​ရာ​မှာ၊ အ​ပြစ်​တ​ရား​ကြောင့် တစ်​ကြိမ်​သာ​ခံ​တော်​မူ၏။ အ​သက်​ရှင်​တော်​မူ​ရာ​မှာ၊ ဘု​ရား​သ​ခင့်​အ​ဖို့ ရှင်​တော်​မူ၏။- ထို​နည်း​တူ သင်​တို့​သည် အ​ပြစ်​တ​ရား​နှင့် ဆိုင်​သော​အ​ရာ၌​ကား၊ အ​သေ​ဖြစ်​သည်​ဟူ၍​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​နှင့်​ဆိုင်​သော အ​ရာ၌​ကား၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် အ​သက်​ရှင်​သည်​ဟူ၍​လည်း​ကောင်း၊ ကိုယ်​ကို​ကိုယ် ထင်​မှတ်​ကြ​လော့။ ထို​ကြောင့်၊ သင်​တို့၏​သေ​တတ်​သော ကိုယ်​ခ​န္ဓာ၏ တပ်​မက်​ခြင်း​အ​လို​သို့ လိုက်​ရ​သည်​တိုင်​အောင်၊ အ​ပြစ်​တ​ရား​သည် ထို​ကိုယ်​ခ​န္ဓာ၌ အ​စိုး​မ​ရ​စေ​နှင့်။- သင်​တို့၏​ကိုယ်​အင်္ဂါ​များ​ကို ဒု​စ​ရိုက်​လက်​နက် ဖြစ်​စေ၍၊ အ​ပြစ်​တ​ရား​အား မ​ဆက်​ကြ​နှင့်။ သေ​ခြင်း​မှ ထ​မြောက်၍ အ​သက်​ရှင်​သော​သူ​ကဲ့​သို့၊ ဘု​ရား​သ​ခင်​အား ကိုယ်​ကို​ကိုယ်​ဆက်​ကြ​လော့။- ကိုယ်​အင်္ဂါ​များ​ကို​လည်း သု​စ​ရိုက်​လက်​နက် ဖြစ်​စေ၍၊ ဘု​ရား​သ​ခင်​အား ဆက်​ကြ​လော့။ သင်​တို့​သည် ပ​ညတ်​တ​ရား​လက်၌​မ​ရှိ၊ ကျေး​ဇူး​တ​ရား​လက်၌​ရှိ​သော​ကြောင့် အ​ပြစ်​တ​ရား​သည် သင်​တို့​ကို မ​အုပ်​စိုး​ရ။

ရောမ 6:8-14 Common Language Bible (BCL)

ငါ​တို့​သည်​ခ​ရစ်​တော်​နှင့်​အ​တူ​သေ​ကြ​ပြီ ဖြစ်​၍​ကိုယ်​တော်​နှင့်​အ​တူ​အ​သက်​ရှင်​ရ ကြ​မည်​ကို​ယုံ​ကြည်​ကြ​၏။- ခ​ရစ်​တော်​သည်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် တော်​မူ​သ​ဖြင့် နောင်​အ​စဉ်​သေ​ခြင်း​တ​ရား​နှင့် ကင်း​လွတ်​တော်​မူ​ကြောင်း​ကို​ငါ​တို့​သိ​ကြ​၏။ သေ​ခြင်း​တ​ရား​သည်​ကိုယ်​တော်​ကို​အ​စိုး​မ​ရ တော့​ပေ။- သို့​ဖြစ်​၍​ကိုယ်​တော်​အ​သေ​ခံ​တော်​မူ​သော ကြောင့်​အ​ပြစ်​တ​ရား​သည်​ကိုယ်​တော်​ကို​အ​စိုး မ​ရ​တော့​ချေ။ ယ​ခု​ကိုယ်​တော်​သည်​ဘု​ရား သ​ခင်​နှင့်​မိတ်​သ​ဟာ​ယ​ဖွဲ့​လျက်​အ​သက် ရှင်​တော်​မူ​၏။- ထို​နည်း​တူ​သင်​တို့​သည်​လည်း​အ​ပြစ်​တ​ရား နှင့်​လုံး​ဝ​အ​ဆက်​ပြတ်​၍​ခ​ရစ်​တော်​ယေ​ရှု အား​ဖြင့် ဘု​ရား​သ​ခင်​နှင့်​မိတ်​သ​ဟာ​ယ​ဖွဲ့ လျက်​ရှိ​နေ​သည်​ဟု​မှတ်​ယူ​ရ​ကြ​မည်။ ထို့​ကြောင့်​သင်​တို့​သည် မိ​မိ​တို့​ကိုယ်​ခန္ဓာ​၏ အ​လို​ဆန္ဒ​သို့​မ​လိုက်​စေ​ရန်​အ​ပြစ်​တ​ရား က သင်​တို့​၏​သေ​တတ်​သော​ကိုယ်​ခန္ဓာ​ကို​အ​စိုး မ​ရ​စေ​နှင့်။- သင်​တို့​ကိုယ်​အင်္ဂါ​များ​ကို​လည်း​ဒု​စ​ရိုက်​အ​တွက် အ​သုံး​မ​ပြု​ကြ​နှင့်။ ယင်း​သို့​ပြု​မည့်​အ​စား သင်​တို့​သည်​သေ​ရာ​မှ​ရှင်​ပြန်​သူ​များ​အ​ဖြစ် ဖြင့်​လည်း​ကောင်း၊ သု​စ​ရိုက်​အ​တွက်​အ​သုံး​တော် ခံ​ရန်​လည်း​ကောင်း၊ မိ​မိ​တို့​ကိုယ်​ကို​ဘု​ရား သ​ခင်​အား​ဆက်​သ​ကြ​လော့။- အ​ပြစ်​တ​ရား​သည်​သင်​တို့​အား​အ​စိုး​မ​ရ​စေ နှင့်။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​သည်​ပ​ညတ် တ​ရား​လက်​အောက်​၌​မ​ရှိ။ ဘု​ရား​သ​ခင်​၏ ကျေး​ဇူး​တ​ရား​လက်​အောက်​၌​ရှိ​ကြ​သော ကြောင့်​တည်း။

ရောမ 6:8-14 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​တို့​သည် ခရစ်တော်​နှင့်အတူ​သေ​လျှင် ကိုယ်တော်​နှင့်အတူ​အသက်ရှင်​မည်​ဟူ၍​လည်း ယုံကြည်​ကြ​၏။ သေ​သော​သူ​တို့​ထဲမှ ထမြောက်​တော်မူ​သော​ခရစ်တော်​သည် နောက်တစ်ဖန်​သေ​တော့မည်​မ​ဟုတ်​ကြောင်း ငါ​တို့​သိ​ကြ​၏။ သေ​ခြင်း​သည် ကိုယ်တော်​ကို အစိုးတရ​ပြု​တော့မည်​မ​ဟုတ်။ အကြောင်းမူကား ခရစ်တော်​အသေခံ​တော်မူ​သည်​မှာ အပြစ်​အရာ​၌ တစ်ကြိမ်တည်း​နှင့်အပြီး​အသေခံ​တော်မူ​သည်​ဖြစ်၍ ယခု​အသက်ရှင်​တော်မူ​သည်​မှာ ဘုရားသခင်​၌ အသက်ရှင်​တော်မူ​၏။ ထိုနည်းတူ သင်​တို့​သည်​လည်း အပြစ်​အရာ​၌ သေ​သော​သူ​ဖြစ်​ပြီး ဘုရားသခင်​၌ ခရစ်တော်​ယေရှု​အားဖြင့် အသက်ရှင်​နေ​သည်​ဟု ကိုယ့်ကိုယ်ကိုယ်​မှတ်ယူ​ကြ​လော့။ ထို့ကြောင့် ကိုယ်ခန္ဓာ​၏​တပ်မက်​ခြင်း​အလို​သို့​လိုက်​ရန် သင်​တို့​၏​သေ​တတ်​သော​ကိုယ်ခန္ဓာ​ကို အပြစ်​အား မ​စိုးမိုး​စေ​ကြ​နှင့်။ သင်​တို့​၏​ကိုယ်အင်္ဂါ​များ​ကို​လည်း မတရားမှု​၏​လက်နက်​များ​အဖြစ် အပြစ်​အား မ​ဆက်သ​ကြ​နှင့်။ ထိုသို့​ပြု​မည့်​အစား သေ​သော​သူ​တို့​ထဲမှ အသက်ရှင်​လာ​သူ​ကဲ့သို့ မိမိကိုယ်ကို ဘုရားသခင်​အား ဆက်သ​၍ သင်​တို့​၏​ကိုယ်အင်္ဂါ​များ​ကို ဖြောင့်မတ်​ခြင်း​၏​လက်နက်​များ​အဖြစ် ဘုရားသခင်​အား ဆက်သ​ကြ​လော့။ အဘယ်ကြောင့်​ဆိုသော် သင်​တို့​သည် ပညတ်​တရား​လက်အောက်​၌​မ​ရှိ​ဘဲ ကျေးဇူး​တော်​လက်အောက်​၌​ရှိ​ကြ​သည်​ဖြစ်၍ အပြစ်​တရား​သည် သင်​တို့​ကို အစိုးတရ​ပြု​လိမ့်မည်​မ​ဟုတ်။