ရောမ 6:8-10
ရောမ 6:8-10 Judson Bible (JBMLE)
ခရစ်တော်သည် သေခြင်းမှထမြောက်သောအခါ၊ သေခြင်းနှင့် အစဉ်ကင်းလွတ်တော်မူ၏။- သေခြင်းတရားသည် နောက်တစ်ဖန် ကိုယ်တော်ကို မအုပ်စိုးရသည်ကို ထောက်သော်၊ ငါတို့သည် ခရစ်တော်နှင့် အတူသေလျှင်၊ ထိုသခင်နှင့် အတူ ရှင်လိမ့်မည်ဟု သဘောရှိကြ၏။- ခရစ်တော်သည် အသေခံတော်မူရာမှာ၊ အပြစ်တရားကြောင့် တစ်ကြိမ်သာခံတော်မူ၏။ အသက်ရှင်တော်မူရာမှာ၊ ဘုရားသခင့်အဖို့ ရှင်တော်မူ၏။
ရောမ 6:8-10 Common Language Bible (BCL)
ငါတို့သည်ခရစ်တော်နှင့်အတူသေကြပြီ ဖြစ်၍ကိုယ်တော်နှင့်အတူအသက်ရှင်ရ ကြမည်ကိုယုံကြည်ကြ၏။- ခရစ်တော်သည်သေခြင်းမှရှင်ပြန်ထမြောက် တော်မူသဖြင့် နောင်အစဉ်သေခြင်းတရားနှင့် ကင်းလွတ်တော်မူကြောင်းကိုငါတို့သိကြ၏။ သေခြင်းတရားသည်ကိုယ်တော်ကိုအစိုးမရ တော့ပေ။- သို့ဖြစ်၍ကိုယ်တော်အသေခံတော်မူသော ကြောင့်အပြစ်တရားသည်ကိုယ်တော်ကိုအစိုး မရတော့ချေ။ ယခုကိုယ်တော်သည်ဘုရား သခင်နှင့်မိတ်သဟာယဖွဲ့လျက်အသက် ရှင်တော်မူ၏။
ရောမ 6:8-10 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ငါတို့သည် ခရစ်တော်နှင့်အတူသေလျှင် ကိုယ်တော်နှင့်အတူအသက်ရှင်မည်ဟူ၍လည်း ယုံကြည်ကြ၏။ သေသောသူတို့ထဲမှ ထမြောက်တော်မူသောခရစ်တော်သည် နောက်တစ်ဖန်သေတော့မည်မဟုတ်ကြောင်း ငါတို့သိကြ၏။ သေခြင်းသည် ကိုယ်တော်ကို အစိုးတရပြုတော့မည်မဟုတ်။ အကြောင်းမူကား ခရစ်တော်အသေခံတော်မူသည်မှာ အပြစ်အရာ၌ တစ်ကြိမ်တည်းနှင့်အပြီးအသေခံတော်မူသည်ဖြစ်၍ ယခုအသက်ရှင်တော်မူသည်မှာ ဘုရားသခင်၌ အသက်ရှင်တော်မူ၏။