YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 6:15-18

ရောမ 6:15-18 Judson Bible (JBMLE)

ထို​သို့​ဖြစ်​လျှင် အ​ဘယ်​သို့​နည်း။ ငါ​တို့​သည် ပ​ညတ်​တ​ရား​လက်၌မရှိ။ ကျေးဇူးတရားလက်၌ရှိ​သော​ကြောင့်၊ ဒု​စ​ရိုက်​ကို ပြု​ရ​မည်​လော။ ထို​သို့​မ​ပြု​ရ။- အ​ကြင်​သူ၏​အ​ထံ၌ အ​စေ​ခံ​ကျွန်​ဖြစ်​ခြင်း​ငှာ သင်​တို့​ဝင်၍ အ​စေ​ခံ၏၊ ထို​သူ​သည် သေ​ခြင်း​နှင့်​ယှဉ်​သော အ​ပြစ်​တ​ရား​ဖြစ်​စေ၊ ဖြောင့်​မတ်​ရာ​သို့ ရောက်​ခြင်း​နှင့်​ယှဉ်​သော နား​ထောင်​ခြင်း တ​ရား​ဖြစ်​စေ၊ သင်​တို့၏​သ​ခင်​ဖြစ်​သည်​ကို မ​သိ​ကြ​သ​လော။- သင်​တို့​သည် အ​ပြစ်​တ​ရား၏ ကျွန်​ဖြစ်​ဖူး​သော်​လည်း၊ ယ​ခု​တွင်​ခံ​ခဲ့​ပြီး​သော ဩ​ဝါ​ဒ​နည်း​ဥ​ပ​ဒေ​သ​စ​ကား​ကို စေ​တ​နာ​စိတ်​နှင့် နား​ထောင်​ကြ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော် ကြီး​လှ​ပေ၏။- သင်​တို့​သည် အ​ပြစ်​တ​ရား၏​လက်​မှ လွတ်​ကြ​ပြီ​ဖြစ်၍၊ ဖြောင့်​မတ်​ခြင်း​တ​ရား၏ ကျွန်​ဖြစ်​ကြ၏။

ရောမ 6:15-18 Common Language Bible (BCL)

သို့​ဖြစ်​၍​ငါ​တို့​သည်​ပ​ညတ်​တ​ရား​၏​လက် အောက်​၌​မ​ရှိ​တော့​ဘဲ ကျေး​ဇူး​တ​ရား​၏​လက် အောက်​၌​ရှိ​ကြ​သ​ဖြင့်​အ​ပြစ်​ကူး​ကြ​ကုန် အံ့​ဟု​ဆို​ကြ​မည်​လော။ ထို​သို့​မ​ဆို​ရ။- လူ​တစ်​စုံ​တစ်​ယောက်​၏​စေ​စား​မှု​ကို​ခံ​သော သူ​သည် စေ​စား​သူ​၏​ကျွန်​ဖြစ်​ကြောင်း​သင်​တို့ ကောင်း​စွာ​သိ​ကြ​၏။ အ​ကယ်​၍​သင်​တို့​သည် အ​ပြစ်​တ​ရား​၏​စေ​စား​မှု​ကို​ခံ​ကြ​ပါ​မူ သင် တို့​ခံ​စား​ရ​မည့်​အ​ကျိုး​ဆက်​ကား​သေ​ခြင်း ပင်​ဖြစ်​၏။ အ​ကယ်​၍​သင်​တို့​သည်​ဘု​ရား​သခင် ၏​စ​ကား​ကို​နာ​ခံ​ကြ​မည်​ဆို​ပါ​က​ကိုယ်​တော် နှင့်​မှန်​ကန်​စွာ​ဆက်​သွယ်​မှု​ကို​ရ​ရှိ​ကြ​လိမ့်​မည်။- သင်​တို့​သည်​အ​ခါ​တစ်​ပါး​က​အ​ပြစ်​တ​ရား ၏​ကျွန်​ဖြစ်​ခဲ့​ဖူး​သော်​လည်း​ယ​ခု​အ​ခါ​၌ မိ​မိ တို့​ခံ​ယူ​ယုံ​ကြည်​သည့်​ဘာ​သာ​တ​ရား​တော်​ကို အ​ကြွင်း​မဲ့​လိုက်​နာ​ကျင့်​သုံး​ကြ​သည့်​အ​တွက် ငါ​သည်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး မွမ်း​၏။- သင်​တို့​သည်​အ​ပြစ်​တ​ရား​၏​ကျွန်​ဘ​ဝ​မှ လွတ်​မြောက်​ကြ​သော​အ​ခါ​ဖြောင့်​မတ်​ခြင်း တ​ရား​၏​ကျွန်​ဖြစ်​လာ​ကြ​၏။

ရောမ 6:15-18 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့ဖြစ်လျှင် မည်သို့​နည်း။ ငါ​တို့​သည် ပညတ်​တရား​လက်အောက်​၌​မ​ရှိ​ဘဲ ကျေးဇူး​တော်​လက်အောက်​၌​ရှိ​ကြ​သောကြောင့် အပြစ်​ပြု​ရ​မည်​လော။ လုံးဝ​မ​ပြု​ရ။ သင်​တို့​သည် တစ်စုံတစ်ဦး​အား မိမိကိုယ်ကို​ဆက်သ​၍ ကျွန်​အဖြစ်​နာခံ​လျှင် သင်​တို့​သည် သင်​တို့​နာခံ​သော​သူ​၏​ကျွန်​ဖြစ်​ကြ​ပြီး သေ​ခြင်း​သို့​ရောက်​စေ​သည့် အပြစ်​၏​ကျွန်​၊ သို့မဟုတ် ဖြောင့်မတ်​ခြင်း​သို့​ရောက်​စေ​သည့် နာခံ​မှု​၏​ကျွန်​ဖြစ်​တတ်​သည်​ကို သင်​တို့​မ​သိ​ကြ​သလော။ သင်​တို့​သည် အပြစ်​၏​ကျွန်​ဖြစ်​ခဲ့​ကြ​သော်လည်း သင်​တို့​ခံယူ​ရရှိ​သော သွန်သင်​ချက်​၏​နည်းဥပဒေသ​ကို စိတ်နှလုံး​နှင့်တကွ​နာခံ​ကြ​သဖြင့် အပြစ်​၏​လက်​မှ လွတ်မြောက်​ခွင့်​ရ​ပြီး ဖြောင့်မတ်​ခြင်း​၏​ကျွန်​ဖြစ်လာ​ကြ​သောကြောင့် ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ချီးမွမ်း​၏။