YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 6:1-5

ရောမ 6:1-5 Judson Bible (JBMLE)

ထို​သို့​မှန်​လျှင်၊ အ​ဘယ်​သို့​ပြော​ရ​မည်​နည်း။ ကျေး​ဇူး​တော်​ပွား​များ​စေ​ခြင်း​ငှာ အ​ပြစ်​တ​ရား​ကို ကျင့်၍ နေ​ရ​မည်​လော။- ထို​သို့​မ​နေ​ရ။ အ​ပြစ်​တ​ရား​မှ စု​တေသော​သူ​တို့​သည် ထို​တ​ရား၌ အ​ဘယ်​သို့ ရှင်​ရ​ဦး​မည်​နည်း။- ယေ​ရှု​ခ​ရစ်၌ ဗ​တ္တိ​ဇံ​ကို​ခံ​သော​သူ​ရှိ​သ​မျှ​တို့​သည် အ​သေ​ခံ​တော်​မူ​ခြင်း၌ ဗ​တ္တိ​ဇံ​ကို​ခံ​ကြ​သည်​ဟု သင်​တို့ မ​သိ​သ​လော။- ထို​ကြောင့်၊ အ​သေ​ခံ​တော်​မူ​ခြင်း၌ ဗ​တ္တိ​ဇံ​ကို ခံ​သော​အား​ဖြင့်၊ ထို​သ​ခင်​နှင့်​အ​တူ သင်္ဂြိုဟ်​ခြင်း​ကို ခံ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​သည် ခ​မည်း​တော်၏ ဘုန်း​တန်​ခိုး​အား​ဖြင့် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​သည်​နည်း​တူ၊ ငါ​တို့​သည်​လည်း အ​သစ်​သော​အ​သက်၌ ကျင်​လည်​ရ​ကြ​သ​တည်း။- တစ်​နည်း​ကား၊ အ​သေ​ခံ​တော်​မူ​ခြင်း၏ ပုံ​သ​ဏ္ဌာန်​ကို​ဆောင်၍၊ ထို​သ​ခင်​နှင့်​အ​တူ ငါ​တို့​သည် စိုက်​ပျိုး​လျက်​ရှိ​သည်​မှန်​လျှင်၊ ထ​မြောက်​တော်​မူ​ခြင်း၏ ပုံ​သ​ဏ္ဌာန်​ကို​ဆောင်၍ စိုက်​ပျိုး​လျက်​ရှိ​ကြ​လိမ့်​မည်။

ရောမ 6:1-5 Common Language Bible (BCL)

သို့​ဖြစ်​လျှင်​အ​ဘယ်​သို့​ဆို​ရ​မည်​နည်း။ ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ပို​မို​ခံ​စား​ရ​စေ ရန် အ​ပြစ်​ထဲ​၌​ဆက်​လက်​၍​ကျင်​လည်​ရ​မည် လော။- ထို​သို့​မ​ဆို​လို​ပါ။ အ​ပြစ်​ဒု​စ​ရိုက်​နှင့်​လုံး​ဝ အ​ဆက်​ဖြတ်​ပြီး​သော ငါ​တို့​သည်​အ​ဘယ် ကြောင့်​အ​ပြစ်​ထဲ​၌​ပြန်​၍​ကျင်​လည်​ရ​ကြ ပါ​မည်​နည်း။- ငါ​တို့​သည်​ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​ရန်​ဗတ္တိ​ဇံ​မင်္ဂလာ​ခံ​ကြ​သော အ​ခါ တစ်​ချိန်​တည်း​မှာ​ပင်​ကိုယ်​တော်​နှင့်​အ​တူ အ​သေ​ခံ​ကြ​ကြောင်း​ကို​သင်​တို့​အ​မှန်​ပင် သိ​ကြ​၏။- သို့​ဖြစ်​၍​ငါ​တို့​သည်​ဗတ္တိ​ဇံ​အား​ဖြင့်​ခ​ရစ်​တော် နှင့်​အ​တူ မြှုပ်​နှံ​ခြင်း​ကို​ခံ​သ​ဖြင့်​ကိုယ်​တော် နှင့်​အ​တူ​အ​သေ​ခံ​ကြ​၏။ ကိုယ်​တော်​နှင့်​အ​တူ အ​သေ​ခံ​ရ​သည့်​အ​ကြောင်း​မှာ​ခ​မည်း​တော် သည်​ဘုန်း​တန်​ခိုး​တော်​အား​ဖြင့် ကိုယ်​တော်​အား သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ​သည် နည်း​တူ​ငါ​တို့​အား​လည်း​ဘ​ဝ​သစ်​၌​ကျင် လည်​ရ​ကြ​စေ​ရန်​ဖြစ်​သ​တည်း။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​လျက်​သေ​ကြ​ပါ​မူ ကိုယ်​တော် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​သ​ကဲ့​သို့ ငါ​တို့​သည်​ကိုယ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​လျက် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​ကြ မည်​ဖြစ်​သော​ကြောင့်​တည်း။

ရောမ 6:1-5 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့ဖြစ်လျှင် မည်သို့​ဆို​ရ​မည်နည်း။ ကျေးဇူး​တော်​များပြား​စေရန် ငါ​တို့​သည် အပြစ်​ထဲ၌​ဆက်၍​တည်​ရ​မည်လော။ လုံးဝ​မ​တည်​ရ။ အပြစ်​အရာ​၌ သေဆုံး​သော​ငါ​တို့​သည် ၎င်း​တွင် မည်သို့​အသက်ရှင်​နိုင်​ဦး​မည်နည်း။ သို့မဟုတ် ခရစ်တော်​ယေရှု​၌ ဗတ္တိဇံ​ခံ​ခဲ့​သော​ငါ​တို့​သည် ကိုယ်တော်​၏​အသေခံ​တော်မူ​ခြင်း​၌ ဗတ္တိဇံ​ခံ​ခဲ့​ကြောင်း သင်​တို့​မ​သိ​ကြ​သလော။ ထိုသို့ ငါ​တို့​သည် အသေခံ​တော်မူ​ခြင်း​၌ ဗတ္တိဇံ​ခံ​သော​အားဖြင့် ကိုယ်တော်​နှင့်အတူ​သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ကြ​၏။ ဤသည်ကား ခရစ်တော်​သည် ခမည်းတော်​၏​ဘုန်း​အသရေ​တော်​အားဖြင့် သေ​သော​သူ​တို့​ထဲမှ ထမြောက်​တော်မူ​သည့်​နည်းတူ ငါ​တို့​သည်​လည်း အသက်တာ​သစ်​၌ အသက်ရှင်​လျှောက်လှမ်း​ကြ​ရန်​ဖြစ်​၏။ အကြောင်းမူကား ငါ​တို့​သည် ခရစ်တော်​၏​အသေခံ​တော်မူ​ခြင်း​နှင့်​တူညီ​သော​သဏ္ဌာန်​၌ ကိုယ်တော်​နှင့်အတူ​ပေါင်းစည်း​ကြ​သည်​ဆိုလျှင် ကိုယ်တော်​၏​ရှင်ပြန်​ထမြောက်​ခြင်း​သဏ္ဌာန်​ကို​လည်း ဧကန်​အမှန်​ဆောင်​ကြ​လိမ့်မည်။