YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 6:1-11

ရောမ 6:1-11 Judson Bible (JBMLE)

ထို​သို့​မှန်​လျှင်၊ အ​ဘယ်​သို့​ပြော​ရ​မည်​နည်း။ ကျေး​ဇူး​တော်​ပွား​များ​စေ​ခြင်း​ငှာ အ​ပြစ်​တ​ရား​ကို ကျင့်၍ နေ​ရ​မည်​လော။- ထို​သို့​မ​နေ​ရ။ အ​ပြစ်​တ​ရား​မှ စု​တေသော​သူ​တို့​သည် ထို​တ​ရား၌ အ​ဘယ်​သို့ ရှင်​ရ​ဦး​မည်​နည်း။- ယေ​ရှု​ခ​ရစ်၌ ဗ​တ္တိ​ဇံ​ကို​ခံ​သော​သူ​ရှိ​သ​မျှ​တို့​သည် အ​သေ​ခံ​တော်​မူ​ခြင်း၌ ဗ​တ္တိ​ဇံ​ကို​ခံ​ကြ​သည်​ဟု သင်​တို့ မ​သိ​သ​လော။- ထို​ကြောင့်၊ အ​သေ​ခံ​တော်​မူ​ခြင်း၌ ဗ​တ္တိ​ဇံ​ကို ခံ​သော​အား​ဖြင့်၊ ထို​သ​ခင်​နှင့်​အ​တူ သင်္ဂြိုဟ်​ခြင်း​ကို ခံ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​သည် ခ​မည်း​တော်၏ ဘုန်း​တန်​ခိုး​အား​ဖြင့် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​သည်​နည်း​တူ၊ ငါ​တို့​သည်​လည်း အ​သစ်​သော​အ​သက်၌ ကျင်​လည်​ရ​ကြ​သ​တည်း။- တစ်​နည်း​ကား၊ အ​သေ​ခံ​တော်​မူ​ခြင်း၏ ပုံ​သ​ဏ္ဌာန်​ကို​ဆောင်၍၊ ထို​သ​ခင်​နှင့်​အ​တူ ငါ​တို့​သည် စိုက်​ပျိုး​လျက်​ရှိ​သည်​မှန်​လျှင်၊ ထ​မြောက်​တော်​မူ​ခြင်း၏ ပုံ​သ​ဏ္ဌာန်​ကို​ဆောင်၍ စိုက်​ပျိုး​လျက်​ရှိ​ကြ​လိမ့်​မည်။- ထို​မှ​တစ်​ပါး၊ ငါ​တို့၏​လူ​ဟောင်း​သည် ထို​သ​ခင်​နှင့်​အ​တူ လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​သတ်​ခြင်း​ကို​ခံ​ပြီ​ဟု ငါ​တို့​သိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် နောက်​မှ အ​ပြစ်​တ​ရား၏​အ​စေ​ကို မ​ခံ​စေ​ခြင်း​ငှာ၊ အ​ပြစ်​တ​ရား၏​ကိုယ်​ကို ဖျက်​ဆီး​မည်​အ​ကြောင်း​တည်း။- သေ​သော​သူ​သည် အ​ပြစ်​တ​ရား၏​လက်​မှ လွတ်​လျက်​ရှိ၏။- ခ​ရစ်​တော်​သည် သေ​ခြင်း​မှ​ထ​မြောက်​သော​အ​ခါ၊ သေ​ခြင်း​နှင့် အ​စဉ်​ကင်း​လွတ်​တော်​မူ၏။- သေ​ခြင်း​တ​ရား​သည် နောက်​တစ်​ဖန် ကိုယ်​တော်​ကို မ​အုပ်​စိုး​ရ​သည်​ကို ထောက်​သော်၊ ငါ​တို့​သည် ခ​ရစ်​တော်​နှင့် အ​တူ​သေ​လျှင်၊ ထို​သ​ခင်​နှင့် အ​တူ ရှင်​လိမ့်​မည်​ဟု သ​ဘော​ရှိ​ကြ၏။- ခ​ရစ်​တော်​သည် အ​သေ​ခံ​တော်​မူ​ရာ​မှာ၊ အ​ပြစ်​တ​ရား​ကြောင့် တစ်​ကြိမ်​သာ​ခံ​တော်​မူ၏။ အ​သက်​ရှင်​တော်​မူ​ရာ​မှာ၊ ဘု​ရား​သ​ခင့်​အ​ဖို့ ရှင်​တော်​မူ၏။- ထို​နည်း​တူ သင်​တို့​သည် အ​ပြစ်​တ​ရား​နှင့် ဆိုင်​သော​အ​ရာ၌​ကား၊ အ​သေ​ဖြစ်​သည်​ဟူ၍​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​နှင့်​ဆိုင်​သော အ​ရာ၌​ကား၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် အ​သက်​ရှင်​သည်​ဟူ၍​လည်း​ကောင်း၊ ကိုယ်​ကို​ကိုယ် ထင်​မှတ်​ကြ​လော့။

ရောမ 6:1-11 Common Language Bible (BCL)

သို့​ဖြစ်​လျှင်​အ​ဘယ်​သို့​ဆို​ရ​မည်​နည်း။ ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ပို​မို​ခံ​စား​ရ​စေ ရန် အ​ပြစ်​ထဲ​၌​ဆက်​လက်​၍​ကျင်​လည်​ရ​မည် လော။- ထို​သို့​မ​ဆို​လို​ပါ။ အ​ပြစ်​ဒု​စ​ရိုက်​နှင့်​လုံး​ဝ အ​ဆက်​ဖြတ်​ပြီး​သော ငါ​တို့​သည်​အ​ဘယ် ကြောင့်​အ​ပြစ်​ထဲ​၌​ပြန်​၍​ကျင်​လည်​ရ​ကြ ပါ​မည်​နည်း။- ငါ​တို့​သည်​ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​ရန်​ဗတ္တိ​ဇံ​မင်္ဂလာ​ခံ​ကြ​သော အ​ခါ တစ်​ချိန်​တည်း​မှာ​ပင်​ကိုယ်​တော်​နှင့်​အ​တူ အ​သေ​ခံ​ကြ​ကြောင်း​ကို​သင်​တို့​အ​မှန်​ပင် သိ​ကြ​၏။- သို့​ဖြစ်​၍​ငါ​တို့​သည်​ဗတ္တိ​ဇံ​အား​ဖြင့်​ခ​ရစ်​တော် နှင့်​အ​တူ မြှုပ်​နှံ​ခြင်း​ကို​ခံ​သ​ဖြင့်​ကိုယ်​တော် နှင့်​အ​တူ​အ​သေ​ခံ​ကြ​၏။ ကိုယ်​တော်​နှင့်​အ​တူ အ​သေ​ခံ​ရ​သည့်​အ​ကြောင်း​မှာ​ခ​မည်း​တော် သည်​ဘုန်း​တန်​ခိုး​တော်​အား​ဖြင့် ကိုယ်​တော်​အား သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ​သည် နည်း​တူ​ငါ​တို့​အား​လည်း​ဘ​ဝ​သစ်​၌​ကျင် လည်​ရ​ကြ​စေ​ရန်​ဖြစ်​သ​တည်း။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​လျက်​သေ​ကြ​ပါ​မူ ကိုယ်​တော် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​သ​ကဲ့​သို့ ငါ​တို့​သည်​ကိုယ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​လျက် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​ကြ မည်​ဖြစ်​သော​ကြောင့်​တည်း။- ငါ​တို့​၏​ဇာ​တိ​စိတ်​ဟောင်း​ကို​ခရစ်​တော်​နှင့် အ​တူ လက်​ဝါး​ကပ်​တိုင်​တွင်​အ​သေ​သတ်​ခြင်း ခံ​စေ​ခဲ့​၏။ ဤ​သို့​အ​သေ​သတ်​ခြင်း​ခံ​စေ​ရ ခြင်း​မှာ​အ​ပြစ်​နှင့်​ပြည့်​ဝ​သည့်​ဇာ​တိ​စိတ် ကို​ဖျက်​ဆီး​ခြင်း​အား​ဖြင့် ငါ​တို့​သည်​အ​ပြစ် ၏​ကျွန်​ဘ​ဝ​မှ​လွတ်​မြောက်​ကြ​စေ​ရန်​ပင် ဖြစ်​ကြောင်း​ငါ​တို့​သိ​ကြ​၏။- ခ​ရစ်​တော်​နှင့်​အ​တူ​သေ​သော​သူ​သည်​အ​ပြစ် တ​ရား​၏​လက်​အောက်​ခံ​မ​ဟုတ်​တော့​ပေ။- ငါ​တို့​သည်​ခ​ရစ်​တော်​နှင့်​အ​တူ​သေ​ကြ​ပြီ ဖြစ်​၍​ကိုယ်​တော်​နှင့်​အ​တူ​အ​သက်​ရှင်​ရ ကြ​မည်​ကို​ယုံ​ကြည်​ကြ​၏။- ခ​ရစ်​တော်​သည်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် တော်​မူ​သ​ဖြင့် နောင်​အ​စဉ်​သေ​ခြင်း​တ​ရား​နှင့် ကင်း​လွတ်​တော်​မူ​ကြောင်း​ကို​ငါ​တို့​သိ​ကြ​၏။ သေ​ခြင်း​တ​ရား​သည်​ကိုယ်​တော်​ကို​အ​စိုး​မ​ရ တော့​ပေ။- သို့​ဖြစ်​၍​ကိုယ်​တော်​အ​သေ​ခံ​တော်​မူ​သော ကြောင့်​အ​ပြစ်​တ​ရား​သည်​ကိုယ်​တော်​ကို​အ​စိုး မ​ရ​တော့​ချေ။ ယ​ခု​ကိုယ်​တော်​သည်​ဘု​ရား သ​ခင်​နှင့်​မိတ်​သ​ဟာ​ယ​ဖွဲ့​လျက်​အ​သက် ရှင်​တော်​မူ​၏။- ထို​နည်း​တူ​သင်​တို့​သည်​လည်း​အ​ပြစ်​တ​ရား နှင့်​လုံး​ဝ​အ​ဆက်​ပြတ်​၍​ခ​ရစ်​တော်​ယေ​ရှု အား​ဖြင့် ဘု​ရား​သ​ခင်​နှင့်​မိတ်​သ​ဟာ​ယ​ဖွဲ့ လျက်​ရှိ​နေ​သည်​ဟု​မှတ်​ယူ​ရ​ကြ​မည်။

ရောမ 6:1-11 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့ဖြစ်လျှင် မည်သို့​ဆို​ရ​မည်နည်း။ ကျေးဇူး​တော်​များပြား​စေရန် ငါ​တို့​သည် အပြစ်​ထဲ၌​ဆက်၍​တည်​ရ​မည်လော။ လုံးဝ​မ​တည်​ရ။ အပြစ်​အရာ​၌ သေဆုံး​သော​ငါ​တို့​သည် ၎င်း​တွင် မည်သို့​အသက်ရှင်​နိုင်​ဦး​မည်နည်း။ သို့မဟုတ် ခရစ်တော်​ယေရှု​၌ ဗတ္တိဇံ​ခံ​ခဲ့​သော​ငါ​တို့​သည် ကိုယ်တော်​၏​အသေခံ​တော်မူ​ခြင်း​၌ ဗတ္တိဇံ​ခံ​ခဲ့​ကြောင်း သင်​တို့​မ​သိ​ကြ​သလော။ ထိုသို့ ငါ​တို့​သည် အသေခံ​တော်မူ​ခြင်း​၌ ဗတ္တိဇံ​ခံ​သော​အားဖြင့် ကိုယ်တော်​နှင့်အတူ​သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ကြ​၏။ ဤသည်ကား ခရစ်တော်​သည် ခမည်းတော်​၏​ဘုန်း​အသရေ​တော်​အားဖြင့် သေ​သော​သူ​တို့​ထဲမှ ထမြောက်​တော်မူ​သည့်​နည်းတူ ငါ​တို့​သည်​လည်း အသက်တာ​သစ်​၌ အသက်ရှင်​လျှောက်လှမ်း​ကြ​ရန်​ဖြစ်​၏။ အကြောင်းမူကား ငါ​တို့​သည် ခရစ်တော်​၏​အသေခံ​တော်မူ​ခြင်း​နှင့်​တူညီ​သော​သဏ္ဌာန်​၌ ကိုယ်တော်​နှင့်အတူ​ပေါင်းစည်း​ကြ​သည်​ဆိုလျှင် ကိုယ်တော်​၏​ရှင်ပြန်​ထမြောက်​ခြင်း​သဏ္ဌာန်​ကို​လည်း ဧကန်​အမှန်​ဆောင်​ကြ​လိမ့်မည်။ ငါ​တို့​၏​လူ​ဟောင်း​သည် ခရစ်တော်​နှင့်အတူ လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ထား​ခြင်း​ခံရ​သည်မှာ အပြစ်​နှင့်ဆိုင်သော​ကိုယ်ခန္ဓာ​သည် ဖျက်ဆီး​ခြင်း​ခံရ​လျက် ငါ​တို့​သည် နောက်ထပ် အပြစ်​ထံ၌ ကျွန်​မ​ခံရ​ရန်​အတွက်​ဖြစ်​ကြောင်း ငါ​တို့​သိ​ကြ​၏။ အဘယ်ကြောင့်​ဆိုသော် သေလွန်​သော​သူ​သည် အပြစ်​၏​လက်​မှ လွတ်မြောက်​ပြီ​ဖြစ်​၏။ ငါ​တို့​သည် ခရစ်တော်​နှင့်အတူ​သေ​လျှင် ကိုယ်တော်​နှင့်အတူ​အသက်ရှင်​မည်​ဟူ၍​လည်း ယုံကြည်​ကြ​၏။ သေ​သော​သူ​တို့​ထဲမှ ထမြောက်​တော်မူ​သော​ခရစ်တော်​သည် နောက်တစ်ဖန်​သေ​တော့မည်​မ​ဟုတ်​ကြောင်း ငါ​တို့​သိ​ကြ​၏။ သေ​ခြင်း​သည် ကိုယ်တော်​ကို အစိုးတရ​ပြု​တော့မည်​မ​ဟုတ်။ အကြောင်းမူကား ခရစ်တော်​အသေခံ​တော်မူ​သည်​မှာ အပြစ်​အရာ​၌ တစ်ကြိမ်တည်း​နှင့်အပြီး​အသေခံ​တော်မူ​သည်​ဖြစ်၍ ယခု​အသက်ရှင်​တော်မူ​သည်​မှာ ဘုရားသခင်​၌ အသက်ရှင်​တော်မူ​၏။ ထိုနည်းတူ သင်​တို့​သည်​လည်း အပြစ်​အရာ​၌ သေ​သော​သူ​ဖြစ်​ပြီး ဘုရားသခင်​၌ ခရစ်တော်​ယေရှု​အားဖြင့် အသက်ရှင်​နေ​သည်​ဟု ကိုယ့်ကိုယ်ကိုယ်​မှတ်ယူ​ကြ​လော့။