YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 5:5-10

ရောမ 5:5-10 Judson Bible (JBMLE)

ထို​မျှော်​လင့်​ခြင်း​သည် ရှက်​ကြောက်​စ​ရာ အ​ကြောင်း​နှင့် ကင်း​လွတ်၏။ အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ငါ​တို့​အား ပေး​တော်​မူ​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ဘု​ရား​သ​ခင်၏​မေ​တ္တာ​တော်​ကို ငါ​တို့​စိတ်​နှ​လုံး​ထဲ​သို့ ညွှန်း​လောင်း​တော်​မူ၏။- ငါ​တို့​သည် အ​ကျိုး​နည်း​ရှိ​စဉ်​တွင် အ​ချိန်​တန်​မှ ခ​ရစ်​တော်​သည် မ​တ​ရား​သော​သူ​တို့​အ​တွက်​ကြောင့် အ​သေ​ခံ​တော်​မူ၏။- ဖြောင့်​မတ်​သော​သူ​အ​တွက်​ကြောင့် အ​သေ​ခံ​မည့်​သူ​ရှိ​ခဲ၏။ သူ​တော်​ကောင်း​အ​တွက်​ကြောင့် အ​သေ​ခံ​ဝံ့​သော​သူ ရှိ​ကောင်း​ရှိ​လိမ့်​မည် မှန်​စေ​တော့။- ငါ​တို့​သည် အ​ပြစ်​ရှိ​စဉ်​ပင်၊ ခ​ရစ်​တော်​သည် ငါ​တို့​အ​တွက်​ကြောင့် အ​သေ​ခံ​တော်​မူ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို အ​ဘယ်​မျှ​လောက် ချစ်​တော်​မူ​သည်​ကို ငါ​တို့​အား ထင်​ရှား​စွာ​ပြ​တော်​မူ၏။- သို့​ဖြစ်၍ ယ​ခု​တွင် အ​သွေး​တော်​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​ပြီး​မှ၊ ထို​သ​ခင်​အား​ဖြင့် အ​ပြစ်​င​ရဲ​မှ ကယ်​ချွတ်​တော်​မူ​ခြင်း​သို့ ရောက်​မည်​ဟု​သာ၍ မျှော်​လင့်​စ​ရာ​ရှိ၏။- အ​ကြောင်း​မူ​ကား၊ ရန်​သူ​ဖြစ်​လျက်​ပင် ဘု​ရား​သ​ခင်၏​သား​တော် အ​သေ​ခံ​တော်​မူ​ခြင်း​အား​ဖြင့်၊ ငါ​တို့​သည် ဘု​ရား​သ​ခင်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း ကျေး​ဇူး​တော်​ကို ခံ​ရ​သည်​မှန်​လျှင်၊ မိတ်​သ​ဟာ​ယ​ဖွဲ့​ပြီး​မှ၊ အ​သက်​တော်​အား​ဖြင့် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​မည်​ဟု သာ၍​မျှော်​လင့်​စ​ရာ​ရှိ၏။

ရောမ 5:5-10 Common Language Bible (BCL)

ဤ​မျှော်​လင့်​ခြင်း​သည်​ငါ​တို့​အား​စိတ်​ပျက် စေ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော် ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား​ပေး​သ​နား တော်​မူ​သော​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား ဖြင့် ငါ​တို့​၏​စိတ်​နှ​လုံး​ထဲ​သို့​မေတ္တာ​တော်​ကို သွန်း​လောင်း​တော်​မူ​သော​ကြောင့်​တည်း။ ငါ​တို့​သည်​ခို​ကိုး​ရာ​မဲ့​ဖြစ်​လျက်​ရှိ​နေ​ကြ စဉ် ခ​ရစ်​တော်​သည်​ဘု​ရား​သ​ခင်​သတ်​မှတ်​တော် မူ​ရာ​နေ့​ရက်​ကာ​လ​၌​ဆိုး​ယုတ်​သူ​တို့ အ​တွက်​အ​သေ​ခံ​တော်​မူ​၏။- ဖြောင့်​မတ်​သူ​တစ်​ယောက်​အ​တွက်​အသေ​ခံ​မည့် သူ​ရှိ​ရန်​ခဲ​ယဉ်း​၏။ သူ​တော်​ကောင်း​တစ်​ယောက် အ​တွက်​အ​သေ​ခံ​ဝံ့​သူ​ရှိ​ကောင်း​ရှိ​မည်။- သို့​ရာ​တွင်​ငါ​တို့​သည်​အ​ပြစ်​ကူး​လျက်​ရှိ​နေ ကြ​စဉ်​ပင် ခ​ရစ်​တော်​သည်​ငါ​တို့​အ​တွက်​အ​သေ ခံ​တော်​မူ​၏။ ဤ​နည်း​အား​ဖြင့်​ဘု​ရား​သ​ခင်​သည် ငါ​တို့​အား​အ​ဘယ်​မျှ​ချစ်​တော်​မူ​ကြောင်း​ကို ထင်​ရှား​စွာ​ပြ​တော်​မူ​၏။- ခ​ရစ်​တော်​အ​သေ​ခံ​တော်​မူ​ခြင်း​အား​ဖြင့် ငါ တို့​သည်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ ခွင့်​ကို​ရ​ရှိ​သည်​ဖြစ်​ရာ အ​မျက်​တော်​မှ​ခ​ရစ် တော်​အား​ဖြင့်​ပို​၍​ကယ်​တင်​ခြင်း​ကို​ရ​ရှိ​ကြ လိမ့်​မည်။- ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​ရန်​သူ​ဖြစ်​ကြ သော်​လည်း​ကိုယ်​တော်​သည် သား​တော်​ကို​အ​သေ​ခံ စေ​တော်​မူ​ခြင်း​အား​ဖြင့်​ငါ​တို့​အား​မိတ်​ဆွေ ဖြစ်​စေ​တော်​မူ​၏။ ယ​ခု​ငါ​တို့​သည်​ဘု​ရား​သ​ခင် ၏​မိတ်​ဆွေ​ဖြစ်​လာ​ကြ​ပြီ​ဖြစ်​ရာ ခ​ရစ်​တော် အ​သက်​ရှင်​တော်​မူ​ခြင်း​အား​ဖြင့်​ကယ်​တင်​ခြင်း ကို​ပို​၍​ခံ​ရ​ကြ​လိမ့်​မည်။

ရောမ 5:5-10 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို​မျှော်လင့်​ခြင်း​သည်​လည်း ငါ​တို့​ကို​အရှက်ရ​စေ​မည်​မ​ဟုတ်။ အကြောင်းမူကား ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​တော်​သည် ငါ​တို့​ကို​ပေး​တော်မူ​သော​သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့် ငါ​တို့​၏​စိတ်နှလုံး​ထဲ၌ သွန်းလောင်း​ခြင်း​ခံရ​ပြီ​ဖြစ်​၏။ ငါ​တို့​အားနည်း​လျက်​ရှိ​နေ​ကြ​စဉ် ခရစ်တော်​သည် အချိန်တန်​သည်​နှင့် ဘုရား​တရား​မဲ့​သော​သူ​များ​အတွက် အသေခံ​တော်မူ​၏။ အကြောင်းမှာ ဖြောင့်မတ်​သော​သူ​အတွက် အသေခံ​မည့်​သူ​ရှိ​ခဲ​၏။ သူတော်ကောင်း​အတွက်​ကား အသေခံ​ဝံ့​သူ​ရှိကောင်းရှိ​လိမ့်မည်။ သို့သော် ငါ​တို့​သည် အပြစ်သား​များ​ဖြစ်​ကြ​စဉ်​ပင် ခရစ်တော်​သည် ငါ​တို့​အတွက် အသေခံ​တော်မူ​ခြင်း​အားဖြင့် ဘုရားသခင်​သည် ငါ​တို့​အပေါ်​ထားရှိ​သော မိမိ​၏​ချစ်​ခြင်း​မေတ္တာ​တော်​ကို ထင်ရှား​စေ​တော်မူ​၏။ သို့ဖြစ်၍ ယခု​အခါ ခရစ်တော်​၏​သွေး​တော်​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​သော​ငါ​တို့​သည် ကိုယ်တော်​အားဖြင့် အမျက်​တော်​မှ ပို၍​ပင် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်။ အကြောင်းမူကား ရန်သူ​ဖြစ်​လျက်​ပင် သား​တော်​၏​အသေခံ​တော်မူ​ခြင်း​အားဖြင့် ဘုရားသခင်​နှင့်​ပြန်လည်​သင့်မြတ်​ခြင်း​အခွင့်​ကို​ရရှိ​ခဲ့​လျှင် ပြန်လည်​သင့်မြတ်​ခြင်း​အခွင့်​ကို​ရရှိ​ပြီး​သော​ငါ​တို့​သည် သား​တော်​၏​အသက်​တော်​အားဖြင့် ပို၍​ပင် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။