YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 5:4-7

ရောမ 5:4-7 Judson Bible (JBMLE)

သည်း​ခံ​ခြင်း​သည်​လည်း သက်​သေ​ထင်​ရှား​ခြင်း​ကို ပြု​စု​တတ်၏။ သက်​သေ​ထင်​ရှား​ခြင်း​သည်​လည်း မျှော်​လင့်​ခြင်း​ကို ပြု​စု​တတ်၏။- ထို​မျှော်​လင့်​ခြင်း​သည် ရှက်​ကြောက်​စ​ရာ အ​ကြောင်း​နှင့် ကင်း​လွတ်၏။ အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ငါ​တို့​အား ပေး​တော်​မူ​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ဘု​ရား​သ​ခင်၏​မေ​တ္တာ​တော်​ကို ငါ​တို့​စိတ်​နှ​လုံး​ထဲ​သို့ ညွှန်း​လောင်း​တော်​မူ၏။- ငါ​တို့​သည် အ​ကျိုး​နည်း​ရှိ​စဉ်​တွင် အ​ချိန်​တန်​မှ ခ​ရစ်​တော်​သည် မ​တ​ရား​သော​သူ​တို့​အ​တွက်​ကြောင့် အ​သေ​ခံ​တော်​မူ၏။- ဖြောင့်​မတ်​သော​သူ​အ​တွက်​ကြောင့် အ​သေ​ခံ​မည့်​သူ​ရှိ​ခဲ၏။ သူ​တော်​ကောင်း​အ​တွက်​ကြောင့် အ​သေ​ခံ​ဝံ့​သော​သူ ရှိ​ကောင်း​ရှိ​လိမ့်​မည် မှန်​စေ​တော့။

ရောမ 5:4-7 Common Language Bible (BCL)

ခံ​နိုင်​ရည်​သည်​ဘု​ရား​သ​ခင်​၏​နှစ်​သက်​မှု​ကို လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​နှစ်​သက်​မှု​သည် မျှော်​လင့်​ခြင်း​ကို​လည်း​ကောင်း ပြု​စု​၍​ပေး တတ်​ကြောင်း​ကို​ငါ​တို့​သိ​ကြ​၏။- ဤ​မျှော်​လင့်​ခြင်း​သည်​ငါ​တို့​အား​စိတ်​ပျက် စေ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော် ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား​ပေး​သ​နား တော်​မူ​သော​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား ဖြင့် ငါ​တို့​၏​စိတ်​နှ​လုံး​ထဲ​သို့​မေတ္တာ​တော်​ကို သွန်း​လောင်း​တော်​မူ​သော​ကြောင့်​တည်း။ ငါ​တို့​သည်​ခို​ကိုး​ရာ​မဲ့​ဖြစ်​လျက်​ရှိ​နေ​ကြ စဉ် ခ​ရစ်​တော်​သည်​ဘု​ရား​သ​ခင်​သတ်​မှတ်​တော် မူ​ရာ​နေ့​ရက်​ကာ​လ​၌​ဆိုး​ယုတ်​သူ​တို့ အ​တွက်​အ​သေ​ခံ​တော်​မူ​၏။- ဖြောင့်​မတ်​သူ​တစ်​ယောက်​အ​တွက်​အသေ​ခံ​မည့် သူ​ရှိ​ရန်​ခဲ​ယဉ်း​၏။ သူ​တော်​ကောင်း​တစ်​ယောက် အ​တွက်​အ​သေ​ခံ​ဝံ့​သူ​ရှိ​ကောင်း​ရှိ​မည်။

ရောမ 5:4-7 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သည်းခံ​ခြင်း​သည် ပါရမီ​ရင့်ကျက်​ခြင်း​ကို​လည်းကောင်း၊ ပါရမီ​ရင့်ကျက်​ခြင်း​သည် မျှော်လင့်​ခြင်း​ကို​လည်းကောင်း ဖြစ်ပေါ်​စေ​သည်​ကို ငါ​တို့​သိ​ကြ​၏။ ထို​မျှော်လင့်​ခြင်း​သည်​လည်း ငါ​တို့​ကို​အရှက်ရ​စေ​မည်​မ​ဟုတ်။ အကြောင်းမူကား ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​တော်​သည် ငါ​တို့​ကို​ပေး​တော်မူ​သော​သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့် ငါ​တို့​၏​စိတ်နှလုံး​ထဲ၌ သွန်းလောင်း​ခြင်း​ခံရ​ပြီ​ဖြစ်​၏။ ငါ​တို့​အားနည်း​လျက်​ရှိ​နေ​ကြ​စဉ် ခရစ်တော်​သည် အချိန်တန်​သည်​နှင့် ဘုရား​တရား​မဲ့​သော​သူ​များ​အတွက် အသေခံ​တော်မူ​၏။ အကြောင်းမှာ ဖြောင့်မတ်​သော​သူ​အတွက် အသေခံ​မည့်​သူ​ရှိ​ခဲ​၏။ သူတော်ကောင်း​အတွက်​ကား အသေခံ​ဝံ့​သူ​ရှိကောင်းရှိ​လိမ့်မည်။