YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 5:2-5

ရောမ 5:2-5 Judson Bible (JBMLE)

ထို​ကျေး​ဇူး​တော်​ကို ခံ​စား​ရ​သည်​အ​ကြောင်း​မှာ ယုံ​ကြည်​ခြင်း​ရှိ၍၊ ထို​သ​ခင်​အား​ဖြင့်​သာ ခံ​စား​သော​အ​ခွင့်​ကို ရ​ကြ၏။ သို့​ဖြစ်၍ ဘု​ရား​သ​ခင်၏​ဘုန်း​တော်​ကို မျှော်​လင့်၍ ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း ရှိ​ကြ၏။- ထို​မျှ​မ​က၊ ဒု​က္ခ​ဆင်း​ရဲ​ခြင်း​ကို​ခံ၍ ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ဒု​က္ခ​ဆင်း​ရဲ​ခြင်း​သည် သည်း​ခံ​ခြင်း​ကို ပြု​စု​တတ်၏။- သည်း​ခံ​ခြင်း​သည်​လည်း သက်​သေ​ထင်​ရှား​ခြင်း​ကို ပြု​စု​တတ်၏။ သက်​သေ​ထင်​ရှား​ခြင်း​သည်​လည်း မျှော်​လင့်​ခြင်း​ကို ပြု​စု​တတ်၏။- ထို​မျှော်​လင့်​ခြင်း​သည် ရှက်​ကြောက်​စ​ရာ အ​ကြောင်း​နှင့် ကင်း​လွတ်၏။ အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ငါ​တို့​အား ပေး​တော်​မူ​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ဘု​ရား​သ​ခင်၏​မေ​တ္တာ​တော်​ကို ငါ​တို့​စိတ်​နှ​လုံး​ထဲ​သို့ ညွှန်း​လောင်း​တော်​မူ၏။

ရောမ 5:2-5 Common Language Bible (BCL)

ထို​အ​ရှင်​သည်​ငါ​တို့​အား​ယုံ​ကြည်​ခြင်း​ကြောင့် ဤ​ကဲ့​သို့​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ခံ စား​စေ​တော်​မူ​၏။ ထို​ကျေး​ဇူး​တော်​ကို​ယ​ခု​ငါ တို့​ခံ​စား​လျက်​ရှိ​ကြ​၏။ သို့​ဖြစ်​၍​ငါ​တို့​သည် ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ခံ​စား ရန်​မျှော်​လင့်​ခြင်း​အ​တွက်​ဝါ​ကြွား​ဝမ်း​မြောက် ကြ​၏။- ဆင်း​ရဲ​ဒုက္ခ​များ​အ​တွက်​လည်း​ငါ​တို့​ဝါ​ကြွား ဝမ်း​မြောက်​ကြ​ပေ​သည်။ ဆင်း​ရဲ​ဒုက္ခ​သည်​ခံ​နိုင် ရည်​ကို​လည်း​ကောင်း၊- ခံ​နိုင်​ရည်​သည်​ဘု​ရား​သ​ခင်​၏​နှစ်​သက်​မှု​ကို လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​နှစ်​သက်​မှု​သည် မျှော်​လင့်​ခြင်း​ကို​လည်း​ကောင်း ပြု​စု​၍​ပေး တတ်​ကြောင်း​ကို​ငါ​တို့​သိ​ကြ​၏။- ဤ​မျှော်​လင့်​ခြင်း​သည်​ငါ​တို့​အား​စိတ်​ပျက် စေ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော် ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား​ပေး​သ​နား တော်​မူ​သော​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား ဖြင့် ငါ​တို့​၏​စိတ်​နှ​လုံး​ထဲ​သို့​မေတ္တာ​တော်​ကို သွန်း​လောင်း​တော်​မူ​သော​ကြောင့်​တည်း။

ရောမ 5:2-5 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယခု ငါတို့​ရပ်တည်​နေ​သော ဤ​ကျေးဇူး​တော်​ထဲသို့ ယုံကြည်​ခြင်း​ကြောင့် ခရစ်တော်​အားဖြင့် တိုးဝင်​ခွင့်​ကို​လည်း ငါ​တို့​ရရှိ​ကြ​သည်​ဖြစ်၍ ဘုရားသခင်​၏​ဘုန်း​အသရေ​တော်​နှင့်ဆိုင်သော​မျှော်လင့်​ခြင်း​၌ ဂုဏ်ယူ​ဝမ်းမြောက်​ကြ​၏။ ထိုမျှမက ဆင်းရဲ​ဒုက္ခ​များ​၌​လည်း ဂုဏ်ယူ​ဝမ်းမြောက်​ကြ​၏။ အကြောင်းမူကား ဆင်းရဲ​ဒုက္ခ​သည် သည်းခံ​ခြင်း​ကို​လည်းကောင်း၊ သည်းခံ​ခြင်း​သည် ပါရမီ​ရင့်ကျက်​ခြင်း​ကို​လည်းကောင်း၊ ပါရမီ​ရင့်ကျက်​ခြင်း​သည် မျှော်လင့်​ခြင်း​ကို​လည်းကောင်း ဖြစ်ပေါ်​စေ​သည်​ကို ငါ​တို့​သိ​ကြ​၏။ ထို​မျှော်လင့်​ခြင်း​သည်​လည်း ငါ​တို့​ကို​အရှက်ရ​စေ​မည်​မ​ဟုတ်။ အကြောင်းမူကား ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​တော်​သည် ငါ​တို့​ကို​ပေး​တော်မူ​သော​သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့် ငါ​တို့​၏​စိတ်နှလုံး​ထဲ၌ သွန်းလောင်း​ခြင်း​ခံရ​ပြီ​ဖြစ်​၏။