YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 5:15-17

ရောမ 5:15-17 Judson Bible (JBMLE)

သို့​သော်​လည်း၊ ပြစ်​မှား​ခြင်း​သ​ဘော​နှင့် ကျေး​ဇူး​တော်​သ​ဘော မ​တူ။ အ​ကြောင်း​မူ​ကား၊ လူ​တစ်​ယောက်​သည် ပြစ်​မှား​သော​အား​ဖြင့်၊ လူ​များ​တို့​သည် သေ​ခြင်း​သို့ ရောက်​ကြ၏။ တစ်​ယောက်​သော​သူ​တည်း​ဟူ​သော ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​နှင့် ကျေး​ဇူး​တော်၏​အ​ကျိုး​သည် လူ​များ​တို့၌​သာ၍ ကြွယ်​ဝ​ပြည့်​စုံ၏။- ထို​မှ​တစ်​ပါး၊ လူ​တစ်​ယောက်​ပြစ်​မှား​သော​အ​ရာ​နှင့် ကျေး​ဇူး​တော်​အ​ရာ မ​တူ။ အ​ကြောင်း​မူ​ကား၊ တ​ရား​စီ​ရင်​သော​အ​ရာ​မှာ၊ အ​ပြစ်​တစ်​ခု​ကြောင့် ဒဏ်​ခံ​စေ​ဟု စီ​ရင်၏။ ကျေး​ဇူး​တော်​အ​ရာ​မှာ၊ အ​ပြစ်​များ​လျက်​ပင် လွှတ်​စေ​ဟု​စီ​ရင်၏။- ထို​မှ​တစ်​ပါး၊ လူ​တစ်​ယောက်​သည် ပြစ်​မှား​သော​ကြောင့်၊ ထို​တစ်​ယောက်​သော သူ​အား​ဖြင့် သေ​ခြင်း​တ​ရား​သည် အ​စိုး​ရ၏။ ကျေး​ဇူး​တော်၏ ကြွယ်​ဝ​ခြင်း​ကို​လည်း​ကောင်း၊ ဖြောင့်​မတ်​ရာ​သို့ သွင်း​ပေး​တော်​မူ​ခြင်း​ကို​လည်း​ကောင်း ခံ​ရ​သော​သူ​တို့​သည် တစ်​ယောက်​သော​သူ​တည်း​ဟူ​သော ယေ​ရှု​ခ​ရစ်​အား​ဖြင့် အ​သက်​ရှင်​လျက် သာ၍​စိုး​စံ​ရ​ကြ​လ​တ္တံ့။

ရောမ 5:15-17 Common Language Bible (BCL)

သို့​ရာ​တွင်​သူ​တို့​နှစ်​ဦး​ကွာ​ခြား​၏။ ဘု​ရား​သ​ခင် ၏​အ​ခ​မဲ့​ဆု​ကျေး​ဇူး​တော်​နှင့်​အာ​ဒံ​၏​အ​ပြစ် ကူး​လွန်​ပုံ​မ​တူ​သ​ဖြင့် သူ​တို့​နှစ်​ဦး​ကွာ​ခြား​၏။ တစ်​ဦး​ကူး​လွန်​သည့်​အ​ပြစ်​ကြောင့်​လူ​များ​စွာ သေ​သည်​မှန်​ပါ​က ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​သည်​လည်း​ကောင်း၊ အ​ခြား​တစ်​ဦး​ဖြစ်​သူ ယေ​ရှု​ခ​ရစ်​၏​ကျေး​ဇူး​တော်​အား​ဖြင့်​လူ မြောက်​မြား​စွာ​ရ​ရှိ​ကြ​သည့်​ဆု​ကျေး​ဇူး သည်​လည်း​ကောင်း​ပို​၍​ကြွယ်​ဝ​ပေ​သည်။- ဘု​ရား​သ​ခင်​၏​ဆု​ကျေး​ဇူး​နှင့်​လူ​တစ်​ယောက် ၏​အ​ပြစ်​ကွာ​ခြား​၏။ တစ်​ဦး​အ​ပြစ်​ကူး​သော အ​ခါ​ပြစ်​ဒဏ်​စီ​ရင်​ချက်​ချ​မှတ်​ပါ​က အ​ပြစ်​များ​စွာ​ကူး​ကြ​သော​အ​ခါ မ​ထိုက် မ​တန်​သော်​လည်း​အ​ပြစ်​မ​ရှိ​ဟု​စီ​ရင်​ချက် မှတ်​သ​တည်း။- တစ်​ဦး​ကူး​သည့်​အ​ပြစ်​သည်​သေ​ခြင်း​တ​ရား စိုး​မိုး​မှု​ကို​ဖြစ်​ပေါ်​စေ​ပါ​က အ​ခြား​သူ​တစ်​ဦး ဖြစ်​သူ​ယေ​ရှု​ခ​ရစ်​ပြု​သည့်​အ​မှု​တော်​၏​အ​ကျိုး ဆက်​ကား​အ​ဘယ်​မျှ​ပို​မို​ကြီး​မား​လိမ့်​မည်​နည်း။ ဘု​ရား​သ​ခင်​၏​ကြွယ်​ဝ​သော​ကျေး​ဇူး​တော်​ကို ခံ​စား​၍​ကိုယ်​တော်​နှင့်​လွတ်​လပ်​မှန်​ကန်​စွာ​ဆက် သွယ်​ရ​သူ​အ​ပေါင်း​တို့​သည် ခ​ရစ်​တော်​အား​ဖြင့် အ​သက်​ရှင်​လျက်​စိုး​စံ​ရ​ကြ​လတ္တံ့။

ရောမ 5:15-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့ရာတွင် ဆု​ကျေးဇူး​သည် ကျူးလွန်​သော​အပြစ်​ကဲ့သို့​မ​ဟုတ်​ပေ။ အကြောင်းမူကား တစ်​ယောက်​သော​သူ​ကျူးလွန်​သည့်​အပြစ်​ကြောင့် များစွာ​သော​သူ​တို့​သည် သေ​ခဲ့​လျှင် ဘုရားသခင်​၏​ကျေးဇူး​တော်​နှင့် ယေရှု​ခရစ်တော်​တည်းဟူသော တစ်​ယောက်​သော​သူ​၏​ကျေးဇူး​တော်​အားဖြင့် သက်ရောက်​သော​ကောင်းချီး​လက်ဆောင်​သည် များစွာ​သော​လူ​တို့​၌ ပို၍​ပင် ကြွယ်ဝ​ပြည့်စုံ​မည်​ဖြစ်​၏။ ထို့ပြင် ဆု​ကျေးဇူး​သည် တစ်​ယောက်​သော​သူ​က အပြစ်​ပြု​သောကြောင့် ဖြစ်​လာ​သည့်​အရာ​ကဲ့သို့​မ​ဟုတ်​ပေ။ အကြောင်းမူကား ကျူးလွန်​သော​အပြစ်​တစ်​ခု​ကြောင့်​ဖြစ်လာ​သည့် တရား​စီရင်​ခြင်း​သည် ပြစ်ဒဏ်​စီရင်​ခြင်း​သို့​ရောက်​စေ​၏။ သို့သော် ကျူးလွန်​သော​အပြစ်​များစွာ​ကြောင့်​ဖြစ်လာ​သည့် ဆု​ကျေးဇူး​မူကား ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​သို့​ရောက်​စေ​၏။ အကြောင်းမူကား တစ်​ယောက်​သော​သူ​ကျူးလွန်​သည့်​အပြစ်​ကြောင့် သေ​ခြင်း​သည် ထို​သူ​တစ်​ယောက်​အားဖြင့် စိုးမိုး​ခဲ့​လျှင် ကျေးဇူး​တော်​နှင့်​ဖြောင့်မတ်​ခြင်း​၏​ကောင်းချီး​လက်ဆောင်​ကို ကြွယ်ဝ​စွာ​ခံစားရ​သော​သူ​တို့​သည် တစ်​ယောက်​သော​သူ​တည်းဟူသော ယေရှု​ခရစ်တော်​အားဖြင့် အသက်ရှင်​ခြင်း​၌ ပို၍​ပင် စိုးမိုး​ရ​ကြ​လိမ့်မည်။