YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 5:12-14

ရောမ 5:12-14 Judson Bible (JBMLE)

ဤ​အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ အ​ပြစ်​တ​ရား​သည် တစ်​ယောက်​သော​သူ​အား​ဖြင့် ဤ​လော​က​သို့​ဝင်၍၊ အ​ပြစ်​တ​ရား​အား​ဖြင့် သေ​ခြင်း​တ​ရား ဝင်​သည်​နှင့်​အ​ညီ၊ လူ​အ​ပေါင်း​တို့​သည် အ​ပြစ်​ရှိ​သော​ကြောင့် သေ​ခြင်း​သို့ ရောက်​ရ​ကြ၏။- ပ​ညတ်​တ​ရား​ကို မ​ထား​မီ​တိုင်​အောင် ဤ​လော​က၌ အ​ပြစ်​ရှိ၏။ အ​ဘယ်​ပ​ညတ်​တ​ရား​မျှ မ​ရှိ​လျှင်၊ အ​ပြစ်​ရှိ​သည်​ဟု မှတ်​စ​ရာ​မ​ရှိ၊- သို့​သော်​လည်း အာ​ဒံ​လက်​ထက်​မှ​စ၍ မော​ရှေ​လက်​ထက်​တိုင်​အောင် သေ​ခြင်း​တ​ရား​သည် အ​စိုး​ရ၏။ အာ​ဒံ​ပြစ်​မှား​သည်​နည်း​တူ မ​ပြစ်​မှား​သော သူ​တို့​ကို​ပင် အ​စိုး​ရ၏။ ထို​အာ​ဒံ​သည် နောက်​လာ​လ​တ္တံ့​သော​သူ၏ ပုံ​ပ​မာ​ဖြစ်​သ​တည်း။

ရောမ 5:12-14 Common Language Bible (BCL)

အ​ပြစ်​တ​ရား​သည်​လူ​တစ်​ယောက်​ကြောင့်​ဤ ကမ္ဘာ​လော​က​သို့​သက်​ရောက်​လာ​၏။ ထို​သူ​၏ အ​ပြစ်​ကြောင့်​သေ​ခြင်း​တ​ရား​ပေါ်​ပေါက်​လာ ရ​၏။ သို့​ဖြစ်​၍​လူ​အ​ပေါင်း​တို့​သည်​အ​ပြစ် ကူး​လွန်​ကြ​သ​ဖြင့်​သေ​ရ​ကြ​ကုန်​၏။- ပ​ညတ်​တ​ရား​မ​ပေါ်​မီ​အ​ခါ​က​လူ​တို့​သည် အ​ပြစ်​ကူး​ခဲ့​ကြ​၏။ သို့​သော်​ထို​စဉ်​အ​ခါ​က တ​ရား​ဥ​ပ​ဒေ​မ​ရှိ​သ​ဖြင့်​လူ​တို့​၏​အ​ပြစ် များ​ကို​မှတ်​သား​ထား​ခြင်း​မ​ရှိ။- သို့​ရာ​တွင်​သေ​ခြင်း​တ​ရား​သည်​အာ​ဒံ​၏​လက် ထက်​မှ​စ​၍​မော​ရှေ​၏​လက်​ထက်​တိုင်​အောင် လူ အ​ပေါင်း​တို့​အား​စိုး​မိုး​ခဲ့​၏။ အာ​ဒံ​ကဲ့​သို့ ဘု​ရား​သ​ခင်​၏​အ​မိန့်​တော်​ကို​ဖီ​ဆန်​ခြင်း​ဖြင့် အ​ပြစ်​မ​ကူး​ခဲ့​သူ​တို့​ကို​ပင်​သေ​ခြင်း​တ​ရား က​စိုး​မိုး​ခဲ့​ပေ​သည်။ အာ​ဒံ​သည်​နောင်​အ​ခါ​ပေါ်​ထွန်း​လတ္တံ့​သော အ​ရှင်​၏​ပုံ​ကို​ဆောင်​ပေ​သည်။

ရောမ 5:12-14 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့ကြောင့် တစ်​ယောက်​သော​သူ​အားဖြင့် အပြစ်​တရား​သည် ဤ​လောက​ထဲသို့​ဝင်​လာ​၍ အပြစ်​တရား​အားဖြင့် သေ​ခြင်း​တရား​ဝင်လာ​သည်​နှင့်အညီ လူ​အပေါင်း​တို့​သည် အပြစ်​ပြု​သဖြင့် လူသား​အားလုံး​အပေါ်၌ သေ​ခြင်း​တရား​သက်ရောက်​ခဲ့​၏။ တစ်နည်းကား ပညတ်​တရား​ကို​မ​ပေး​မီ​က​ပင် အပြစ်​သည် ဤ​လောက​၌​ရှိ​၏။ သို့သော် ပညတ်​တရား​မ​ရှိ​လျှင် အပြစ်​ကို အပြစ်​ဟု မှတ်ယူ​၍​မ​ရ။ မည်သို့ပင်ဖြစ်စေ အာဒံ​လက်ထက်​မှစ၍ မောရှေ​လက်ထက်​တိုင်အောင် သေ​ခြင်း​တရား​သည် အာဒံ​၏​ဖောက်ဖျက်​ကျူးလွန်​မှု​နှင့်​တူညီ​သော​အပြစ်​မျိုး​ကို မ​ပြု​သော​သူ​တို့​ကို​ပင် စိုးမိုး​ခဲ့​၏။ အာဒံ​သည် ကြွလာ​ရန်​ရှိ​သော​သူ​၏​ပုံပမာ​ဖြစ်​၏။