YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 5:1-21

ရောမ 5:1-21 Judson Bible (JBMLE)

ထို​ကြောင့်၊ ငါ​တို့​သည် ယုံ​ကြည်​ခြင်း​ရှိ၍ ဖြောင့်​မတ်​ရာ​သို့​ရောက်​လျှင်၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ငြိမ်​သက်​ခြင်း​ကို ခံ​စား​ကြ၏။- ထို​ကျေး​ဇူး​တော်​ကို ခံ​စား​ရ​သည်​အ​ကြောင်း​မှာ ယုံ​ကြည်​ခြင်း​ရှိ၍၊ ထို​သ​ခင်​အား​ဖြင့်​သာ ခံ​စား​သော​အ​ခွင့်​ကို ရ​ကြ၏။ သို့​ဖြစ်၍ ဘု​ရား​သ​ခင်၏​ဘုန်း​တော်​ကို မျှော်​လင့်၍ ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း ရှိ​ကြ၏။- ထို​မျှ​မ​က၊ ဒု​က္ခ​ဆင်း​ရဲ​ခြင်း​ကို​ခံ၍ ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ဒု​က္ခ​ဆင်း​ရဲ​ခြင်း​သည် သည်း​ခံ​ခြင်း​ကို ပြု​စု​တတ်၏။- သည်း​ခံ​ခြင်း​သည်​လည်း သက်​သေ​ထင်​ရှား​ခြင်း​ကို ပြု​စု​တတ်၏။ သက်​သေ​ထင်​ရှား​ခြင်း​သည်​လည်း မျှော်​လင့်​ခြင်း​ကို ပြု​စု​တတ်၏။- ထို​မျှော်​လင့်​ခြင်း​သည် ရှက်​ကြောက်​စ​ရာ အ​ကြောင်း​နှင့် ကင်း​လွတ်၏။ အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ငါ​တို့​အား ပေး​တော်​မူ​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ဘု​ရား​သ​ခင်၏​မေ​တ္တာ​တော်​ကို ငါ​တို့​စိတ်​နှ​လုံး​ထဲ​သို့ ညွှန်း​လောင်း​တော်​မူ၏။- ငါ​တို့​သည် အ​ကျိုး​နည်း​ရှိ​စဉ်​တွင် အ​ချိန်​တန်​မှ ခ​ရစ်​တော်​သည် မ​တ​ရား​သော​သူ​တို့​အ​တွက်​ကြောင့် အ​သေ​ခံ​တော်​မူ၏။- ဖြောင့်​မတ်​သော​သူ​အ​တွက်​ကြောင့် အ​သေ​ခံ​မည့်​သူ​ရှိ​ခဲ၏။ သူ​တော်​ကောင်း​အ​တွက်​ကြောင့် အ​သေ​ခံ​ဝံ့​သော​သူ ရှိ​ကောင်း​ရှိ​လိမ့်​မည် မှန်​စေ​တော့။- ငါ​တို့​သည် အ​ပြစ်​ရှိ​စဉ်​ပင်၊ ခ​ရစ်​တော်​သည် ငါ​တို့​အ​တွက်​ကြောင့် အ​သေ​ခံ​တော်​မူ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို အ​ဘယ်​မျှ​လောက် ချစ်​တော်​မူ​သည်​ကို ငါ​တို့​အား ထင်​ရှား​စွာ​ပြ​တော်​မူ၏။- သို့​ဖြစ်၍ ယ​ခု​တွင် အ​သွေး​တော်​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​ပြီး​မှ၊ ထို​သ​ခင်​အား​ဖြင့် အ​ပြစ်​င​ရဲ​မှ ကယ်​ချွတ်​တော်​မူ​ခြင်း​သို့ ရောက်​မည်​ဟု​သာ၍ မျှော်​လင့်​စ​ရာ​ရှိ၏။- အ​ကြောင်း​မူ​ကား၊ ရန်​သူ​ဖြစ်​လျက်​ပင် ဘု​ရား​သ​ခင်၏​သား​တော် အ​သေ​ခံ​တော်​မူ​ခြင်း​အား​ဖြင့်၊ ငါ​တို့​သည် ဘု​ရား​သ​ခင်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း ကျေး​ဇူး​တော်​ကို ခံ​ရ​သည်​မှန်​လျှင်၊ မိတ်​သ​ဟာ​ယ​ဖွဲ့​ပြီး​မှ၊ အ​သက်​တော်​အား​ဖြင့် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​မည်​ဟု သာ၍​မျှော်​လင့်​စ​ရာ​ရှိ၏။- ထို​မျှ​မ​က၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ရာ ကျေး​ဇူး​ကို ယ​ခု​ခံ​ပြီး​လျှင်၊ ထို​သ​ခင်​အား​ဖြင့် ဘု​ရား​သ​ခင်၌ ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း ရှိ​ကြ၏။ ဤ​အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ အ​ပြစ်​တ​ရား​သည် တစ်​ယောက်​သော​သူ​အား​ဖြင့် ဤ​လော​က​သို့​ဝင်၍၊ အ​ပြစ်​တ​ရား​အား​ဖြင့် သေ​ခြင်း​တ​ရား ဝင်​သည်​နှင့်​အ​ညီ၊ လူ​အ​ပေါင်း​တို့​သည် အ​ပြစ်​ရှိ​သော​ကြောင့် သေ​ခြင်း​သို့ ရောက်​ရ​ကြ၏။- ပ​ညတ်​တ​ရား​ကို မ​ထား​မီ​တိုင်​အောင် ဤ​လော​က၌ အ​ပြစ်​ရှိ၏။ အ​ဘယ်​ပ​ညတ်​တ​ရား​မျှ မ​ရှိ​လျှင်၊ အ​ပြစ်​ရှိ​သည်​ဟု မှတ်​စ​ရာ​မ​ရှိ၊- သို့​သော်​လည်း အာ​ဒံ​လက်​ထက်​မှ​စ၍ မော​ရှေ​လက်​ထက်​တိုင်​အောင် သေ​ခြင်း​တ​ရား​သည် အ​စိုး​ရ၏။ အာ​ဒံ​ပြစ်​မှား​သည်​နည်း​တူ မ​ပြစ်​မှား​သော သူ​တို့​ကို​ပင် အ​စိုး​ရ၏။ ထို​အာ​ဒံ​သည် နောက်​လာ​လ​တ္တံ့​သော​သူ၏ ပုံ​ပ​မာ​ဖြစ်​သ​တည်း။ သို့​သော်​လည်း၊ ပြစ်​မှား​ခြင်း​သ​ဘော​နှင့် ကျေး​ဇူး​တော်​သ​ဘော မ​တူ။ အ​ကြောင်း​မူ​ကား၊ လူ​တစ်​ယောက်​သည် ပြစ်​မှား​သော​အား​ဖြင့်၊ လူ​များ​တို့​သည် သေ​ခြင်း​သို့ ရောက်​ကြ၏။ တစ်​ယောက်​သော​သူ​တည်း​ဟူ​သော ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​နှင့် ကျေး​ဇူး​တော်၏​အ​ကျိုး​သည် လူ​များ​တို့၌​သာ၍ ကြွယ်​ဝ​ပြည့်​စုံ၏။- ထို​မှ​တစ်​ပါး၊ လူ​တစ်​ယောက်​ပြစ်​မှား​သော​အ​ရာ​နှင့် ကျေး​ဇူး​တော်​အ​ရာ မ​တူ။ အ​ကြောင်း​မူ​ကား၊ တ​ရား​စီ​ရင်​သော​အ​ရာ​မှာ၊ အ​ပြစ်​တစ်​ခု​ကြောင့် ဒဏ်​ခံ​စေ​ဟု စီ​ရင်၏။ ကျေး​ဇူး​တော်​အ​ရာ​မှာ၊ အ​ပြစ်​များ​လျက်​ပင် လွှတ်​စေ​ဟု​စီ​ရင်၏။- ထို​မှ​တစ်​ပါး၊ လူ​တစ်​ယောက်​သည် ပြစ်​မှား​သော​ကြောင့်၊ ထို​တစ်​ယောက်​သော သူ​အား​ဖြင့် သေ​ခြင်း​တ​ရား​သည် အ​စိုး​ရ၏။ ကျေး​ဇူး​တော်၏ ကြွယ်​ဝ​ခြင်း​ကို​လည်း​ကောင်း၊ ဖြောင့်​မတ်​ရာ​သို့ သွင်း​ပေး​တော်​မူ​ခြင်း​ကို​လည်း​ကောင်း ခံ​ရ​သော​သူ​တို့​သည် တစ်​ယောက်​သော​သူ​တည်း​ဟူ​သော ယေ​ရှု​ခ​ရစ်​အား​ဖြင့် အ​သက်​ရှင်​လျက် သာ၍​စိုး​စံ​ရ​ကြ​လ​တ္တံ့။- ထို​ကြောင့်၊ တစ်​ယောက်​သော​သူ၏ ပြစ်​မှား​ခြင်း​အား​ဖြင့်၊ လူ​အ​ပေါင်း​တို့​သည် အ​ပြစ်​စီ​ရင်​ခြင်း​နှင့် တွေ့​ကြုံ​ရ​ကြ​သည်​နည်း​တူ၊ တစ်​ယောက်​သော​သူ၏ ဖြောင့်​မတ်​ခြင်း​အား​ဖြင့်၊ လူ​အ​ပေါင်း​တို့​သည် အ​သက်​နှင့်​ယှဉ်​သော ဖြောင့်​မတ်​ရာ​သို့ ရောက်​ခြင်း​အ​ခွင့်​ကို ရ​ကြ၏။- အ​ကြောင်း​မူ​ကား၊ တစ်​ယောက်​သော​သူ​သည် နား​မ​ထောင်​သော​အား​ဖြင့်၊ လူ​များ​တို့​သည် အ​ပြစ်​ရောက်​သည်​နည်း​တူ၊ တစ်​ယောက်​သော​သူ​သည် နား​ထောင်​သော​အား​ဖြင့်၊ လူ​များ​တို့​သည် ဖြောင့်​မတ်​ရာ​သို့ ရောက်​ရ​ကြ၏။- ထို​မှ​တစ်​ပါး၊ ပ​ညတ်​တ​ရား​သည် တစ်​ဖန်​ဝင်​သ​ဖြင့် ပြစ်​မှား​သော​အ​ပြစ် ပွား​များ၏။ သို့​သော်​လည်း အ​ပြစ်​ပွား​များ​သည်​အ​ရာ​မှာ ကျေး​ဇူး​တော်​သာ၍ ကြွယ်​ဝ၏။- ထို​သို့​ဖြစ်​လျှင်၊ အ​ပြစ်​တ​ရား​သည် သေ​ခြင်း​အား​ဖြင့် အ​စိုး​ရ​သည်​နည်း​တူ၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ် ပြု​စု​တော်​မူ၍ ကျေး​ဇူး​တ​ရား​သည် ထာ​ဝ​ရ​အ​သက်​နှင့်​ယှဉ်​သော ဖြောင့်​မတ်​ရာ​သို့ သွင်း​ခြင်း​အား​ဖြင့် အ​စိုး​ရ​လေ​အံ့​သ​တည်း။

ရောမ 5:1-21 Common Language Bible (BCL)

ငါ​တို့​သည်​ယုံ​ကြည်​ခြင်း​ဖြင့်​ဘု​ရား​သ​ခင် နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​မှု​ရ​ရှိ​ပြီး​ဖြစ်​သော ကြောင့် ငါ​တို့​အ​ရှင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌​ငြိမ်​သက်​ခြင်း​ကို ခံ​စား​ရ​ကြ​၏။- ထို​အ​ရှင်​သည်​ငါ​တို့​အား​ယုံ​ကြည်​ခြင်း​ကြောင့် ဤ​ကဲ့​သို့​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ခံ စား​စေ​တော်​မူ​၏။ ထို​ကျေး​ဇူး​တော်​ကို​ယ​ခု​ငါ တို့​ခံ​စား​လျက်​ရှိ​ကြ​၏။ သို့​ဖြစ်​၍​ငါ​တို့​သည် ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ခံ​စား ရန်​မျှော်​လင့်​ခြင်း​အ​တွက်​ဝါ​ကြွား​ဝမ်း​မြောက် ကြ​၏။- ဆင်း​ရဲ​ဒုက္ခ​များ​အ​တွက်​လည်း​ငါ​တို့​ဝါ​ကြွား ဝမ်း​မြောက်​ကြ​ပေ​သည်။ ဆင်း​ရဲ​ဒုက္ခ​သည်​ခံ​နိုင် ရည်​ကို​လည်း​ကောင်း၊- ခံ​နိုင်​ရည်​သည်​ဘု​ရား​သ​ခင်​၏​နှစ်​သက်​မှု​ကို လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​နှစ်​သက်​မှု​သည် မျှော်​လင့်​ခြင်း​ကို​လည်း​ကောင်း ပြု​စု​၍​ပေး တတ်​ကြောင်း​ကို​ငါ​တို့​သိ​ကြ​၏။- ဤ​မျှော်​လင့်​ခြင်း​သည်​ငါ​တို့​အား​စိတ်​ပျက် စေ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော် ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား​ပေး​သ​နား တော်​မူ​သော​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား ဖြင့် ငါ​တို့​၏​စိတ်​နှ​လုံး​ထဲ​သို့​မေတ္တာ​တော်​ကို သွန်း​လောင်း​တော်​မူ​သော​ကြောင့်​တည်း။ ငါ​တို့​သည်​ခို​ကိုး​ရာ​မဲ့​ဖြစ်​လျက်​ရှိ​နေ​ကြ စဉ် ခ​ရစ်​တော်​သည်​ဘု​ရား​သ​ခင်​သတ်​မှတ်​တော် မူ​ရာ​နေ့​ရက်​ကာ​လ​၌​ဆိုး​ယုတ်​သူ​တို့ အ​တွက်​အ​သေ​ခံ​တော်​မူ​၏။- ဖြောင့်​မတ်​သူ​တစ်​ယောက်​အ​တွက်​အသေ​ခံ​မည့် သူ​ရှိ​ရန်​ခဲ​ယဉ်း​၏။ သူ​တော်​ကောင်း​တစ်​ယောက် အ​တွက်​အ​သေ​ခံ​ဝံ့​သူ​ရှိ​ကောင်း​ရှိ​မည်။- သို့​ရာ​တွင်​ငါ​တို့​သည်​အ​ပြစ်​ကူး​လျက်​ရှိ​နေ ကြ​စဉ်​ပင် ခ​ရစ်​တော်​သည်​ငါ​တို့​အ​တွက်​အ​သေ ခံ​တော်​မူ​၏။ ဤ​နည်း​အား​ဖြင့်​ဘု​ရား​သ​ခင်​သည် ငါ​တို့​အား​အ​ဘယ်​မျှ​ချစ်​တော်​မူ​ကြောင်း​ကို ထင်​ရှား​စွာ​ပြ​တော်​မူ​၏။- ခ​ရစ်​တော်​အ​သေ​ခံ​တော်​မူ​ခြင်း​အား​ဖြင့် ငါ တို့​သည်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ ခွင့်​ကို​ရ​ရှိ​သည်​ဖြစ်​ရာ အ​မျက်​တော်​မှ​ခ​ရစ် တော်​အား​ဖြင့်​ပို​၍​ကယ်​တင်​ခြင်း​ကို​ရ​ရှိ​ကြ လိမ့်​မည်။- ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​ရန်​သူ​ဖြစ်​ကြ သော်​လည်း​ကိုယ်​တော်​သည် သား​တော်​ကို​အ​သေ​ခံ စေ​တော်​မူ​ခြင်း​အား​ဖြင့်​ငါ​တို့​အား​မိတ်​ဆွေ ဖြစ်​စေ​တော်​မူ​၏။ ယ​ခု​ငါ​တို့​သည်​ဘု​ရား​သ​ခင် ၏​မိတ်​ဆွေ​ဖြစ်​လာ​ကြ​ပြီ​ဖြစ်​ရာ ခ​ရစ်​တော် အ​သက်​ရှင်​တော်​မူ​ခြင်း​အား​ဖြင့်​ကယ်​တင်​ခြင်း ကို​ပို​၍​ခံ​ရ​ကြ​လိမ့်​မည်။- ဤ​မျှ​သာ​မ​က၊ ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား ကိုယ်​တော်​၏​မိတ်​ဆွေ​ဖြစ်​စေ​တော်​မူ​သော ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့်​ပြု​တော်​မူ​သော အ​မှု​ကြောင့်​ငါ​တို့​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​၏။ အ​ပြစ်​တ​ရား​သည်​လူ​တစ်​ယောက်​ကြောင့်​ဤ ကမ္ဘာ​လော​က​သို့​သက်​ရောက်​လာ​၏။ ထို​သူ​၏ အ​ပြစ်​ကြောင့်​သေ​ခြင်း​တ​ရား​ပေါ်​ပေါက်​လာ ရ​၏။ သို့​ဖြစ်​၍​လူ​အ​ပေါင်း​တို့​သည်​အ​ပြစ် ကူး​လွန်​ကြ​သ​ဖြင့်​သေ​ရ​ကြ​ကုန်​၏။- ပ​ညတ်​တ​ရား​မ​ပေါ်​မီ​အ​ခါ​က​လူ​တို့​သည် အ​ပြစ်​ကူး​ခဲ့​ကြ​၏။ သို့​သော်​ထို​စဉ်​အ​ခါ​က တ​ရား​ဥ​ပ​ဒေ​မ​ရှိ​သ​ဖြင့်​လူ​တို့​၏​အ​ပြစ် များ​ကို​မှတ်​သား​ထား​ခြင်း​မ​ရှိ။- သို့​ရာ​တွင်​သေ​ခြင်း​တ​ရား​သည်​အာ​ဒံ​၏​လက် ထက်​မှ​စ​၍​မော​ရှေ​၏​လက်​ထက်​တိုင်​အောင် လူ အ​ပေါင်း​တို့​အား​စိုး​မိုး​ခဲ့​၏။ အာ​ဒံ​ကဲ့​သို့ ဘု​ရား​သ​ခင်​၏​အ​မိန့်​တော်​ကို​ဖီ​ဆန်​ခြင်း​ဖြင့် အ​ပြစ်​မ​ကူး​ခဲ့​သူ​တို့​ကို​ပင်​သေ​ခြင်း​တ​ရား က​စိုး​မိုး​ခဲ့​ပေ​သည်။ အာ​ဒံ​သည်​နောင်​အ​ခါ​ပေါ်​ထွန်း​လတ္တံ့​သော အ​ရှင်​၏​ပုံ​ကို​ဆောင်​ပေ​သည်။- သို့​ရာ​တွင်​သူ​တို့​နှစ်​ဦး​ကွာ​ခြား​၏။ ဘု​ရား​သ​ခင် ၏​အ​ခ​မဲ့​ဆု​ကျေး​ဇူး​တော်​နှင့်​အာ​ဒံ​၏​အ​ပြစ် ကူး​လွန်​ပုံ​မ​တူ​သ​ဖြင့် သူ​တို့​နှစ်​ဦး​ကွာ​ခြား​၏။ တစ်​ဦး​ကူး​လွန်​သည့်​အ​ပြစ်​ကြောင့်​လူ​များ​စွာ သေ​သည်​မှန်​ပါ​က ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​သည်​လည်း​ကောင်း၊ အ​ခြား​တစ်​ဦး​ဖြစ်​သူ ယေ​ရှု​ခ​ရစ်​၏​ကျေး​ဇူး​တော်​အား​ဖြင့်​လူ မြောက်​မြား​စွာ​ရ​ရှိ​ကြ​သည့်​ဆု​ကျေး​ဇူး သည်​လည်း​ကောင်း​ပို​၍​ကြွယ်​ဝ​ပေ​သည်။- ဘု​ရား​သ​ခင်​၏​ဆု​ကျေး​ဇူး​နှင့်​လူ​တစ်​ယောက် ၏​အ​ပြစ်​ကွာ​ခြား​၏။ တစ်​ဦး​အ​ပြစ်​ကူး​သော အ​ခါ​ပြစ်​ဒဏ်​စီ​ရင်​ချက်​ချ​မှတ်​ပါ​က အ​ပြစ်​များ​စွာ​ကူး​ကြ​သော​အ​ခါ မ​ထိုက် မ​တန်​သော်​လည်း​အ​ပြစ်​မ​ရှိ​ဟု​စီ​ရင်​ချက် မှတ်​သ​တည်း။- တစ်​ဦး​ကူး​သည့်​အ​ပြစ်​သည်​သေ​ခြင်း​တ​ရား စိုး​မိုး​မှု​ကို​ဖြစ်​ပေါ်​စေ​ပါ​က အ​ခြား​သူ​တစ်​ဦး ဖြစ်​သူ​ယေ​ရှု​ခ​ရစ်​ပြု​သည့်​အ​မှု​တော်​၏​အ​ကျိုး ဆက်​ကား​အ​ဘယ်​မျှ​ပို​မို​ကြီး​မား​လိမ့်​မည်​နည်း။ ဘု​ရား​သ​ခင်​၏​ကြွယ်​ဝ​သော​ကျေး​ဇူး​တော်​ကို ခံ​စား​၍​ကိုယ်​တော်​နှင့်​လွတ်​လပ်​မှန်​ကန်​စွာ​ဆက် သွယ်​ရ​သူ​အ​ပေါင်း​တို့​သည် ခ​ရစ်​တော်​အား​ဖြင့် အ​သက်​ရှင်​လျက်​စိုး​စံ​ရ​ကြ​လတ္တံ့။ သို့​ဖြစ်​၍​တစ်​ဦး​က​အ​ပြစ်​ကို​ပြု​သော​ကြောင့် လူ​သား​အား​လုံး​ပင်​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ ကြ​သည်​နည်း​တူ အ​ခြား​တစ်​ဦး​က​ဖြောင့်​မတ် သော​အ​မှု​ကို​ပြု​သော​ကြောင့်​လူ​သား​အ​ပေါင်း တို့​သည်​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​မှ​လွတ်​မြောက်​၍ အ​သက်​ရှင်​ရ​ကြ​၏။- လူ​တစ်​ဦး​သည်​ဘု​ရား​စ​ကား​ကို​နား​မ​ထောင် သော​အား​ဖြင့်​လူ​အ​ပေါင်း​တို့​အ​ပြစ်​ကူး​သူ များ​ဖြစ်​ရ​ကြ​သည်​နည်း​တူ အ​ခြား​လူ​တစ်​ဦး သည်​ဘု​ရား​စ​ကား​ကို​နာ​ခံ​သော​အား​ဖြင့်​လူ အ​ပေါင်း​တို့​သည်​ဘုရား​သ​ခင်​နှင့်​မှန်​ကန်​စွာ ဆက်​သွယ်​ရ​ကြ​လိမ့်​မည်။ အ​ပြစ်​ဒု​စ​ရိုက်​များ​ပြား​လာ​စေ​ရန်​ပ​ညတ် တ​ရား​ကို​ချ​မှတ်​ခဲ့​၏။ သို့​ရာ​တွင်​အ​ပြစ် ဒု​စ​ရိုက်​များ​ပြား​လာ​သော​အ​ခါ​ကျေး​ဇူး တော်​သည်​ပို​၍​များ​ပြား​လာ​၏။- သို့​ဖြစ်​၍​အ​ပြစ်​တ​ရား​သည်​သေ​ခြင်း​တ​ရား အား​ဖြင့် စိုး​မိုး​ခဲ့​သည်​နည်း​တူ​ငါ​တို့​၏​အ​ရှင် ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့​အား​ထာ​ဝ​ရ​အ​သက် ကို​ရ​စေ​ရန်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​သည် ဖြောင့်​မတ်​ခြင်း​တ​ရား​အား​ဖြင့်​စိုး​မိုး​သ​တည်း။

ရောမ 5:1-21 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့ကြောင့် ယုံကြည်​ခြင်း​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​သော​ငါ​တို့​သည် ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​အားဖြင့် ဘုရားသခင်​နှင့် ငြိမ်းချမ်း​မှု​ကို​ရရှိ​ကြ​၏။ ယခု ငါတို့​ရပ်တည်​နေ​သော ဤ​ကျေးဇူး​တော်​ထဲသို့ ယုံကြည်​ခြင်း​ကြောင့် ခရစ်တော်​အားဖြင့် တိုးဝင်​ခွင့်​ကို​လည်း ငါ​တို့​ရရှိ​ကြ​သည်​ဖြစ်၍ ဘုရားသခင်​၏​ဘုန်း​အသရေ​တော်​နှင့်ဆိုင်သော​မျှော်လင့်​ခြင်း​၌ ဂုဏ်ယူ​ဝမ်းမြောက်​ကြ​၏။ ထိုမျှမက ဆင်းရဲ​ဒုက္ခ​များ​၌​လည်း ဂုဏ်ယူ​ဝမ်းမြောက်​ကြ​၏။ အကြောင်းမူကား ဆင်းရဲ​ဒုက္ခ​သည် သည်းခံ​ခြင်း​ကို​လည်းကောင်း၊ သည်းခံ​ခြင်း​သည် ပါရမီ​ရင့်ကျက်​ခြင်း​ကို​လည်းကောင်း၊ ပါရမီ​ရင့်ကျက်​ခြင်း​သည် မျှော်လင့်​ခြင်း​ကို​လည်းကောင်း ဖြစ်ပေါ်​စေ​သည်​ကို ငါ​တို့​သိ​ကြ​၏။ ထို​မျှော်လင့်​ခြင်း​သည်​လည်း ငါ​တို့​ကို​အရှက်ရ​စေ​မည်​မ​ဟုတ်။ အကြောင်းမူကား ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​တော်​သည် ငါ​တို့​ကို​ပေး​တော်မူ​သော​သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့် ငါ​တို့​၏​စိတ်နှလုံး​ထဲ၌ သွန်းလောင်း​ခြင်း​ခံရ​ပြီ​ဖြစ်​၏။ ငါ​တို့​အားနည်း​လျက်​ရှိ​နေ​ကြ​စဉ် ခရစ်တော်​သည် အချိန်တန်​သည်​နှင့် ဘုရား​တရား​မဲ့​သော​သူ​များ​အတွက် အသေခံ​တော်မူ​၏။ အကြောင်းမှာ ဖြောင့်မတ်​သော​သူ​အတွက် အသေခံ​မည့်​သူ​ရှိ​ခဲ​၏။ သူတော်ကောင်း​အတွက်​ကား အသေခံ​ဝံ့​သူ​ရှိကောင်းရှိ​လိမ့်မည်။ သို့သော် ငါ​တို့​သည် အပြစ်သား​များ​ဖြစ်​ကြ​စဉ်​ပင် ခရစ်တော်​သည် ငါ​တို့​အတွက် အသေခံ​တော်မူ​ခြင်း​အားဖြင့် ဘုရားသခင်​သည် ငါ​တို့​အပေါ်​ထားရှိ​သော မိမိ​၏​ချစ်​ခြင်း​မေတ္တာ​တော်​ကို ထင်ရှား​စေ​တော်မူ​၏။ သို့ဖြစ်၍ ယခု​အခါ ခရစ်တော်​၏​သွေး​တော်​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​သော​ငါ​တို့​သည် ကိုယ်တော်​အားဖြင့် အမျက်​တော်​မှ ပို၍​ပင် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်။ အကြောင်းမူကား ရန်သူ​ဖြစ်​လျက်​ပင် သား​တော်​၏​အသေခံ​တော်မူ​ခြင်း​အားဖြင့် ဘုရားသခင်​နှင့်​ပြန်လည်​သင့်မြတ်​ခြင်း​အခွင့်​ကို​ရရှိ​ခဲ့​လျှင် ပြန်လည်​သင့်မြတ်​ခြင်း​အခွင့်​ကို​ရရှိ​ပြီး​သော​ငါ​တို့​သည် သား​တော်​၏​အသက်​တော်​အားဖြင့် ပို၍​ပင် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်။ ထိုမျှမက ယခု ငါ​တို့​အား ပြန်လည်​သင့်မြတ်​ခြင်း​အခွင့်​ကို​ရရှိ​စေ​သော ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​အားဖြင့် ငါ​တို့​သည် ဘုရားသခင်​၌ ဂုဏ်ယူ​ဝမ်းမြောက်​လျက်​ရှိ​ကြ​၏။ ထို့ကြောင့် တစ်​ယောက်​သော​သူ​အားဖြင့် အပြစ်​တရား​သည် ဤ​လောက​ထဲသို့​ဝင်​လာ​၍ အပြစ်​တရား​အားဖြင့် သေ​ခြင်း​တရား​ဝင်လာ​သည်​နှင့်အညီ လူ​အပေါင်း​တို့​သည် အပြစ်​ပြု​သဖြင့် လူသား​အားလုံး​အပေါ်၌ သေ​ခြင်း​တရား​သက်ရောက်​ခဲ့​၏။ တစ်နည်းကား ပညတ်​တရား​ကို​မ​ပေး​မီ​က​ပင် အပြစ်​သည် ဤ​လောက​၌​ရှိ​၏။ သို့သော် ပညတ်​တရား​မ​ရှိ​လျှင် အပြစ်​ကို အပြစ်​ဟု မှတ်ယူ​၍​မ​ရ။ မည်သို့ပင်ဖြစ်စေ အာဒံ​လက်ထက်​မှစ၍ မောရှေ​လက်ထက်​တိုင်အောင် သေ​ခြင်း​တရား​သည် အာဒံ​၏​ဖောက်ဖျက်​ကျူးလွန်​မှု​နှင့်​တူညီ​သော​အပြစ်​မျိုး​ကို မ​ပြု​သော​သူ​တို့​ကို​ပင် စိုးမိုး​ခဲ့​၏။ အာဒံ​သည် ကြွလာ​ရန်​ရှိ​သော​သူ​၏​ပုံပမာ​ဖြစ်​၏။ သို့ရာတွင် ဆု​ကျေးဇူး​သည် ကျူးလွန်​သော​အပြစ်​ကဲ့သို့​မ​ဟုတ်​ပေ။ အကြောင်းမူကား တစ်​ယောက်​သော​သူ​ကျူးလွန်​သည့်​အပြစ်​ကြောင့် များစွာ​သော​သူ​တို့​သည် သေ​ခဲ့​လျှင် ဘုရားသခင်​၏​ကျေးဇူး​တော်​နှင့် ယေရှု​ခရစ်တော်​တည်းဟူသော တစ်​ယောက်​သော​သူ​၏​ကျေးဇူး​တော်​အားဖြင့် သက်ရောက်​သော​ကောင်းချီး​လက်ဆောင်​သည် များစွာ​သော​လူ​တို့​၌ ပို၍​ပင် ကြွယ်ဝ​ပြည့်စုံ​မည်​ဖြစ်​၏။ ထို့ပြင် ဆု​ကျေးဇူး​သည် တစ်​ယောက်​သော​သူ​က အပြစ်​ပြု​သောကြောင့် ဖြစ်​လာ​သည့်​အရာ​ကဲ့သို့​မ​ဟုတ်​ပေ။ အကြောင်းမူကား ကျူးလွန်​သော​အပြစ်​တစ်​ခု​ကြောင့်​ဖြစ်လာ​သည့် တရား​စီရင်​ခြင်း​သည် ပြစ်ဒဏ်​စီရင်​ခြင်း​သို့​ရောက်​စေ​၏။ သို့သော် ကျူးလွန်​သော​အပြစ်​များစွာ​ကြောင့်​ဖြစ်လာ​သည့် ဆု​ကျေးဇူး​မူကား ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​သို့​ရောက်​စေ​၏။ အကြောင်းမူကား တစ်​ယောက်​သော​သူ​ကျူးလွန်​သည့်​အပြစ်​ကြောင့် သေ​ခြင်း​သည် ထို​သူ​တစ်​ယောက်​အားဖြင့် စိုးမိုး​ခဲ့​လျှင် ကျေးဇူး​တော်​နှင့်​ဖြောင့်မတ်​ခြင်း​၏​ကောင်းချီး​လက်ဆောင်​ကို ကြွယ်ဝ​စွာ​ခံစားရ​သော​သူ​တို့​သည် တစ်​ယောက်​သော​သူ​တည်းဟူသော ယေရှု​ခရစ်တော်​အားဖြင့် အသက်ရှင်​ခြင်း​၌ ပို၍​ပင် စိုးမိုး​ရ​ကြ​လိမ့်မည်။ သို့ဖြစ်၍ ကျူးလွန်​သော​အပြစ်​တစ်​ခု​ကြောင့် ပြစ်ဒဏ်​စီရင်​ခြင်း​သည် လူ​အပေါင်း​တို့​ထံသို့ ရောက်လာ​သကဲ့သို့ ဖြောင့်မတ်​သော​အကျင့်​တစ်​ခု​ကြောင့် အသက်​နှင့်ဆိုင်သော​ဖြောင့်မတ်​ခြင်း​သည် လူ​အပေါင်း​တို့​ထံသို့ ရောက်လာ​၏။ တစ်နည်းဆိုသော် လူ​တစ်​ယောက်​၏​မ​နာခံ​မှု​ကြောင့် များစွာ​သော​လူ​တို့​သည် အပြစ်သား​အဖြစ် သတ်မှတ်​ခြင်း​ခံရ​ကြ​သည့်​နည်းတူ တစ်​ယောက်​သော​သူ​၏​နာခံ​မှု​ကြောင့် များစွာ​သော​လူ​တို့​သည် ဖြောင့်မတ်​သော​သူ​အဖြစ် သတ်မှတ်​ခြင်း​ခံရ​ကြ​လိမ့်မည်။ ပညတ်​တရား​မူကား ကျူးလွန်​သော​အပြစ်​ကို များပြား​စေရန်​ဝင်ရောက်​ခဲ့​၏။ သို့သော် အပြစ်​များပြား​လာ​သည့်​နေရာ​၌ ကျေးဇူး​တော်​သည် ပို၍​ပြည့်စုံ​ကြွယ်ဝ​လေ​၏။ ဤသည်ကား အပြစ်​သည် သေ​ခြင်း​အားဖြင့် စိုးမိုး​ခဲ့​သည့်​နည်းတူ ကျေးဇူး​တော်​သည်​လည်း ဖြောင့်မတ်​ခြင်း​အားဖြင့် စိုးမိုး​လျက် ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​အားဖြင့် ထာဝရ​အသက်​ကို​ရရှိ​စေရန်​ဖြစ်​၏။