YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 4:18-20

ရောမ 4:18-20 Judson Bible (JBMLE)

သင်၏​အ​မျိုး​အ​နွယ်​သည် ထို​သို့​ဖြစ်​လိမ့်​မည်​ဟူ​သော ဗျာ​ဒိတ်​တော်​အ​တိုင်း၊ မိ​မိ​သည် လူ​မျိုး​အ​များ​တို့၏ အ​ဘ​ဖြစ်​မည်​ဟု မျှော်​လင့်​စ​ရာ​အ​ကြောင်း​မ​ရှိ​ဘဲ​လျက် ယုံ​ကြည်၍ မျှော်​လင့်​လေ၏။- ယုံ​ကြည်​အား​ကြီး​သည်​ဖြစ်၍ မိ​မိ​အ​သက်​သည် အ​နှစ်​တစ်​ရာ​လောက်​ရှိ​သ​ဖြင့်၊ မိ​မိ​ကိုယ်​သည် အ​သေ​ကဲ့​သို့ ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ မိ​မိ​ခင်​ပွန်း စာ​ရာ၏​ဝမ်း​သည် သေ​ကြောင်း​ကို​လည်း​ကောင်း မ​အောက်​မေ့၊- ယုံ​မှား​သော​စိတ်​နှင့်​ကင်း၍ ဘု​ရား​သ​ခင်၏ က​တိ​တော်​ကို တွေး​တော​ခြင်း​မ​ရှိ၊ ယုံ​ကြည်​အား​ကြီး​သ​ဖြင့် ဘု​ရား​သ​ခင်​ကို ချီး​မွမ်း၍၊

ရောမ 4:18-20 Common Language Bible (BCL)

အာ​ဗြ​ဟံ​သည်​မျှော်​လင့်​စ​ရာ​မဲ့​သော​အ​ခြေ အ​နေ​၌​ပင်​လျှင်​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည် ခဲ့​၏။ သို့​ဖြစ်​၍​သူ​သည်​လူ​မျိုး​အ​မြောက်​အ​မြား တို့​၏​အ​ဖ​ဖြစ်​လာ​၏။ ကျမ်း​စာ​တော်​တွင်``သင် ၏​အ​မျိုး​အ​နွယ်​တို့​သည်​ကြယ်​ကဲ့​သို့​များ ပြား​လိမ့်​မည်'' ဟု​ဖော်​ပြ​သည့်​အ​တိုင်း ဖြစ်​၏။- ထို​အ​ချိန်​၌​အာ​ဗြ​ဟံ​သည်​အ​သက်​တစ်​ရာ ခန့်​ပင်​ရှိ​၍ မိ​မိ​၏​ကိုယ်​ခန္ဓာ​သည်​အ​သေ​ကဲ့​သို့ ဖြစ်​လျက်​နေ​ကြောင်း​ကို​လည်း​ကောင်း၊ စာ​ရာ သည်​လည်း​က​လေး​မ​ရ​နိုင်​ကြောင်း​ကို​လည်း ကောင်း​သိ​သော်​လည်း ဘု​ရား​သ​ခင်​အ​ပေါ်​တွင် ယုံ​ကြည်​မှု​ခိုင်​မြဲ​လျက်​ရှိ​၏။- သူ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​ဘု​ရား​သ​ခင် ၏​က​တိ​တော်​ကို​ယုံ​မှား​သံ​သ​ယ​မ​ဖြစ်။ ကိုယ်​တော့်​အ​ပေါ်​ယုံ​ကြည်​မှု​ကို​လည်း​မ​စွန့် လွှတ်။ ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​သည်​ဖြစ်​၍ ခွန်​အား​ပြည့်​ဝ​လာ​၏။ ထို့​ကြောင့်​သူ​သည် ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ပေ သည်။

ရောမ 4:18-20 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သူ​သည် မျှော်လင့်​စရာ​မ​ရှိ​သော​အခြေအနေ​၌ မျှော်လင့်​၍​ယုံကြည်​သဖြင့် “သင်​၏​အမျိုးအနွယ်​သည် ဤသို့​ဖြစ်​လိမ့်မည်”​ဟု မိန့်မှာ​ခြင်း​ခံ​ခဲ့​ရ​သည့်​အတိုင်း များစွာ​သော​လူမျိုး​တို့​၏​ဖခင်​ဖြစ်လာ​၏။ သူ​သည် အသက်​တစ်ရာ​ခန့်​ရှိ​၍ မိမိ​ကိုယ်ခန္ဓာ​သည် သေသူ​ကဲ့သို့​ဖြစ်​နေ​ကြောင်း​ကို​လည်းကောင်း၊ စာရာ​၏​ဝမ်း​သည် သေ​နေ​ကြောင်း​ကို​လည်းကောင်း ဆင်ခြင်​အောက်မေ့​သော်လည်း ယုံကြည်​ခြင်း​၌ အားနည်း​ခြင်း​မ​ရှိ။ ဘုရားသခင်​၏​ကတိ​တော်​အပေါ်၌ ယုံမှား​သံသယ​မ​ရှိ​ဘဲ ယုံကြည်​ခြင်း​အားကြီး​လျက် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကာ