YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 3:21-24

ရောမ 3:21-24 Judson Bible (JBMLE)

ယ​ခု​မူ​ကား၊ ပ​ည​တ္တိ​ကျမ်း​နှင့် အ​နာ​ဂ​တ္တိ​ကျမ်း​တို့​သည် သက်​သေ​ခံ​သည်​နှင့်​အ​ညီ၊ ပ​ညတ်​တ​ရား​နှင့် မ​စပ်​ဆိုင်​သော ဘု​ရား​သ​ခင်၏ ဖြောင့်​မတ်​ခြင်း​တ​ရား​တည်း​ဟူ​သော၊- ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့်၊ ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​အ​ဖို့ ဖြစ်၍၊ ထို​သူ​အ​ပေါင်း​တို့ အ​ပေါ်​သို့​ရောက်​သော ဘု​ရား​သ​ခင်၏ ဖြောင့်​မတ်​ခြင်း​တ​ရား​သည် ထင်​ရှား​ခဲ့​ပြီ။ ခြား​နား​ခြင်း အ​လျှင်း​မ​ရှိ။- အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ လူ​အ​ပေါင်း​တို့​သည် ဒု​စ​ရိုက်​ကို​ပြု၍ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​သ​ရေ​ပျက်​ကြ​ပြီ။- ယေ​ရှု​ခ​ရစ်​ရွေး​နုတ်​တော်​မူ​သော​အား​ဖြင့် အ​ဖိုး​ကို မ​ပေး​ဘဲ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကြောင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​ရ​ကြ၏။

ရောမ 3:21-24 Common Language Bible (BCL)

သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​ဘု​ရား​သ​ခင်​သည် လူ​သား​အား​မိ​မိ​နှင့်​အ​ဘယ်​နည်း​ဖြင့် မှန်​ကန် စွာ​ဆက်​ဆံ​စေ​ကြောင်း​သိ​သာ​ထင်​ရှား​လာ ပေ​ပြီ။ ဤ​နည်း​သည်​တ​ရား​ဥ​ပ​ဒေ​နှင့်​လုံး​ဝ မ​သက်​ဆိုင်။ သို့​ရာ​တွင်​ဤ​အ​ကြောင်း​ကို မော​ရှေ​၏​ပ​ညတ်​ကျမ်း​နှင့်​ပ​ရော​ဖက်​ကျမ်း များ​က​သက်​သေ​ခံ​ကြ​၏။- လူ​တို့​အား​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ ဆက်​ဆံ​နိုင်​သော​နည်း​လမ်း​မှာ​ယေ​ရှု​ခ​ရစ် ကို​ယုံ​ကြည်​ခြင်း​ဖြစ်​သည်။ လူ​တို့​သည်​ခြား နား​ခြင်း​မ​ရှိ။- လူ​မှန်​သ​မျှ​သည်​အ​ပြစ်​ကူး​သူ​များ​ဖြစ် ကြ​၍​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​မှ​ဝေး ကွာ​စွာ​နေ​ရ​ကြ​၏။- လူ​တို့​အား​အ​ပြစ်​မှ​လွတ်​မြောက်​စေ​တော်​မူ သော​ခ​ရစ်​တော်​ယေ​ရှု​ကို​အ​ကြောင်း​ပြု​၍ ဘု​ရား​သ​ခင်​သည်​အ​ခ​မဲ့​ကျေး​ဇူး​တော် အား​ဖြင့်​လူ​တို့​အား​မိ​မိ​နှင့်​မှန်​ကန်​စွာ ဆက်​ဆံ​စေ​တော်​မူ​၏။

ရောမ 3:21-24 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့ရာတွင် ယခု​အခါ​၌ ပညတ်​တရား​နှင့်​ပရောဖက်​များ​သက်သေခံ​သော ဘုရားသခင်​၏​ဖြောင့်မတ်​ခြင်း​သည် ပညတ်​တရား​မ​ပါ​ဘဲ ထင်ရှား​လေ​ပြီ။ ၎င်း​မှာ ယေရှု​ခရစ်တော်​ကို​ယုံကြည်​ခြင်း​အားဖြင့် ယုံကြည်​သူ​အပေါင်း​တို့​အပေါ်​သက်ရောက်​သော ဘုရားသခင်​၏​ဖြောင့်မတ်​ခြင်း​ဖြစ်​၏။ ဤ​တွင် မည်သည့်​ခြားနား​မှု​မျှ​မ​ရှိ။ အကြောင်းမူကား လူ​အပေါင်း​တို့​သည် အပြစ်​ပြု​၍ ဘုရားသခင်​၏​ဘုန်း​အသရေ​တော်​နှင့် အလှမ်းဝေး​ကြ​ပြီ။ သူ​တို့​သည် ဘုရားသခင်​၏​ကျေးဇူး​တော်​ကြောင့် ခရစ်တော်​ယေရှု​၏​ရွေးနုတ်​ခြင်း​အားဖြင့် အဖိုးအခ​မ​ပေး​ရ​ဘဲ ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​ကြ​၏။