YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 3:19-31

ရောမ 3:19-31 Judson Bible (JBMLE)

ပ​ညတ်​တ​ရား၌ ပါ​သ​မျှ​သော​စ​ကား​တို့​သည် ပ​ညတ်​တ​ရား​ကို ခံ​သော​သူ​တို့​နှင့် စပ်​ဆိုင်​သည်​ကို ငါ​တို့ သိ​ကြ၏။ ထို​သို့​ဖြစ်၍၊ လော​ကီ​သား​အ​ပေါင်း​တို့​သည် စ​ကား​တစ်​ခွန်း​ကို​မျှ မ​ပြော​နိုင်​ဘဲ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​ပြစ်​သင့်သော​သူ​ဖြစ်​ကြ၏။- ထို​သို့ ပ​ညတ်​တ​ရား​သည် ဒု​စ​ရိုက်​အ​ပြစ်​ကို ထင်​ရှား​စေ​သည်​ဖြစ်​သော​ကြောင့်၊ ပ​ညတ်​တ​ရား၏ အ​ကျင့်​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​ဘယ်​သူ​မျှ ဖြောင့်​မတ်​ရာ​သို့ မ​ရောက်​ရာ။- ယ​ခု​မူ​ကား၊ ပ​ည​တ္တိ​ကျမ်း​နှင့် အ​နာ​ဂ​တ္တိ​ကျမ်း​တို့​သည် သက်​သေ​ခံ​သည်​နှင့်​အ​ညီ၊ ပ​ညတ်​တ​ရား​နှင့် မ​စပ်​ဆိုင်​သော ဘု​ရား​သ​ခင်၏ ဖြောင့်​မတ်​ခြင်း​တ​ရား​တည်း​ဟူ​သော၊- ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့်၊ ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​အ​ဖို့ ဖြစ်၍၊ ထို​သူ​အ​ပေါင်း​တို့ အ​ပေါ်​သို့​ရောက်​သော ဘု​ရား​သ​ခင်၏ ဖြောင့်​မတ်​ခြင်း​တ​ရား​သည် ထင်​ရှား​ခဲ့​ပြီ။ ခြား​နား​ခြင်း အ​လျှင်း​မ​ရှိ။- အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ လူ​အ​ပေါင်း​တို့​သည် ဒု​စ​ရိုက်​ကို​ပြု၍ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​သ​ရေ​ပျက်​ကြ​ပြီ။- ယေ​ရှု​ခ​ရစ်​ရွေး​နုတ်​တော်​မူ​သော​အား​ဖြင့် အ​ဖိုး​ကို မ​ပေး​ဘဲ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကြောင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​ရ​ကြ၏။- ဘု​ရား​သ​ခင်​သည် သည်း​ခံ​တော်​မူ၍၊- လွန်​ခဲ့​ပြီး​သော ဒု​စ​ရိုက်​အ​ပြစ်​များ​ကို မှတ်​တော်​မ​မူ​ရာ​တွင်၊ ဖြောင့်​မတ်​ခြင်း​တ​ရား​တော်​ကို ထင်​ရှား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ယ​ခု​ကာ​လ၌ ဖြောင့်​မတ်​ခြင်း​တ​ရား​တော်​ကို ထင်​ရှား​စေ၍၊ ယေ​ရှု​ကို​ယုံ​ကြည်​သော သူ​တို့၏​အ​ပြစ်​ကို လွှတ်​တော်​မူ​သော်​လည်း၊ တ​ရား​သ​ဖြင့် ပြု​တော်​မူ​ခြင်း​ငှာ​လည်း​ကောင်း၊ ယေ​ရှု​ခ​ရစ်၏​အ​သွေး​တော်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့်၊ ထို​ခ​ရစ်​တော်​ကို အ​ပြစ်​ဖြေ​စ​ရာ​အ​ကြောင်း ဖြစ်​စေ​ခြင်း​ငှာ ခန့်​ထား​တော်​မူ​ပြီ။ သို့​ဖြစ်​လျှင် ဝါ​ကြွား​စ​ရာ အ​ကြောင်း​ကား အ​ဘယ်​သို့​နည်း​ဟု မေး​သော်၊ ဝါ​ကြွား​စ​ရာ​အ​ကြောင်း​ကို​ပယ်​ပြီ။ အ​ဘယ်​တ​ရား​အား​ဖြင့် ပယ်​သ​နည်း။ အ​ကျင့်​တ​ရား​အား​ဖြင့် ပယ်​သ​လော။ အ​ကျင့်​တ​ရား​အား​ဖြင့် ပယ်​သည်​မ​ဟုတ်။ ယုံ​ကြည်​ခြင်း​တ​ရား​အား​ဖြင့် ပယ်​ပြီ။- ထို​ကြောင့် လူ​မည်​သည်​ကား၊ ပ​ညတ်​တ​ရား၏ အ​ကျင့်​မ​ရှိ​ဘဲ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​တတ်​သည်​ဟု​ယူ​ရ၏။- ဘု​ရား​သ​ခင်​သည် ယု​ဒ​လူ​တို့၏​ဘု​ရား​သာ ဖြစ်​တော်​မူ​သ​လော။ တစ်​ပါး​အ​မျိုး​သား​တို့၏​ဘု​ရား ဖြစ်​တော်​မူ​သည်​မ​ဟုတ်​လော။ ဟုတ်​ပေ၏။ တစ်​ပါး​အ​မျိုး​သား​တို့၏ ဘု​ရား​လည်း ဖြစ်​တော်​မူ၏။- အ​ကြောင်း​မူ​ကား၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ​နှင့် မ​ခံ​သော​သူ​နှစ်​ဦး​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​ရာ၌​တည်​စေ​တော်​မူ​သော ဘု​ရား​သ​ခင် တစ်​ဆူ​တည်း​ရှိ​တော်​မူ၏။- သို့​ဖြစ်​လျှင်၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ငါ​တို့​သည် ပ​ညတ်​တ​ရား​ကို ပယ်​ကြ​သ​လော။ အ​လျှင်း​မ​ပယ်၊ သာ၍ တည်​စေ​ကြ၏။

ရောမ 3:19-31 Common Language Bible (BCL)

ပ​ညတ်​တ​ရား​တွင်​ပါ​ရှိ​သည့်​ပြ​ဋ္ဌာန်း​ချက်​မှန် သ​မျှ​သည် ပ​ညတ်​တ​ရား​စိုး​မိုး​မှု​လက်​အောက် တွင်​ရှိ​နေ​သူ​များ​အ​တွက်​ဖြစ်​ကြောင်း​ယ​ခု ငါ​တို့​သိ​ကြ​၏။ ဤ​သို့​ဖြစ်​ရ​ခြင်း​အ​ကြောင်း မှာ​လူ​တို့​၏​ဆင်​ခြေ​ဆင်​လက်​မှန်​သ​မျှ​ကို ရပ်​စဲ​စေ​ရန်​နှင့် လူ​သား​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်​၏​တ​ရား​စီ​ရင်​တော်​မူ​ခြင်း ကို​ခံ​စေ​ရန်​ဖြစ်​ပေ​သည်။- ပ​ညတ်​တ​ရား​၏​ပြ​ဋ္ဌာန်း​ချက်​များ​ကို​စောင့် ထိန်း​ခြင်း​အား​ဖြင့် အ​ဘယ်​သူ​မျှ​ဘုရား​သ​ခင် နှင့်​မှန်​ကန်​စွာ​မ​ဆက်​ဆံ​နိုင်။ ပ​ညတ်​တ​ရား ၏​ဆောင်​ရွက်​ချက်​မှာ​လူ​တို့​သည် မိ​မိ​တို့ အ​ပြစ်​ကူး​လွန်​သူ​များ​ဖြစ်​ကြောင်း​ကို သိ​ရှိ​လာ​စေ​ရန်​ပင်​ဖြစ်​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​ဘု​ရား​သ​ခင်​သည် လူ​သား​အား​မိ​မိ​နှင့်​အ​ဘယ်​နည်း​ဖြင့် မှန်​ကန် စွာ​ဆက်​ဆံ​စေ​ကြောင်း​သိ​သာ​ထင်​ရှား​လာ ပေ​ပြီ။ ဤ​နည်း​သည်​တ​ရား​ဥ​ပ​ဒေ​နှင့်​လုံး​ဝ မ​သက်​ဆိုင်။ သို့​ရာ​တွင်​ဤ​အ​ကြောင်း​ကို မော​ရှေ​၏​ပ​ညတ်​ကျမ်း​နှင့်​ပ​ရော​ဖက်​ကျမ်း များ​က​သက်​သေ​ခံ​ကြ​၏။- လူ​တို့​အား​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ ဆက်​ဆံ​နိုင်​သော​နည်း​လမ်း​မှာ​ယေ​ရှု​ခ​ရစ် ကို​ယုံ​ကြည်​ခြင်း​ဖြစ်​သည်။ လူ​တို့​သည်​ခြား နား​ခြင်း​မ​ရှိ။- လူ​မှန်​သ​မျှ​သည်​အ​ပြစ်​ကူး​သူ​များ​ဖြစ် ကြ​၍​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​မှ​ဝေး ကွာ​စွာ​နေ​ရ​ကြ​၏။- လူ​တို့​အား​အ​ပြစ်​မှ​လွတ်​မြောက်​စေ​တော်​မူ သော​ခ​ရစ်​တော်​ယေ​ရှု​ကို​အ​ကြောင်း​ပြု​၍ ဘု​ရား​သ​ခင်​သည်​အ​ခ​မဲ့​ကျေး​ဇူး​တော် အား​ဖြင့်​လူ​တို့​အား​မိ​မိ​နှင့်​မှန်​ကန်​စွာ ဆက်​ဆံ​စေ​တော်​မူ​၏။- ခရစ်​တော်​အ​သေ​ခံ​တော်​မူ​ခြင်း​အား​ဖြင့် လူ​တို့​သည်​အ​ပြစ်​များ​မှ​ပြေ​လွတ်​နိုင်​ကြ စေ​ရန် ဘု​ရား​သ​ခင်​သည်​ထို​အ​ရှင်​ကို​ပူ​ဇော် သကာ​အ​ဖြစ်​သတ်​မှတ်​တော်​မူ​၏။ လူ​တို့​သည် ခရစ်​တော်​ကို​ယုံ​ကြည်​ခြင်း​ဖြင့်​အ​ပြစ်​များ မှ​ပြေ​လွတ်​ခြင်း​ကို​ခံ​စား​ရ​ကြ​၏။ ဘု​ရား သ​ခင်​သည်​ခ​ရစ်​တော်​ကို​ပူ​ဇော်​သ​ကာ အ​ဖြစ်​သတ်​မှတ်​တော်​မူ​ရ​ခြင်း​မှာ ကိုယ် တော်​သည်​ဖြောင့်​မတ်​တော်​မူ​သော​အ​ရှင်​ဖြစ် ကြောင်း​ကို​ပြ​သ​ရန်​ဖြစ်​၏။ ယ​ခု​ခေတ် ကာ​လ​အ​ထိ​ဘု​ရား​သ​ခင်​သည်​စိတ်​ရှည် သည်း​ခံ​တော်​မူ​ပြီး​လျှင် လူ​တို့​ကူး​လွန်​ခဲ့ သည့်​အ​ပြစ်​များ​ကို​အ​ရေး​ယူ​တော်​မ​မူ။ သို့​ရာ​တွင်​ယ​ခု​ခေတ်​ကာ​လ​၌​ကိုယ်​တော် သည် မိ​မိ​၏​ဖြောင့်​မတ်​ခြင်း​ကို​ပြ​သ​ရန် လူ​တို့​၏​အ​ပြစ်​များ​ကို​အ​ရေး​ယူ​တော် မူ​၏။ ဤ​နည်း​အား​ဖြင့်​ဘု​ရား​သ​ခင်​သည် မိ​မိ​ကိုယ်​တိုင်​ပင်​ဖြောင့်​မတ်​တော်​မူ​သော အ​ရှင်​ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ သ​ခင်​ယေ​ရှု​အား​ယုံ​ကြည်​သူ​အ​ပေါင်း​တို့ ကို မိ​မိ​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​စေ​တော်​မူ ကြောင်း​ကို​လည်း​ကောင်း​ဖော်​ပြ​တော်​မူ​၏။ သို့​ဖြစ်​၍​ငါ​တို့​ဝါ​ကြွား​စ​ရာ​အ​ကြောင်း အ​ဘယ်​မှာ​ရှိ​တော့​အံ့​နည်း။ ငါ​တို့​ဝါ​ကြွား စ​ရာ​အ​ကြောင်း​မ​ရှိ။ အ​ဘယ်​ကြောင့်​နည်း။ ပ​ညတ်​တ​ရား​ကို​ငါ​တို့​လိုက်​နာ​ကျင့်​သုံး ကြ​သည့်​အ​တွက်​ကြောင့်​လော။ မ​ဟုတ်​ပါ။ ယုံ​ကြည်​သည့်​အ​တွက်​ကြောင့်​ဖြစ်​၏။- ယုံ​ကြည်​ခြင်း​အား​ဖြင့်​သာ​လျှင်​ကိုယ်​တော် နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​ခွင့်​ကို​ရ​ရှိ​နိုင်​ကြောင်း၊ ပ​ညတ်​တ​ရား​ကို​ကျင့်​သုံး​ခြင်း​အား​ဖြင့် မ​ရ​ရှိ​နိုင်​ကြောင်း​ငါ​တို့​ယ​ခု​သိ​ကြ​ပြီ ဖြစ်​သည်။- ဘု​ရား​သ​ခင်​သည်​ယု​ဒ​အ​မျိုး​သား​တို့​၏ ဘု​ရား​သာ​ဖြစ်​သ​လော။ လူ​မျိုး​ခြား​တို့​၏ ဘု​ရား​လည်း​မ​ဟုတ်​လော။ ဟုတ်​ပေ​၏။- ဘု​ရား​သ​ခင်​သည်​တစ်​ဆူ​တည်း​ဖြစ်​တော်​မူ ၏။ ကိုယ်​တော်​သည်​ယုံ​ကြည်​ခြင်း​ကြောင့်​ယု​ဒ အ​မျိုး​သား​တို့​ကို မိ​မိ​နှင့်​မှန်​ကန်​စွာ​ဆက် သွယ်​စေ​တော်​မူ​၏။- သို့​ဖြစ်​လျှင်​ငါ​တို့​သည်​ယုံ​ကြည်​ခြင်း​ဖြင့် ပ​ညတ်​တ​ရား​ကို​ပယ်​ရာ​ရောက်​သ​လော။ အ​လျှင်း​မ​ပယ်။ ပ​ညတ်​တ​ရား​ကို​ထောက်​ခံ အ​တည်​ပြု​ခြင်း​သာ​ဖြစ်​၏။

ရောမ 3:19-31 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ပညတ်​တရား​ဆို​ထား​သမျှ​တို့​သည် ပညတ်​တရား​အောက်၌​ရှိ​သော​သူ​များ​အတွက်​ဆို​ထား​ကြောင်း ငါ​တို့​သိ​ကြ​၏။ ဤသည်ကား နှုတ်​ရှိသမျှ​သည် ပိတ်​ထား​ခြင်း​ခံရ​၍ လောကီသား​အပေါင်း​တို့​သည် ဘုရားသခင်​၏​တရား​စီရင်​ခြင်း​လက်အောက်​သို့ ကျရောက်​ကြ​ရန်​ဖြစ်​၏။ သို့ဖြစ်၍ ပညတ်​တရား​နှင့်ဆိုင်သော​အကျင့်​အားဖြင့် မည်သူမျှ ဘုရားသခင်​ရှေ့​တော်​၌ ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​မည်​မ​ဟုတ်။ အကြောင်းမူကား ပညတ်​တရား​အားဖြင့် အပြစ်​အကြောင်း​ကို​သိရှိ​ရုံ​မျှသာ​ဖြစ်​၏။ သို့ရာတွင် ယခု​အခါ​၌ ပညတ်​တရား​နှင့်​ပရောဖက်​များ​သက်သေခံ​သော ဘုရားသခင်​၏​ဖြောင့်မတ်​ခြင်း​သည် ပညတ်​တရား​မ​ပါ​ဘဲ ထင်ရှား​လေ​ပြီ။ ၎င်း​မှာ ယေရှု​ခရစ်တော်​ကို​ယုံကြည်​ခြင်း​အားဖြင့် ယုံကြည်​သူ​အပေါင်း​တို့​အပေါ်​သက်ရောက်​သော ဘုရားသခင်​၏​ဖြောင့်မတ်​ခြင်း​ဖြစ်​၏။ ဤ​တွင် မည်သည့်​ခြားနား​မှု​မျှ​မ​ရှိ။ အကြောင်းမူကား လူ​အပေါင်း​တို့​သည် အပြစ်​ပြု​၍ ဘုရားသခင်​၏​ဘုန်း​အသရေ​တော်​နှင့် အလှမ်းဝေး​ကြ​ပြီ။ သူ​တို့​သည် ဘုရားသခင်​၏​ကျေးဇူး​တော်​ကြောင့် ခရစ်တော်​ယေရှု​၏​ရွေးနုတ်​ခြင်း​အားဖြင့် အဖိုးအခ​မ​ပေး​ရ​ဘဲ ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​ကြ​၏။ ဘုရားသခင်​သည် မိမိ​၏​ဖြောင့်မတ်​ခြင်း​ကို​ထင်ရှား​စေရန် ခရစ်တော်​ကို​ခန့်ထား​၍ ယုံကြည်​ခြင်း​အတွက် ခရစ်တော်​၏​သွေး​တော်​ကို အသနားခံ​ခြင်း​ပူဇော်သက္ကာ​ဖြစ်​စေ​တော်မူ​၏။ တစ်နည်းဆိုသော် ဘုရားသခင်​သည် သည်းခံ​တော်မူ​ခြင်း​အားဖြင့် လွန်ခဲ့​ပြီး​သော​အပြစ်​များ​အတွက် အပြစ်​မ​ယူ​ဘဲ​နေ​တော်မူ​၏။ ဤသည်ကား ယခု​အချိန်အခါ​၌ မိမိ​၏​ဖြောင့်မတ်​ခြင်း​ကို ထင်ရှား​စေရန်​နှင့် ဘုရားသခင်​ကိုယ်တော်​တိုင် ဖြောင့်မတ်​သော​အရှင်​ဖြစ်​တော်မူ​ပြီး ယေရှု​ကို​ယုံကြည်​သော​သူ​အား ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​တော်မူ​ရန်​ဖြစ်​၏။ သို့ဖြစ်လျှင် ဝါကြွား​စရာ​အဘယ်မှာ​ရှိ​သနည်း။ ၎င်း​သည် ဖယ်ရှား​ခြင်း​ခံရ​လေ​ပြီ။ မည်သည့်​တရား​အားဖြင့် ဖယ်ရှား​သနည်း။ အကျင့်​တရား​အားဖြင့်​လော။ မ​ဟုတ်​ပေ။ ယုံကြည်​ခြင်း​တရား​အားဖြင့် ဖယ်ရှား​၏။ အကြောင်းမူကား လူ​သည် ပညတ်​တရား​နှင့်ဆိုင်သော​အကျင့်​အားဖြင့်​မ​ဟုတ်​ဘဲ ယုံကြည်​ခြင်း​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​၏​ဟု ငါ​တို့​မှတ်ယူ​ကြ​၏။ သို့မဟုတ် ဘုရားသခင်​သည် ဂျူး​လူမျိုး​တို့​၏​ဘုရား​သာ ဖြစ်​တော်မူ​သလော။ လူမျိုးခြား​တို့​၏​ဘုရား​လည်း ဖြစ်​တော်မူ​သည်​မ​ဟုတ်​လော။ ဟုတ်​ပေ​၏။ လူမျိုးခြား​တို့​၏​ဘုရား​လည်း ဖြစ်​တော်မူ​၏။ ယုံကြည်​ခြင်း​အားဖြင့် အရေဖျား​လှီး​ထား​သော​သူ​ကို ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​တော်မူ​၍ အရေဖျား​မ​လှီး​သော​သူ​ကို​လည်း ယုံကြည်​ခြင်း​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​တော်မူ​သော​ဘုရားသခင်​သည် အမှန်ပင် တစ်ဆူတည်း​ဖြစ်​တော်မူ​၏။ သို့ဖြစ်လျှင် ငါ​တို့​သည် ယုံကြည်​ခြင်း​ကြောင့် ပညတ်​တရား​ကို ပယ်ဖျက်​ကြ​သလော။ လုံးဝ​မ​ပယ်ဖျက်​ကြ။ ပညတ်​တရား​ကို တည်မြဲ​တည်​စေ​ကြ​၏။