YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 2:6-11

ရောမ 2:6-11 Judson Bible (JBMLE)

ဘု​ရား​သ​ခင်​သည် လူ​အ​သီး​အ​သီး​တို့​အား မိ​မိ​တို့ အ​ကျင့်​နှင့်​အ​လျောက် အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​တော်​မူ​လ​တ္တံ့၊- ကောင်း​သော​အ​ကျင့်​ကို အ​မြဲ​ကျင့်၍၊ ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊ မ​ဖောက်​ပြန်​သော ဇာ​တိ​ကို​လည်း​ကောင်း၊ ရှာ​သော​သူ​တို့​အား ထာ​ဝ​ရ​အ​သက်​ကို ပေး​တော်​မူ​လ​တ္တံ့၊- ငြင်း​ဆန်​သော​သ​ဘော​ရှိ၍၊ သ​မ္မာ​တ​ရား​ကို နား​မ​ထောင်​ဘဲ မ​တ​ရား​သ​ဖြင့် ကျင့်​သော​သူ​တို့​ကို​ကား၊ ပြင်း​စွာ​သော ဒေါ​သ​အ​မျက်​ထွက်​တော်​မူ​လ​တ္တံ့၊- ရှေ့​ဦး​စွာ၌ ယု​ဒ​လူ၊ နောက်၌​ဟေ​လ​သ​လူ၊ ဆိုး​ညစ်​သော​အ​မှု​ကို ပြု​သော​သူ​ရှိ​သ​မျှ​တို့​သည် ကြီး​စွာ​သော ဆင်း​ရဲ​ဒု​က္ခ​ဝေ​ဒ​နာ​ကို ခံ​ရ​ကြ​လ​တ္တံ့၊- ရှေ့​ဦး​စွာ၌ ယု​ဒ​လူ၊ နောက်၌​ဟေ​လ​သ​လူ၊ ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​ရှိ​သ​မျှ​တို့​သည် ဘုန်း​အ​သ​ရေ​ချမ်း​သာ​ကို ခံ​စား​ရ​ကြ​လ​တ္တံ့။- ဘု​ရား​သ​ခင်​သည် အ​ဘယ်​သူ၏​မျက်​နှာ​ကို​မျှ မှတ်​တော်​မ​မူ။

ရောမ 2:6-11 Common Language Bible (BCL)

ထို​နေ့​ရက်​၌​ကိုယ်​တော်​သည်​လူ​အ​သီး​သီး တို့​အား မိ​မိ​တို့​၏​အ​ကျင့်​အ​လျောက်​အ​ကျိုး အ​ပြစ်​ကို​ဆပ်​ပေး​တော်​မူ​လတ္တံ့။- အ​ကျင့်​ကောင်း​ကို​ဆက်​လက်​ပြု​ကျင့်​လျက် ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊ ဂုဏ်​အ​သ​ရေ ကို​လည်း​ကောင်း၊ သေ​ခြင်း​ကင်း​သော​ဘ​ဝ​ကို လည်း​ကောင်း​ရှာ​သော​သူ​တို့​အား ဘု​ရား​သ​ခင် သည်​ထာ​ဝ​ရ​အ​သက်​ကို​ပေး​တော်​မူ​လိမ့်​မည်။- သို့​ရာ​တွင်​တစ်​ကိုယ်​ကောင်း​သ​ဘော​ရှိ​၍ အ​မှန် တ​ရား​ကို​ပစ်​ပယ်​ကာ​အ​မှား​ဘက်​သို့​လိုက် ပါ​သူ​များ​သည် အ​မျက်​တော်​သင့်​ကြ​လိမ့် မည်။- ဦး​စွာ​ယု​ဒ​လူ၊ ထို့​နောက်​လူ​မျိုး​ခြား​တို့ အ​နက်​ဒု​စ​ရိုက်​ကို​ပြု​သူ​အ​ပေါင်း​တို့ သည် ဆင်း​ရဲ​ဒုက္ခ​နှင့်​နာ​ကျင်​ခြင်း​ဝေ​ဒ​နာ ကို​ခံ​ရ​ကြ​လိမ့်​မည်။- သို့​ရာ​တွင်​ဦး​စွာ​ယု​ဒ​လူ၊ ထို့​နောက်​လူ​မျိုး ခြား​တို့​အ​နက်​သု​စ​ရိုက်​ကို​ပြု​သူ​တို့​အား ဘု​ရား​သ​ခင်​သည်​ဘုန်း​အ​သ​ရေ​ကို​လည်း ကောင်း၊ ငြိမ်​သက်​ခြင်း​ကို​လည်း​ကောင်း​ခံ​စား စေ​တော်​မူ​လိမ့်​မည်။- ဘု​ရား​သ​ခင်​သည်​မျက်​နှာ​ကြီး​ငယ်​မ​လိုက် ဘဲ​တ​ရား​စီ​ရင်​တော်​မူ​သ​တည်း။

ရောမ 2:6-11 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဘုရားသခင်​သည် လူ​အသီးသီး​တို့​အား မိမိ​တို့​ပြု​သော​အမှု​နှင့်အညီ အကျိုး​အပြစ်​ကို​ပေး​တော်မူ​လိမ့်မည်။ ကောင်း​သော​အမှု​ကို ဇွဲ​လုံ့လ​ဖြင့်​ပြု​လျက် ဘုန်း​တော်၊ ဂုဏ်​တော်​နှင့် ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​သော​အရာ​တို့​ကို​ရှာဖွေ​သော​သူ​တို့​အား ထာဝရ​အသက်​ကို ပေး​တော်မူ​လိမ့်မည်။ တစ်ကိုယ်ကောင်းဆန်​၍ သမ္မာတရား​ကို​မ​နာခံ​ဘဲ မတရားမှု​နောက်​သို့​လိုက်​သော​သူ​တို့​အပေါ်၌​မူကား ပြင်းစွာ​သော​ဒေါသ​နှင့်​အမျက်​တော်​ကို သက်ရောက်​စေ​တော်မူ​လိမ့်မည်။ ဆင်းရဲ​ဒုက္ခ​နှင့်​နာကျင်​ခြင်း​ဝေဒနာ​တို့​သည် ဦးစွာ​ဂျူး​လူမျိုး ထို့နောက် ဂရိ​လူမျိုး​အပါအဝင် မကောင်း​သော​အမှု​ကို​ပြု​သည့် သက်ရှိ​လူသား​အပေါင်း​တို့​အပေါ်သို့ ကျရောက်​လိမ့်မည်။ ဘုန်း​တော်၊ ဂုဏ်​တော်​နှင့် ငြိမ်သက်​ခြင်း​တို့​မူကား ဦးစွာ​ဂျူး​လူမျိုး ထို့နောက် ဂရိ​လူမျိုး​အပါအဝင် ကောင်း​သော​အမှု​ကို​ပြု​သော​သူ​အပေါင်း​တို့​အပေါ်သို့ သက်ရောက်​လိမ့်မည်။ အကြောင်းမူကား ဘုရားသခင်​၌ မျက်နှာလိုက်​ခြင်း​မ​ရှိ။