YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 1:21-32

ရောမ 1:21-32 Judson Bible (JBMLE)

အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို သိ​လျက်​ပင်၊ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​သင့်​သည်​အ​တိုင်း မ​ချီး​မွမ်း၊ ကျေး​ဇူး​တော်​ကို​လည်း မ​သိ​မ​မှတ်၊ အ​ချည်း​နှီး​တွေး​ဆ​ခြင်း၊ သ​တိ​မ​ရှိ​သော​စိတ်​နှ​လုံး​မိုက်​မဲ​ခြင်း​သို့ ရောက်​ကြ၏။- ပ​ညာ​ရှိ​ယောင်​ဆောင်​လျက်​နှင့် လူ​မိုက်​အ​ရာ၌ တည်​ကြ​သည်​ဖြစ်၍၊- မ​ဖောက်​ပြန်​မ​ပျက်​စီး​နိုင်​သော ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို​ပယ်​လျက်၊ ဖောက်​ပြန်​ပျက်​စီး​တတ်​သော လူ၏​ရုပ်​တု၊ သား​ငှက်​အ​စ​ရှိ​သော တွား​တတ်​သော တိ​ရ​စ္ဆာန်၏​ရုပ်​တု​ကို ဘု​ရား​သ​ခင်​အ​ရာ၌ ချီး​မြှောက်​ကြ၏။ ထို​ကြောင့်​သူ​တို့​သည် မိ​မိ​တို့​ကိုယ်​ကာ​ယ၏ အ​သ​ရေ​ကို အ​ချင်း​ချင်း​ရှုတ်​ချ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် သူ​တို့​ကို သူ​တို့၏ ကိ​လေ​သာ​စိတ်​ညစ်​ညူး​ခြင်း​လက်​သို့ အပ်​လိုက်​တော်​မူ၏။- သူ​တို့​သည် မှန်​သော​ဘု​ရား​သ​ခင့်​အ​ရာ၌ အ​မှား​ကို​ထား​လျက်၊ ဖန်​ဆင်း​တတ်​သော သ​ခင်​ကို​ပယ်၍ ဖန်​ဆင်း​အပ်​သော​အ​ရာ​ကို ဝတ်​ပြု​ကိုး​ကွယ်​သော​သူ ဖြစ်​ကြ၏။ ထို​သ​ခင်​သည် ထာ​ဝ​ရ​မင်္ဂ​လာ​ရှိ​တော်​မူ၏။ အာ​မင်။- ထို​သို့​ပြု​ကြ​သော​ကြောင့် ဘု​ရား​သ​ခင်​သည် သူ​တို့​ကို ရှက်​ကြောက်​ဖွယ်​သော ကိ​လေ​သာ​လက်​သို့ အပ်​လိုက်​တော်​မူ၏။ အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ မိန်း​မ​တို့​သည် ပ​က​တိ​ထုံး​စံ​ကို​စွန့်၍၊ ပ​က​တိ​နှင့် ဆန့်​ကျင်​ဘက်​ထုံး​စံ​ကို လိုက်​ကြ၏။- ထို​အ​တူ၊ ယောက်ျား​တို့​သည်​လည်း မိန်း​မ​နှင့် ဆက်​ဆံ​ခြင်း ပ​က​တိ​ထုံး​စံ​ကို​စွန့်၍ အ​ချင်း​ချင်း ကိ​လေ​သာ​စိတ်​ပူ​လောင်​သ​ဖြင့်၊ ရှက်​ကြောက်​ဖွယ်​သော​အ​မှု​ကို ယောက်ျား​ချင်း​ပြု​လျက်၊ မိ​မိ​တို့ မှား​ယွင်း​ခြင်း​နှင့်​အ​လျောက် မိ​မိ​တို့​အ​ပြစ်​ဒဏ်​ကို ခံ​ရ​ကြ၏။- ထို​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို မ​သိ​မ​မှတ်​လို​သည်​ဖြစ်၍၊ မ​လျောက်​ပတ်​သော အ​မှု​ကို ပြု​စေ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် သူ​တို့​ကို မော​ဟ​လက်​သို့ အပ်​လိုက်​တော်​မူ​သည်​နှင့်​အ​ညီ၊- သူ​တို့​သည်​အ​လုံး​စုံ​သော အ​ဓ​မ္မ​ကျင့်​ခြင်း၊ မ​တ​ရား​သော မေ​ထုန်​ကို​ပြု​ခြင်း၊ ဆိုး​ညစ်​ခြင်း၊ လော​ဘ​လွန်​ကျူး​ခြင်း၊ မ​နာ​လို​ခြင်း၊ ငြူ​စူ​ခြင်း၊ လူ​အ​သက်​ကို သတ်​ခြင်း၊ ရန်​တွေ့​ခြင်း၊ လှည့်​ဖြား​ခြင်း၊ သူ​တစ်​ပါး​ကို မြင်​ပြင်း​ခြင်း​တို့​နှင့် ပြည့်​စုံ​သော​သူ၊ ချော​စား​သော​သူ၊- ဆဲ​ရေး​သော​သူ၊ ဘု​ရား​သ​ခင်​ကို​မုန်း​သော​သူ၊ ကြမ်း​တမ်း​သော​သူ၊ မာ​န​ထောင်​လွှား​သော​သူ၊ ဝါ​ကြွား​သော​သူ၊ မ​တတ်​ကောင်း​သော အ​တတ်​ကို​စီ​ရင်​သော​သူ၊ မိ​ဘ​စ​ကား​ကို နား​မ​ထောင်​သော​သူ၊ သ​တိ​မ​ရှိ​သော​သူ၊ သ​စ္စာ​ပျက်​သော​သူ၊- မိ​ဘ သား​မ​ယား​စ​သည်​တို့​ကို မ​ချစ်​သော​သူ၊ ရန်​ငြိုး​ထား​သော​သူ၊ သ​နား​ခြင်း က​ရု​ဏာ​စိတ်​မ​ရှိ​သော​သူ ဖြစ်​ကြ၏။- ထို​သို့ ကျင့်​သော​သူ​တို့​သည် သေ​ပြစ်​ကို​ခံ​ထိုက်​သည်​ဟု ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ​ကြောင်း​ကို ထို​သူ​တို့​သည် သိ​လျက်​ပင် ကိုယ်​တိုင်​ကျင့်​သည်​သာ​မ​က၊ ထို​သို့​ကျင့်​သော​သူ​တို့၌ အား​ရ​ဝမ်း​မြောက်​ကြ၏။

ရောမ 1:21-32 Common Language Bible (BCL)

သူ​တို့​သည်​ဘု​ရား​သ​ခင်​ကို​သိ​ကြ​သော် လည်း ကိုယ်​တော်​၏​ဂုဏ်​တော်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​သင့်​လျက်​နှင့်​မ​ချီး​မွမ်း​ကြ။ ချီး​မွမ်း မည့်​အ​စား​အ​ကျိုး​မဲ့​သည့်​အ​ရာ​များ​ကို သာ တွေး​တော​ဆင်​ခြင်​လျက်​နေ​ကြ​၏။ သူ​တို့ ၏​အ​သိ​ဉာဏ်​ကင်း​မဲ့​သည့်​စိတ်​နှ​လုံး​များ သည်​လည်း​အ​မှောင်​ဖုံး​၍​နေ​၏။- သူ​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​ပ​ညာ​ရှိ​ဟု​ဆို သော်​လည်း​အ​မှန်​မှာ​ပ​ညာ​မဲ့​သူ​များ​ဖြစ် ကြ​၏။- သေ​ခြင်း​တ​ရား​ကင်း​သည့်​ဘု​ရား​သ​ခင်​ကို ဝတ်​ပြု​ကိုး​ကွယ်​မည့်​အ​စား​သေ​မျိုး​ဖြစ်​သည့် လူ၊ ငှက်၊ ခြေ​လေး​ချောင်း​သတ္တ​ဝါ၊ သို့​မ​ဟုတ်​တွား တတ်​သော​သတ္တ​ဝါ​၏​ပုံ​သဏ္ဌာန်​ကို​ဆောင်​သော ရုပ်​တု​များ​ကို​ကိုး​ကွယ်​ဝတ်​ပြု​ကြ​လေ သည်။ ထို​အ​ကြောင်း​ကြောင့်​ဘု​ရား​သ​ခင်​သည်​ထို​သူ တို့​အား မိ​မိ​တို့​၏​ကိ​လေ​သာ​စိတ်​ဆွဲ​ဆောင်​ရာ သို့​လိုက်​ပါ​စေ​ရန်​လည်း​ကောင်း၊ အ​ချင်း​ချင်း အား​ကိုယ်​ခန္ဓာ​အ​သ​ရေ​ပျက်​စေ​ရန်​လည်း ကောင်း​စွန့်​ပစ်​၍​ထား​တော်​မူ​၏။- သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​တ​ရား​မှန်​ကို အ​မှား​နှင့်​လဲ​လှယ်​ကြ​၏။ ဖန်​ဆင်း​တော်​မူ သော​အ​ရှင်​အ​စား​အ​ဖန်​ဆင်း​ခံ​အ​ရာ​ကို ကိုး​ကွယ်​ဝတ်​ပြု​ကြ​၏။ ဖန်​ဆင်း​တော်​မူ​သော အ​ရှင်​၏​ဂုဏ်​တော်​ကို​ထာ​ဝ​စဉ်​ချီး​မွမ်း ထော​မ​နာ​ပြု​ကြ​စေ​သ​တည်း။ အာ​မင်။ သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သူ​တို့​အား​ရှက် ဖွယ်​ကောင်း​သည့် ကိ​လေ​သာ​လက်​သို့​အပ်​လိုက် တော်​မူ​၏။ မိန်း​မ​တို့​ပင်​လျှင်​ဋ္ဌမ္မ​တာ​ထုံး​စံ အ​စား​ဆန့်​ကျင်​သော​ထုံး​စံ​ကို​ကျင့်​ကြ​၏။- ထို​နည်း​တူ​စွာ​ယောကျာ်း​တို့​သည်​လည်း မိန်း​မ များ​နှင့်​ဋ္ဌမ္မ​တာ​ထုံး​စံ​အ​တိုင်း​ဆက်​ဆံ​မှု​ကို မ​ပြု​ဘဲ ယောကျာ်း​အ​ချင်း​ချင်း​ရာ​ဂ​မီး​တောက် လောင်​လျက်​ရှိ​ကြ​၏။ ယောကျာ်း​တို့​သည်​အ​ချင်း ချင်း​အား​ရှက်​ကြောက်​ဖွယ်​သော​အ​မှု​တို့​ကို​ပြု ကြ​သ​ဖြင့် မိ​မိ​တို့​ဆိုး​ညစ်​သော​အ​ကျင့် အ​တွက်​ထိုက်​သင့်​သည့်​အ​ပြစ်​ဒဏ်​ကို​ခံ​ရ ကြ​၏။ ထို​သူ​တို့​သည်​ဘု​ရား​ကို​ဘု​ရား​ဟူ​၍ မ​အောက်​မေ့​ကြ​သ​ဖြင့် ဘု​ရား​သ​ခင်​သည် သူ​တို့​အား​စွန့်​ပစ်​တော်​မူ​သော​ကြောင့် သူ​တို့ သည်​မှန်​ကန်​စွာ​စဉ်း​စား​ဆင်​ခြင်​နိုင်​စွမ်း​မ​ရှိ တော့​ဘဲ​မ​ပြု​ကျင့်​သင့်​သော​အ​ရာ​များ​ကို ပြု​ကျင့်​ကြ​ကုန်​၏။- သူ​တို့​သည်​အ​မျိုး​မျိုး​သော​ဆိုး​ယုတ်​မိုက်​မဲ ခြင်း၊ ညစ်​ညမ်း​ခြင်း၊ လော​ဘ​တပ်​မက်​ခြင်း၊ အ​ကျင့်​ပျက်​ခြင်း၊ မ​နာ​လို​ခြင်း၊ သူ့​အ​သက် ကို​သတ်​ခြင်း၊ ရန်​ဖြစ်​ခြင်း၊ လှည့်​ဖြား​ခြင်း၊ ရန် ငြိုး​ဖွဲ့​ခြင်း​စ​သည့်​အ​ပြစ်​များ​ကို​ကူး​လွန် ကြ​၏။ သူ​တို့​သည်​ကုန်း​ချော​ပြော​ဆို​ကြ​၏။- သူ​တစ်​ပါး​၏​အ​သ​ရေ​ကို​ဖျက်​ကြ​၏။ ဘု​ရား သ​ခင်​ကို​မုန်း​သူ၊ စော်​ကား​သူ၊ မာန်​မာ​န​ထောင် လွှား​လျက်​ကြွား​ဝါ​သူ​များ​ဖြစ်​ကြ​၏။ မ​ကောင်း မှု​အ​မျိုး​မျိုး​ကို​တီ​ထွင်​ကြံ​စည်​တတ်​ကြ​၏။ မိ​မိ​တို့​မိ​ဘ​များ​၏​စ​ကား​ကို​နား​မ​ထောင် ကြ။- သြတ္တ​ပ္ပ​စိတ်​မ​ရှိ​ကြ။ က​တိ​မ​တည်​ကြ။ ကြင်​နာ​သ​နား​တတ်​သည့်​စိတ်​လည်း​မ​ရှိ။- ဤ​သို့​သော​အ​ကျင့်​ရှိ​သူ​တို့​သည်​သေ​ဒဏ်​ခံ ထိုက်​သည်​ဟု ဘု​ရား​သ​ခင်​ပြ​ဋ္ဌာန်း​ချက်​ကို​ထို သူ​တို့​သိ​လျက်​ပင် မိ​မိ​တို့​ကိုယ်​တိုင်​ဤ​အ​မှု များ​ကို​ဆက်​လက်​၍​ပြု​ကျင့်​ကြ​သည်​သာ မ​က၊ ဤ​သို့​ပြု​ကျင့်​ကြ​သူ​များ​ကို​လည်း အား​ပေး​အား​မြှောက်​ပြု​ကြ​သည်​တ​ကား။

ရောမ 1:21-32 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အကြောင်းမူကား သူ​တို့​သည် ဘုရားသခင်​ကို​သိ​လျက်​နှင့်​ပင် ဘုရား​အဖြစ်​ဘုန်း​တော်​ကို​မ​ချီးမွမ်း၊ ကျေးဇူး​လည်း​မ​တင်​ကြ​ပေ။ သူ​တို့​၏​တွေးတော​ကြံစည်​မှု​များ​သည် အချည်းနှီး​ဖြစ်​သွား​၍ သူ​တို့​၏​အသိတရား​ကင်းမဲ့​သော​စိတ်နှလုံး​ကို​လည်း အမှောင်​ဖုံးလွှမ်း​လေ​၏။ သူ​တို့​သည် မိမိတို့ကိုယ်ကို​ပညာရှိ​များ​ဖြစ်​သည်​ဟု​ဆို​လျက်​နှင့် မိုက်မဲ​သော​သူ​များ​ဖြစ်လာ​ကြ​ပြီး ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​သော ဘုရားသခင်​၏​ဘုန်း​အသရေ​တော်​ကို ဖောက်ပြန်​ပျက်စီး​တတ်​သော လူ၊ ကျေးငှက်၊ ခြေ​လေး​ချောင်း​သတ္တဝါ​နှင့် တွားသွား​သတ္တဝါ​တို့​၏​သဏ္ဌာန်​နှင့်​တူ​သော ရုပ်တု​ဖြင့် လဲလှယ်​ကြ​၏။ ထို့ကြောင့် ဘုရားသခင်​သည် သူ​တို့​အချင်းချင်း မိမိ​တို့​ကိုယ်ခန္ဓာ​အသရေ​ကို​ဖျက်ဆီး​စေရန် သူ​တို့​ကို မိမိ​တို့​စိတ်နှလုံး​တပ်မက်​သည့်​အတိုင်း ညစ်ညူး​ခြင်း​လက်​သို့ အပ်လိုက်​လေ​၏။ သူ​တို့​သည် ဘုရားသခင်​၏​သမ္မာတရား​ကို မုသား​နှင့်​လဲလှယ်​၍ ဖန်ဆင်း​တော်မူ​သော​အရှင်​အစား ဖန်ဆင်း​တော်မူ​သော​အရာ​ကို ကိုးကွယ်​ဝတ်ပြု​ကြ​၏။ ဖန်ဆင်း​တော်မူ​သော​အရှင်​သည် ကာလ​အစဉ်အဆက် မင်္ဂလာရှိ​တော်မူ​၏။ အာမင်။ ထို့ကြောင့် ဘုရားသခင်​သည် သူ​တို့​ကို ရှက်ဖွယ်​ကောင်း​သော​ကိလေသာ​လက်​သို့ အပ်လိုက်​သဖြင့် သူ​တို့​ထဲမှ မိန်းမ​တို့​ပင်လျှင် သဘာဝ​နှင့်​လျော်ညီ​သော​ဆက်ဆံ​မှု​ကို သဘာဝ​နှင့်​ဆန့်ကျင်​သော​ဆက်ဆံ​မှု​ဖြင့် လဲလှယ်​ကြ​၏။ ထိုနည်းတူ ယောက်ျား​တို့​သည်​လည်း မိန်းမ​နှင့်​သဘာဝ​နှင့်​လျော်ညီ​သော​ဆက်ဆံ​မှု​ကို​စွန့်​၍ သူ​တို့​အချင်းချင်း​ရာဂ​မီး​တောက်လောင်​စေ​လျက် ရှက်ဖွယ်​ကောင်း​သော​အမှု​ကို ယောက်ျား​အချင်းချင်း​ပြု​ကြ​သဖြင့် သူ​တို့​၏​မှားယွင်း​ခြင်း​နှင့်​ထိုက်သင့်​သော​အပြစ်ဒဏ်​ကို သူ​တို့​ကိုယ်တိုင်​ခံရ​ကြ​၏။ ထိုမှတစ်ပါး သူ​တို့​သည် ဘုရားသခင်​ကို​မ​သိ​မ​မှတ်​လို​သောကြောင့် ဘုရားသခင်​သည် သူ​တို့​ကို ယုတ်ညံ့​သော​စိတ်​ထံသို့ အပ်လိုက်​တော်မူ​သဖြင့် သူ​တို့​သည် မ​ပြုအပ်​သော​အရာ​များ​ကို ပြု​ကြ​ကုန်​၏။ သူ​တို့​သည် အလုံးစုံ​သော မတရားမှု၊ ဆိုးညစ်​မှု၊ လောဘ​လွန်ကျူး​မှု​နှင့် မကောင်းမှု​တို့​ဖြင့် ပြည့်ဝ​လျက်​ရှိ​ကြ​ပြီး မလိုမုန်းထား​ခြင်း၊ လူ​သတ်​ခြင်း၊ ပဋိပက္ခ​ဖြစ်​ခြင်း၊ စဉ်းလဲ​ခြင်း၊ ရန်ငြိုး​ဖွဲ့​ခြင်း​တို့​ဖြင့် ပြည့်နှက်​ကြ​ကာ အတင်းအဖျင်း​ပြောဆို​သော​သူ၊ ပုတ်ခတ်​ပြောဆို​သော​သူ၊ ဘုရားသခင်​ကို​မုန်း​သော​သူ၊ မိုက်ရိုင်း​သော​သူ၊ မာန​ထောင်လွှား​သော​သူ၊ ကြွားဝါ​သော​သူ၊ မကောင်း​သော​အမှု​များ​ကို တီထွင်​ကြံစည်​သော​သူ၊ မိဘ​စကား​ကို​နားမထောင်​သော​သူ၊ အသိတရား​ကင်းမဲ့​သော​သူ၊ ကတိ​မ​တည်​သော​သူ၊ ကြင်နာစိတ်​ကင်းမဲ့​သော​သူ၊ သနား​ခြင်း​စိတ်​မ​ရှိ​သော​သူ​များ​ဖြစ်​ကြ​၏။ ဤ​အရာ​များ​ကို​ပြုကျင့်​သော​သူ​တို့​သည် သေဒဏ်​ခံ​ထိုက်​၏​ဟူသော​ဘုရားသခင်​၏​ပြဋ္ဌာန်း​ချက်​ကို သူ​တို့​သိ​လျက်​နှင့်​ပင် သူ​တို့​ကိုယ်တိုင်​ပြု​ကြ​သည်​သာမက ထိုသို့​ပြုကျင့်​သော​သူ​များ​ကို​လည်း သဘောတူ​ထောက်ခံ​ကြ​၏။