YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 1:18-25

ရောမ 1:18-25 Judson Bible (JBMLE)

သ​မ္မာ​တ​ရား​ကို​အ​ဓ​မ္မ​ဖြင့် ဆီး​တား​နှိပ်​စက်​သော​သူ​တို့ ပြု​တတ်​သော ဘု​ရား​မဲ့​နေ​ခြင်း​အ​မှု၊ တ​ရား​ကို လွန်​ကျူး​ခြင်း အ​မှု​အ​မျိုး​မျိုး​တို့ တစ်​ဖက်၌ ဘု​ရား​သ​ခင်၏ အ​မျက်​တော်​သည် ကောင်း​ကင်​မှ ထင်​ရှား​လျက်​ရှိ၏။- အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ သိ​အပ်​သော ဘု​ရား​သ​ခင်၏ အ​ကြောင်း​အ​ရာ​တို့​သည် သူ​တို့​တွင် ထင်​ရှား​လျက်​ရှိ၏။ ဘု​ရား​သ​ခင်​သည် သူ​တို့​အား ပြ​တော်​မူ​ပြီ။- အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ဖန်​ဆင်း​တော်​မူ​သော အ​ရာ​များ​ကို ထောက်​ရှု​သ​ဖြင့်၊ ထာ​ဝ​ရ​တန်​ခိုး​တော်​နှင့် ထာ​ဝ​ရ​အ​ဖြစ်​တော်​တည်း​ဟူ​သော မျက်​မြင်​မ​ရ​သော ဘု​ရား​သ​ခင်၏​အ​ရာ​တို့​သည် က​မ္ဘာ​တည်​သည်​ကာ​လ​မှ​စ၍ ထင်​ရှား​လျက်​ရှိ​ကြ၏။ ထို​ကြောင့်​သူ​တို့​သည် ကိုယ်​အ​ပြစ်​ကို မ​ဖုံး​နိုင်​ရာ။- အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို သိ​လျက်​ပင်၊ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​သင့်​သည်​အ​တိုင်း မ​ချီး​မွမ်း၊ ကျေး​ဇူး​တော်​ကို​လည်း မ​သိ​မ​မှတ်၊ အ​ချည်း​နှီး​တွေး​ဆ​ခြင်း၊ သ​တိ​မ​ရှိ​သော​စိတ်​နှ​လုံး​မိုက်​မဲ​ခြင်း​သို့ ရောက်​ကြ၏။- ပ​ညာ​ရှိ​ယောင်​ဆောင်​လျက်​နှင့် လူ​မိုက်​အ​ရာ၌ တည်​ကြ​သည်​ဖြစ်၍၊- မ​ဖောက်​ပြန်​မ​ပျက်​စီး​နိုင်​သော ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို​ပယ်​လျက်၊ ဖောက်​ပြန်​ပျက်​စီး​တတ်​သော လူ၏​ရုပ်​တု၊ သား​ငှက်​အ​စ​ရှိ​သော တွား​တတ်​သော တိ​ရ​စ္ဆာန်၏​ရုပ်​တု​ကို ဘု​ရား​သ​ခင်​အ​ရာ၌ ချီး​မြှောက်​ကြ၏။ ထို​ကြောင့်​သူ​တို့​သည် မိ​မိ​တို့​ကိုယ်​ကာ​ယ၏ အ​သ​ရေ​ကို အ​ချင်း​ချင်း​ရှုတ်​ချ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် သူ​တို့​ကို သူ​တို့၏ ကိ​လေ​သာ​စိတ်​ညစ်​ညူး​ခြင်း​လက်​သို့ အပ်​လိုက်​တော်​မူ၏။- သူ​တို့​သည် မှန်​သော​ဘု​ရား​သ​ခင့်​အ​ရာ၌ အ​မှား​ကို​ထား​လျက်၊ ဖန်​ဆင်း​တတ်​သော သ​ခင်​ကို​ပယ်၍ ဖန်​ဆင်း​အပ်​သော​အ​ရာ​ကို ဝတ်​ပြု​ကိုး​ကွယ်​သော​သူ ဖြစ်​ကြ၏။ ထို​သ​ခင်​သည် ထာ​ဝ​ရ​မင်္ဂ​လာ​ရှိ​တော်​မူ၏။ အာ​မင်။

ရောမ 1:18-25 Common Language Bible (BCL)

အ​မှန်​တ​ရား​ကို​လူ​တို့​မ​သိ​စေ​ရန်​ဆီး​တား ပိတ်​ပင်​သော၊ ဆိုး​ညစ်​မှု​ကို​ပြု​ကျင့်​သော​ဘု​ရား မဲ့​သူ​တို့​၏​အ​ပြစ်​နှင့်​ဆိုး​ညစ်​မှု​အ​ပေါင်း​တို့ အ​ပေါ်​သို့ ကောင်း​ကင်​မှ​ဘု​ရား​သ​ခင်​၏​အ​မျက် တော်​သည်​သက်​ရောက်​လျက်​ရှိ​ကြောင်း​ပေါ်​လွင် ထင်​ရှား​လာ​ပြီ။- ထို​သူ​တို့​အား​ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင် ရှင်း​လင်း​စွာ​ဖော်​ပြ​တော်​မူ​သ​ဖြင့် ကိုယ်​တော် ၏​အ​ကြောင်း​နှင့်​ပတ်​သက်​၍​သိ​နိုင်​ခွင့်​ရှိ​သ​မျှ သော​အ​ကြောင်း​အ​ရာ​တို့​ကို​ရှင်း​လင်း​စွာ​သိ​ရ ကြ​၏။ ဤ​အ​ကြောင်း​ကြောင့်​ဘု​ရား​သ​ခင် သည်​သူ​တို့​အား​ဒဏ်​ခတ်​တော်​မူ​ခြင်း​ဖြစ်​၏။- ကမ္ဘာ​လော​က​ကို​ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ ချိန်​မှ​စ​၍ လူ​တို့​သည်​ကိုယ်​တော်​၏​ထာ​ဝ​ရ တန်​ခိုး​တော်​နှင့် ဘု​ရား​သ​ခင်​၏​အ​ဖြစ်​တော် တည်း​ဟူ​သော​မျက်​မြင်​မ​ရ​သော​ဂုဏ်​အင်္ဂါ များ​ကို​ကောင်း​စွာ​သိ​နား​လည်​နိုင်​လေ​သည်။ သူ​တို့​သည်​ဤ​သို့​သော​ကိုယ်​တော်​၏​ဂုဏ်​အင်္ဂါ လက္ခ​ဏာ​များ​ကို​မ​မြင်​နိုင်​သော်​လည်း​သိ နိုင်​ကြ​၏။ ယင်း​သို့​သိ​နိုင်​ခြင်း​မှာ​သူ​တို့ သည်​ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​သော​အ​ရာ များ​ကို​တွေ့​မြင်​နိုင်​သော​ကြောင့်​ဖြစ်​၏။ ထို့ ကြောင့်​ထို​သူ​တို့​မှာ​မိမိ​တို့​ကူး​လွန်​သည့် အ​ပြစ်​များ​အ​တွက်​ဆင်​ခြေ​ပေး​စ​ရာ မ​ရှိ​တော့​ပေ။- သူ​တို့​သည်​ဘု​ရား​သ​ခင်​ကို​သိ​ကြ​သော် လည်း ကိုယ်​တော်​၏​ဂုဏ်​တော်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​သင့်​လျက်​နှင့်​မ​ချီး​မွမ်း​ကြ။ ချီး​မွမ်း မည့်​အ​စား​အ​ကျိုး​မဲ့​သည့်​အ​ရာ​များ​ကို သာ တွေး​တော​ဆင်​ခြင်​လျက်​နေ​ကြ​၏။ သူ​တို့ ၏​အ​သိ​ဉာဏ်​ကင်း​မဲ့​သည့်​စိတ်​နှ​လုံး​များ သည်​လည်း​အ​မှောင်​ဖုံး​၍​နေ​၏။- သူ​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​ပ​ညာ​ရှိ​ဟု​ဆို သော်​လည်း​အ​မှန်​မှာ​ပ​ညာ​မဲ့​သူ​များ​ဖြစ် ကြ​၏။- သေ​ခြင်း​တ​ရား​ကင်း​သည့်​ဘု​ရား​သ​ခင်​ကို ဝတ်​ပြု​ကိုး​ကွယ်​မည့်​အ​စား​သေ​မျိုး​ဖြစ်​သည့် လူ၊ ငှက်၊ ခြေ​လေး​ချောင်း​သတ္တ​ဝါ၊ သို့​မ​ဟုတ်​တွား တတ်​သော​သတ္တ​ဝါ​၏​ပုံ​သဏ္ဌာန်​ကို​ဆောင်​သော ရုပ်​တု​များ​ကို​ကိုး​ကွယ်​ဝတ်​ပြု​ကြ​လေ သည်။ ထို​အ​ကြောင်း​ကြောင့်​ဘု​ရား​သ​ခင်​သည်​ထို​သူ တို့​အား မိ​မိ​တို့​၏​ကိ​လေ​သာ​စိတ်​ဆွဲ​ဆောင်​ရာ သို့​လိုက်​ပါ​စေ​ရန်​လည်း​ကောင်း၊ အ​ချင်း​ချင်း အား​ကိုယ်​ခန္ဓာ​အ​သ​ရေ​ပျက်​စေ​ရန်​လည်း ကောင်း​စွန့်​ပစ်​၍​ထား​တော်​မူ​၏။- သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​တ​ရား​မှန်​ကို အ​မှား​နှင့်​လဲ​လှယ်​ကြ​၏။ ဖန်​ဆင်း​တော်​မူ သော​အ​ရှင်​အ​စား​အ​ဖန်​ဆင်း​ခံ​အ​ရာ​ကို ကိုး​ကွယ်​ဝတ်​ပြု​ကြ​၏။ ဖန်​ဆင်း​တော်​မူ​သော အ​ရှင်​၏​ဂုဏ်​တော်​ကို​ထာ​ဝ​စဉ်​ချီး​မွမ်း ထော​မ​နာ​ပြု​ကြ​စေ​သ​တည်း။ အာ​မင်။

ရောမ 1:18-25 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဘုရားသခင်​၏​အမျက်​တော်​သည် ကောင်းကင်​မှ​ထင်ရှား​လျက် သမ္မာတရား​ကို မတရားမှု​ဖြင့်​တားဆီး​ပိတ်ပင်​သော​သူ​တို့​၏​ဘုရား​တရား​မဲ့​ခြင်း​နှင့် မတရားမှု​အလုံးစုံ​တို့​အပေါ်သို့ သက်ရောက်​၏။ အဘယ်ကြောင့်​ဆိုသော် ဘုရားသခင်​သည် မိမိ​နှင့်​ပတ်သက်၍ သိ​အပ်​သော​အရာ​တို့​ကို သူ​တို့​အား​ထင်ရှား​စေ​တော်မူ​ပြီ​ဖြစ်၍ ထို​အရာ​တို့​သည် သူ​တို့​၌ ထင်ရှား​လျက်​ရှိ​၏။ တစ်နည်း​အားဖြင့် ကမ္ဘာ​လောက​ကို​ဖန်ဆင်း​တော်မူ​ချိန်​မှစ၍ ဘုရားသခင်​၏​မ​မြင်ရ​သော​ဂုဏ်​အင်္ဂါ​များ​တည်းဟူသော ကိုယ်တော်​၏​ထာဝရ​တန်ခိုး​တော်​နှင့် ဘုရား​ဖြစ်​တော်မူ​ခြင်း​တို့​သည် ဖန်ဆင်း​တော်မူ​သော​အရာ​များ​အားဖြင့် ရှင်းလင်း​စွာ​သိ​နိုင်​သည်​ဖြစ်၍ သူ​တို့​သည် ဆင်ခြေ​ပေး​၍​မ​ရ​နိုင်​ကြ။ အကြောင်းမူကား သူ​တို့​သည် ဘုရားသခင်​ကို​သိ​လျက်​နှင့်​ပင် ဘုရား​အဖြစ်​ဘုန်း​တော်​ကို​မ​ချီးမွမ်း၊ ကျေးဇူး​လည်း​မ​တင်​ကြ​ပေ။ သူ​တို့​၏​တွေးတော​ကြံစည်​မှု​များ​သည် အချည်းနှီး​ဖြစ်​သွား​၍ သူ​တို့​၏​အသိတရား​ကင်းမဲ့​သော​စိတ်နှလုံး​ကို​လည်း အမှောင်​ဖုံးလွှမ်း​လေ​၏။ သူ​တို့​သည် မိမိတို့ကိုယ်ကို​ပညာရှိ​များ​ဖြစ်​သည်​ဟု​ဆို​လျက်​နှင့် မိုက်မဲ​သော​သူ​များ​ဖြစ်လာ​ကြ​ပြီး ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​သော ဘုရားသခင်​၏​ဘုန်း​အသရေ​တော်​ကို ဖောက်ပြန်​ပျက်စီး​တတ်​သော လူ၊ ကျေးငှက်၊ ခြေ​လေး​ချောင်း​သတ္တဝါ​နှင့် တွားသွား​သတ္တဝါ​တို့​၏​သဏ္ဌာန်​နှင့်​တူ​သော ရုပ်တု​ဖြင့် လဲလှယ်​ကြ​၏။ ထို့ကြောင့် ဘုရားသခင်​သည် သူ​တို့​အချင်းချင်း မိမိ​တို့​ကိုယ်ခန္ဓာ​အသရေ​ကို​ဖျက်ဆီး​စေရန် သူ​တို့​ကို မိမိ​တို့​စိတ်နှလုံး​တပ်မက်​သည့်​အတိုင်း ညစ်ညူး​ခြင်း​လက်​သို့ အပ်လိုက်​လေ​၏။ သူ​တို့​သည် ဘုရားသခင်​၏​သမ္မာတရား​ကို မုသား​နှင့်​လဲလှယ်​၍ ဖန်ဆင်း​တော်မူ​သော​အရှင်​အစား ဖန်ဆင်း​တော်မူ​သော​အရာ​ကို ကိုးကွယ်​ဝတ်ပြု​ကြ​၏။ ဖန်ဆင်း​တော်မူ​သော​အရှင်​သည် ကာလ​အစဉ်အဆက် မင်္ဂလာရှိ​တော်မူ​၏။ အာမင်။