YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 3:14-22

ဗျာဒိတ် 3:14-22 Judson Bible (JBMLE)

လော​ဒိ​ကိ​မြို့၌​ရှိ​သော အ​သင်း​တော်၏​တ​မန်​ကို ဤ​သို့ ရေး၍ မှာ​လိုက်​လော့။ ဘု​ရား​သ​ခင်၏ ဝေ​နေ​ယျ​သ​တ္တ​ဝါ​တို့​အ​ထွတ်၊ သ​စ္စာ​ရှိ၍ ဟုတ်​မှန်​သော သက်​သေ​ခံ၊ အာ​မင်၏ အ​မိန့်​တော်​ကား၊- သင်၏​အ​ကျင့်​ကို ငါ​သိ၏။ သင်​သည် အ​ဧ​မ​ဟုတ်၊ အ​ပူ​မ​ဟုတ်​သည်​ကို ငါ​သိ၏။ ဧ​ခြင်း​ဖြစ်​စေ၊ ပူ​ခြင်း​ဖြစ်​စေ၊ တစ်​ခု​ခု​ကို ငါ​အ​လို​ရှိ၏။- ထို​သို့ အ​ဧ​မ​ဟုတ်၊ အ​ပူ​မ​ဟုတ်၊ နွေး​ရုံ​ရှိ​သော​ကြောင့် ငါ၏​ခံ​တွင်း​သည် သင့်​ကို​ထွေး​လု​ပြီ။- သင်​က​လည်း၊ ငါ​သည် ဥ​စ္စာ​ရ​တတ်၏။ ဘ​ဏ္ဍာ​များ​ကို ဆည်း​ပူး​ပြီ။ တစ်​စုံ​တစ်​ခု​ကို​မျှ​မ​လို​ဟု​ပြော​ဆို၍ ကိုယ်​တိုင်​ပင်​ပန်း​ခြင်း၊ သ​နား​ဖွယ်​ဖြစ်​ခြင်း၊ ဆင်း​ရဲ​ခြင်း၊ မျက်​စိ​ကန်း​ခြင်း၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​ခြင်း ဖြစ်​သည်​ကို မ​သိ​ပါ​တ​ကား။- သင်​သည် ဥ​စ္စာ​ရ​တတ်​ခြင်း​ငှာ၊ မီး​နှင့်​ချွတ်​ပြီး​သော ရွှေ​ကို​လည်း​ကောင်း၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ၍၊ သူ​တစ်​ပါး ရှေ့​တွင် မ​ရှက်​စေ​ခြင်း​ငှာ ခြုံ​စ​ရာ​ဖို့၊ ဖြူ​သော​အ​ဝတ်​ကို​လည်း​ကောင်း ငါ့​ထံ​မှာ​ဝယ်​လော့။ သင်၏​မျက်​စိ​မြင်​စေ​ခြင်း​ငှာ၊ မျက်​စိ၌ မျက်​စဉ်း​ခတ်​လော့​ဟု သင့်​အား​ငါ​သည် အ​ကြံ​ပေး၏။- ငါ​ချစ်​သ​မျှ​သော သူ​တို့၏​အ​ပြစ်​ကို ငါ​စစ်​ဆေး၍ သူ​တို့​ကို​ဆုံး​မ​တတ်၏။ ထို​ကြောင့် ကိုယ်​စိတ်​ကို ကိုယ်​နှိုး​ဆော်​လော့။ နောင်​တ​ရ​လော့။- ငါ​သည် တံ​ခါး​ရှေ့​မှာ​ရပ်၍ ခေါက်​လျက်​နေ၏။ အ​ကြင်​သူ​သည် ငါ၏​အ​သံ​ကို ကြား၍​တံ​ခါး​ကို​ဖွင့်​အံ့၊ ထို​သူ​ရှိ​ရာ​သို့​ငါ​ဝင်၍ သူ​နှင့်​အ​တူ စား​သောက်​မည်။ သူ​သည်​လည်း ငါ​နှင့်​အ​တူ စား​သောက်​ရ​လိမ့်​မည်။- ငါ​သည်​အောင်​မြင်၍ ငါ့​ခ​မည်း​တော်၏ ပ​လ္လင်​တော်​ပေါ်​မှာ ခ​မည်း​တော်​နှင့်​အ​တူ ထိုင်​နေ​သ​ကဲ့​သို့၊ အောင်​မြင်​သော​သူ​သည် ငါ၏​ပ​လ္လင်​ပေါ်​မှာ ငါ​နှင့်​အ​တူ ထိုင်​နေ​ရ​သော​အ​ခွင့်​ကို ငါ​ပေး​မည်။- ဝိ​ညာဉ်​တော်​သည် အ​သင်း​တော်​တို့​အား အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ​ဟု မိန့်​တော်​မူ၏။

ဗျာဒိတ် 3:14-22 Common Language Bible (BCL)

``လော​ဒိ​ကိ​အ​သင်း​တော်​၏​ကောင်း​ကင်​တ​မန် ထံ​သို့​ဤ​သို့​စာ​ရေး​၍​သြ​ဝါ​ဒ​ပေး​လော့။ ဤ​သြ​ဝါ​ဒ​သည်​ဘု​ရား​သခင်​ဖန်​ဆင်း​တော်​မူ သော​အ​ရာ​အ​ပေါင်း​တို့​၏​အ​စ​မူ​လ​ဖြစ်​တော် မူ​သော၊ သစ္စာ​ရှိ​၍​ဟုတ်​မှန်​သော​သက်​သေ​ခံ​ဖြစ် တော်​မူ​သော​အာ​မင်​၏​ထံ​မှ​ဖြစ်​သည်။- သင်​ပြု​ခဲ့​သည့်​အ​မှု​ကို​ငါ​သိ​၏။ သင်​သည်​အ​ပူ လည်း​မ​ဟုတ်၊ အ​အေး​လည်း​မ​ဟုတ်​သည်​ကို​ငါ သိ​၏။ သင်​သည်​အ​ပူ​သို့​မ​ဟုတ်​အ​အေး​တစ်​ခု ခု​ဖြစ်​စေ​ရန်​ငါ​အ​လို​ရှိ​၏။- သို့​ရာ​တွင်​သင်​သည်​မ​ပူ​မ​အေး​နွေး​ရုံ​သာ​ရှိ သ​ဖြင့် သင့်​အား​ငါ​၏​ခံ​တွင်း​မှ​ထွေး​ထုတ်​မည်။- ``ငါ​သည်​ချမ်း​သာ​ကြွယ်​ဝ​၏။ ငါ့​မှာ​လို​လေ သေး​မ​ရှိ'' ဟု​သင်​ဆို​၏။ သို့​ရာ​တွင်​မိ​မိ​သည် အ​ဘယ်​မျှ​ဆင်း​ရဲ​ငြို​ငြင်​သ​နား​စ​ရာ​ကောင်း သည်​ကို​သင်​သိ​၏။ သင်​သည်​ချို့​တဲ့​လျက်၊ မျက် စိ​ကန်း​လျက်​အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​လျက် နေ​ပါ​သည်​တ​ကား။- သို့​ဖြစ်​၍​သင်​သည်​ချမ်း​သာ​ကြွယ်​ဝ​ခြင်း​ငှာ​ရွှေ စင်​ကို ငါ့​ထံ​မှ​ဝယ်​ယူ​ရန်​ငါ​အ​ကြံ​ပေး​၏။ ထို့ အ​ပြင်​အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​မှု​နှင့်​အ​ရှက် ကို​ဖုံး​ရန်​ဝတ်​ဖြူ​စင်​ကြယ်​ကို​လည်း​ကောင်း၊ မျက် စိ​အ​လင်း​ရ​စေ​ရန်​မျက်​စဉ်း​ဆေး​ကို​လည်း ငါ့​ထံ​မှ​ဝယ်​ယူ​လော့။- ငါ​သည်​မိ​မိ​ချစ်​သော​သူ​အ​ပေါင်း​တို့​အား ဆုံး​မ​၍​အ​ပြစ်​ဒဏ်​ပေး​တတ်​၏။ ထို​ကြောင့် သင်​သည်​စိတ်​အား​ထက်​သန်​လော့။ နောင်​တ ရ​လော့။- နား​ထောင်​လော့။ ငါ​သည်​တံ​ခါး​ရှေ့​တွင်​ရပ်​၍ တံ​ခါး​ခေါက်​လျက်​နေ​၏။ ငါ​၏​အ​သံ​ကို​ကြား ၍​တံ​ခါး​ကို​ဖွင့်​သော​သူ​၏​အိမ်​သို့​ငါ​ဝင်​ပြီး လျှင်​သူ​နှင့်​အ​တူ​စား​သောက်​မည်။ သူ​သည် လည်း​ငါ​နှင့်​အ​တူ​စား​သောက်​ရ​လိမ့်​မည်။- ငါ​သည်​အောင်​မြင်​၍​ငါ့​ခ​မည်း​တော်​၏​ပလ္လင် ပေါ်​မှာ​ကိုယ်​တော်​နှင့်​အ​တူ​ထိုင်​နေ​သ​ကဲ့​သို့ အောင်​မြင်​သူ​အား​ပလ္လင်​ပေါ်​မှာ​ငါ​နှင့်​အ​တူ ထိုင်​ရ​သော​အ​ခွင့်​ကို​ငါ​ပေး​မည်။ ``အ​သင်း​တော်​တို့​အား​ဝိညာဉ်​တော်​မိန့်​တော်​မူ သော​စ​ကား​များ​ကို​ကြား​တတ်​သော​နား​ရှိ​သူ တို့​ကြား​ပါ​စေ။

ဗျာဒိတ် 3:14-22 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

လောဒိကိ​မြို့​၌​ရှိ​သော အသင်းတော်​၏​စေတမန်​အား ဤသို့​ရေး​လိုက်​လော့။ အာမင်​ဖြစ်​သော​သူ၊ သစ္စာ​ရှိ​သည့် ဖြောင့်မှန်​သော​သက်သေ၊ ဘုရားသခင်​၏​ဖန်ဆင်း​တော်မူ​ခြင်း​တွင် အစအဦး​ဖြစ်​သော​သူ​က ဤသို့​မိန့်​တော်မူ​၏။ သင်​၏​လုပ်ဆောင်​မှု​များ​ကို ငါ​သိ​၏။ သင်​သည် အအေး​လည်း​မ​ဟုတ်၊ အပူ​လည်း​မ​ဟုတ်။ ငါ​သည် သင့်​အား အအေး​၊ သို့မဟုတ် အပူ​တစ်ခုခု​ဖြစ်​စေ​လို​၏။ သင်​သည် ဤသို့ အပူ​လည်း​မ​ဟုတ်၊ အအေး​လည်း​မ​ဟုတ်၊ မ​ပူ​မ​အေး​ဖြစ်​နေ​သောကြောင့် သင့်​ကို ငါ့​ခံတွင်း​ထဲမှ ထွေးထုတ်​တော့မည်။ သင်​က ‘ငါ​သည် ချမ်းသာ​၍​ကြွယ်ဝ​သောကြောင့် မည်သည့်​လိုအပ်​ချက်​မျှ​မ​ရှိ’ဟု ဆို​နေ​၏။ သို့သော် သင်​သည် အလွန်​စိတ်ပျက်​ဖွယ်​ကောင်း​သော​သူ၊ သနား​စရာ​ကောင်း​သော​သူ၊ ဆင်းရဲ​သော​သူ၊ မျက်စိ​မ​မြင်​သော​သူ​နှင့် အဝတ်မပါ​အချည်းစည်း​ဖြစ်​သော​သူ​ဖြစ်​ကြောင်း​ကို သင်​မ​သိ။ သင်​သည် ချမ်းသာ​လာ​စေရန် မီး​ဖြင့်​ချွတ်​၍​သန့်စင်​ထား​သော​ရွှေ​ကို​လည်းကောင်း၊ သင်​၏​အဝတ်​အချည်းစည်း​ဖြစ်​ခြင်း​အရှက်​ကို​မ​ပေါ်​စေရန် သင်​ဝတ်​ဖို့ ဖြူ​သော​ဝတ်ရုံ​ကို​လည်းကောင်း၊ သင်​၏​မျက်စိ​ပြန်​မြင်​စေရန် မျက်စိ​ခတ်​ဖို့ မျက်စဉ်း​ကို​လည်းကောင်း ငါ့​ထံမှ​ဝယ်ယူ​ရန် သင့်​အား ငါ​အကြံပေး​၏။ ငါ​သည် ငါ​ချစ်​သမျှ​သော​သူ​တို့​၏​အပြစ်​ကို​ဖော်ပြ​၍ ဆုံးမ​ပဲ့ပြင်​တတ်​၏။ ထို့ကြောင့် စိတ်အားထက်သန်​ခြင်း​ရှိ​၍ နောင်တရ​လော့။ ကြည့်ရှု​လော့။ ငါ​သည် တံခါး​ရှေ့မှာ​ရပ်​၍ ခေါက်​လျက်​နေ​၏။ မည်သူ​မဆို ငါ့​အသံ​ကို​ကြား​၍ တံခါး​ကို​ဖွင့်​လျှင် ထို​သူ​ရှိ​ရာ​သို့ ငါ​ဝင်​ပြီး သူ​နှင့်အတူ​စားသောက်​မည်။ သူ​သည်​လည်း ငါ​နှင့်အတူ​စားသောက်​ရ​လိမ့်မည်။ ငါ​သည် အောင်မြင်​၍ ငါ့​ခမည်းတော်​နှင့်အတူ ခမည်းတော်​၏​ပလ္လင်​ပေါ်တွင်​ထိုင်​ရ​သကဲ့သို့ အောင်မြင်​သော​သူ​အား ငါ​၏​ပလ္လင်​ပေါ်တွင် ငါ​နှင့်အတူ​ထိုင်​ရ​သော​အခွင့်​ကို ငါ​ပေး​မည်။ ဝိညာဉ်​တော်​က အသင်းတော်​များ​အား မိန့်​တော်မူ​သော​အရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါစေ”​ဟု မိန့်​တော်မူ​၏​။