YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 21:4-5

ဗျာဒိတ် 21:4-5 Common Language Bible (BCL)

ကိုယ်​တော်​သည်​သူ​တို့​၏​မျက်​ရည်​ရှိ​သ​မျှ​ကို သုတ်​တော်​မူ​မည်။ နောက်​တစ်​ဖန်​သေ​ခြင်း၊ ဝမ်း​နည်း ပူ​ဆွေး​ခြင်း၊ ငို​ကြွေး​ခြင်း၊ နာ​ကျင်​ခြင်း​တို့​သည် ရှိ​ကြ​တော့​မည်​မ​ဟုတ်။ ရှေး​အ​ရာ​တို့​သည် ပျောက်​ကွယ်​သွား​ပြီ'' ဟု​ဆို​၏။ ပလ္လင်​တော်​ပေါ်​တွင်​စံ​တော်​မူ​သော​အ​ရှင်​က``ယ​ခု အ​ခါ​၌​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​ငါ​အ​သစ် ဖန်​ဆင်း​ပြီ'' ဟု​မိန့်​တော်​မူ​၏။ ကိုယ်​တော်​က​ငါ့ အား``ဤ​စ​ကား​သည်​သစ္စာ​စ​ကား၊ ဟုတ်​မှန်​သော စ​ကား​ဖြစ်​၏။ ရေး​မှတ်​၍​ထား​လော့'' ဟု​မိန့်​တော် မူ​၏။

ဗျာဒိတ် 21:4-5 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ကိုယ်တော်​သည် သူ​တို့​၏​မျက်စိ​မှ​မျက်ရည်​ရှိသမျှ​တို့​ကို သုတ်​ပေး​တော်မူ​လိမ့်မည်။ သေ​ခြင်း​သည် ရှိ​တော့မည်​မ​ဟုတ်။ ဝမ်းနည်း​ကြေကွဲ​ခြင်း၊ အော်ဟစ်​ငိုကြွေး​ခြင်း​နှင့် နာကျင်​ခြင်း​ဝေဒနာ​တို့​သည်​လည်း ရှိ​တော့မည်​မ​ဟုတ်။ အကြောင်းမူကား ယခင်​ဖြစ်​ခဲ့​သော​အရာ​တို့​သည် ပျောက်ကွယ်​သွား​ကြ​ပြီ”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။ ပလ္လင်​ပေါ်တွင်​ထိုင်​တော်မူ​သော​အရှင်​က​လည်း “ကြည့်ရှု​လော့။ ငါ​သည် အရာ​ခပ်သိမ်း​တို့​ကို အသစ်​ဖြစ်​စေ​၏”​ဟု မိန့်​တော်မူ​ပြီးလျှင် “ရေး​ထား​လော့။ ဤ​စကား​တို့​သည် သစ္စာ​စကား၊ မှန်ကန်​သော​စကား​ဖြစ်​ကြ​၏”​ဟု မိန့်​တော်မူ​၏။