YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 21:3-6

ဗျာဒိတ် 21:3-6 Judson Bible (JBMLE)

ကောင်း​ကင်​မှ​ကြီး​သော အ​သံ​ကား၊ ဘု​ရား​သ​ခင်၏ တဲ​တော်​သည် လူ​တို့​တွင်​ရှိ၏။ လူ​တို့​နှင့်​အ​တူ ကျိန်း​ဝပ်​တော်​မူ​မည်။ သူ​တို့​သည် ကိုယ်​တော်၏​လူ ဖြစ်​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​တိုင် သူ​တို့​နှင့်​အ​တူ​ရှိ​နေ၍ သူ​တို့၏ ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​မည်။- ဘု​ရား​သ​ခင်​သည် သူ​တို့၏ မျက်​စိ၌ မျက်​ရည်​ရှိ​သ​မျှ​တို့​ကို သုတ်​တော်​မူ​မည်။ နောက်​တစ်​ဖန် သေ​ဘေး​မ​ရှိ​ရ။ စိတ်​မ​သာ ညည်း​တွား​ခြင်း၊ အော်​ဟစ်​ခြင်း၊ ပင်​ပန်း​ခြင်း​လည်း မ​ရှိ​ရ။ အ​ကြောင်း​မူ​ကား၊ ရှေး​ဖြစ်​ဖူး​သော​အ​ရာ​တို့​သည် ရွေ့​သွား​ကြ​ပြီ။- ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သော​သူ​က​လည်း၊ ငါ​သည် ခပ်​သိမ်း​သော အ​ရာ​တို့​ကို အ​သစ် ဖန်​ဆင်း​သည်​ဟု မိန့်​တော်​မူ၏။ တစ်​ဖန်​တုံ၊ ရေး​ထား​လော့။ ဤ​စ​ကား​သည် သ​စ္စာ​စ​ကား၊ ဟုတ်​မှန်​သော​စ​ကား​ဖြစ်၏ ဟူ၍​လည်း​ကောင်း၊- အ​မှု​ပြီး​ပြီ။ ငါ​သည် အာ​လ​ဖ​ဖြစ်၏။ ဩ​မေ​ဃ​လည်း ဖြစ်၏။ အ​စ​နှင့်​အ​ဆုံး​လည်း ဖြစ်၏။ ရေ​ငတ်​သော​သူ​အား အ​သက်​စမ်း​ရေ​ကို အ​ဖိုး​မ​ယူ​ဘဲ ငါ​ပေး​မည်။

ဗျာဒိတ် 21:3-6 Common Language Bible (BCL)

ငါ​သည်​ပလ္လင်​တော်​မှ​ကျယ်​စွာ​သော​အ​သံ​ကို ကြား​ရ​၏။ ထို​အ​သံ​က``ယ​ခု​အ​ခါ​၌​ဘု​ရား သ​ခင်​သည်​လူ​သား​တို့​ထံ​တွင်​ကျိန်း​ဝပ်​တော် မူ​ပြီ။ ကိုယ်​တော်​သည်​သူ​တို့​နှင့်​အ​တူ​နေ​တော် မူ​မည်။ ထို​သူ​တို့​သည်​ကိုယ်​တော်​၏​လူ​စု​တော် ဖြစ်​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင် ပင်​လျှင်​သူ​တို့​နှင့်​အ​တူ​ရှိ​နေ​တော်​မူ​၍​သူ တို့​၏​ဘု​ရား​ဖြစ်​မည်။- ကိုယ်​တော်​သည်​သူ​တို့​၏​မျက်​ရည်​ရှိ​သ​မျှ​ကို သုတ်​တော်​မူ​မည်။ နောက်​တစ်​ဖန်​သေ​ခြင်း၊ ဝမ်း​နည်း ပူ​ဆွေး​ခြင်း၊ ငို​ကြွေး​ခြင်း၊ နာ​ကျင်​ခြင်း​တို့​သည် ရှိ​ကြ​တော့​မည်​မ​ဟုတ်။ ရှေး​အ​ရာ​တို့​သည် ပျောက်​ကွယ်​သွား​ပြီ'' ဟု​ဆို​၏။ ပလ္လင်​တော်​ပေါ်​တွင်​စံ​တော်​မူ​သော​အ​ရှင်​က``ယ​ခု အ​ခါ​၌​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​ငါ​အ​သစ် ဖန်​ဆင်း​ပြီ'' ဟု​မိန့်​တော်​မူ​၏။ ကိုယ်​တော်​က​ငါ့ အား``ဤ​စ​ကား​သည်​သစ္စာ​စ​ကား၊ ဟုတ်​မှန်​သော စ​ကား​ဖြစ်​၏။ ရေး​မှတ်​၍​ထား​လော့'' ဟု​မိန့်​တော် မူ​၏။- ထို​နောက်​ကိုယ်​တော်​က``အ​မှု​ပြီး​ပြီ။ ငါ​သည် ပ​ထ​မ​နှင့်​နောက်​ဆုံး၊ အ​စ​နှင့်​အ​ဆုံး​ဖြစ်​၏။ ရေ​ငတ်​သူ​အား​အ​သက်​စမ်း​ရေ​ကို​အ​ဖိုး အ​ခ​မ​ပေး​ရ​ဘဲ​သောက်​ခွင့်​ငါ​ပေး​မည်။

ဗျာဒိတ် 21:3-6 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ပလ္လင်​တော်​မှ​ကျယ်လောင်​သော​အသံ​က “ကြည့်ရှု​လော့။ ဘုရားသခင်​စံရာ​တဲ​တော်​သည် လူ​တို့​တွင်​ရှိ​၍ ကိုယ်တော်​သည် သူ​တို့​နှင့်အတူ​စံမြန်း​တော်မူ​မည်။ သူ​တို့​သည်​လည်း ကိုယ်တော်​၏​လူမျိုး​တော်​ဖြစ်​ကြ​ပြီး ဘုရားသခင်​ကိုယ်တော်​တိုင် သူ​တို့​နှင့်အတူ​ရှိ​၍ သူ​တို့​၏​ဘုရားသခင်​ဖြစ်​တော်မူ​မည်။ ကိုယ်တော်​သည် သူ​တို့​၏​မျက်စိ​မှ​မျက်ရည်​ရှိသမျှ​တို့​ကို သုတ်​ပေး​တော်မူ​လိမ့်မည်။ သေ​ခြင်း​သည် ရှိ​တော့မည်​မ​ဟုတ်။ ဝမ်းနည်း​ကြေကွဲ​ခြင်း၊ အော်ဟစ်​ငိုကြွေး​ခြင်း​နှင့် နာကျင်​ခြင်း​ဝေဒနာ​တို့​သည်​လည်း ရှိ​တော့မည်​မ​ဟုတ်။ အကြောင်းမူကား ယခင်​ဖြစ်​ခဲ့​သော​အရာ​တို့​သည် ပျောက်ကွယ်​သွား​ကြ​ပြီ”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။ ပလ္လင်​ပေါ်တွင်​ထိုင်​တော်မူ​သော​အရှင်​က​လည်း “ကြည့်ရှု​လော့။ ငါ​သည် အရာ​ခပ်သိမ်း​တို့​ကို အသစ်​ဖြစ်​စေ​၏”​ဟု မိန့်​တော်မူ​ပြီးလျှင် “ရေး​ထား​လော့။ ဤ​စကား​တို့​သည် သစ္စာ​စကား၊ မှန်ကန်​သော​စကား​ဖြစ်​ကြ​၏”​ဟု မိန့်​တော်မူ​၏။ တစ်ဖန် “အမှု​ပြီးမြောက်​ပြီ။ ငါ​သည် အာလဖာ​နှင့်​အိုမီဂါ​ဖြစ်​၏။ အစ​နှင့်​အဆုံး​ဖြစ်​၏။ ရေငတ်​သော​သူ​အား အသက်​စမ်းရေ​ကို အခမဲ့​ငါ​ပေး​မည်။