YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 20:1-6

ဗျာဒိတ် 20:1-6 Judson Bible (JBMLE)

တစ်​ဖန် ကောင်း​ကင်​တ​မန်​သည် အ​နက်​ဆုံး​သော​တွင်း၏ သော့​နှင့် သံ​ကြိုး​ကြီး​ကို​ကိုင်​လျက် ကောင်း​ကင်​က ဆင်း​သက်​သည်​ကို ငါ​မြင်၏။- ရှေး​မြွေ​ဟောင်း၊ မာရ်​နတ်​စာ​တန်​တည်း​ဟူ​သော န​ဂါး​ကို ကိုင်​ဖမ်း၍၊ အ​နှစ်​တစ်​ထောင်​ဖို့ ချည်​နှောင်​လေ၏။- အ​နှစ်​တစ်​ထောင် မ​ကုန်​မီ​တိုင်​အောင်၊ လူ​အ​မျိုး​မျိုး​တို့​ကို မ​လှည့်​ဖြား​ရ​မည်​အ​ကြောင်း၊ အ​နက်​ဆုံး​သော တွင်း​ထဲ​သို့ ချ​ပစ်​လှောင်​ထား၍ တံ​ဆိပ်​ခတ်​လေ၏။ အ​နှစ်​တစ်​ထောင်​ကုန်​ပြီး​မှ တစ်​ဖန် ခ​ဏ​လွှတ်​ရ​ဦး​မည်။ ပ​လ္လင်​များ​ကို​လည်း ငါ​မြင်၏။ ပ​လ္လင်​ပေါ်​မှာ ထိုင်​သော သူ​တို့​သည် တ​ရား​စီ​ရင်​ရ​သော အ​ခွင့်​ကို ရ​ကြ၏။ သား​ရဲ​နှင့် သူ၏​ရုပ်​တု​ကို မ​ကိုး​ကွယ်၊ သူ၏ တံ​ဆိပ်​လက်​မှတ်​ကို န​ဖူး၌​မ​ခံ၊ လက်၌​မ​ခံ​ဘဲ​နေ၍ ယေ​ရှု၏ သက်​သေ​ခံ​တော်​မူ​ချက်​နှင့် ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော်​ကြောင့်၊ လည်​ပင်း​ဖြတ်​ခြင်း​ကို ခံ​ရ​သော သူ​တို့၏ ဝိ​ညာဉ်​များ​ကို ငါ​မြင်၏။ သူ​တို့​သည် အ​သက်​ရှင်၍ အ​နှစ်​တစ်​ထောင်​ပတ်​လုံး ခ​ရစ်​တော်​နှင့်​အ​တူ စိုး​စံ​ရ​ကြ၏။- ကြွင်း​သော လူ​သေ​တို့​သည် ထို​အ​နှစ်​တစ်​ထောင် မ​ကုန်​မီ အ​သက်​မ​ရှင်​ရ​ကြ။ ဤ​ထ​မြောက်​ခြင်း​ကား၊ ပ​ထ​မထ​မြောက်​ခြင်း ဖြစ်​သ​တည်း။- ပ​ထ​မထ​မြောက်​ခြင်း​ကို ဝင်​စား​သော သူ​သည် မင်္ဂ​လာ​ရှိ​သော​သူ၊ သန့်​ရှင်း​သော​သူ ဖြစ်၏။ ထို​သို့​သော​သူ​သည် ဒု​တိ​ယ​သေ​ခြင်း၏ လက်​နှင့် ကင်း​လွတ်​လျက်၊ ဘု​ရား​သ​ခင်၏ ယဇ်​ပု​ရော​ဟိတ်၊ ခ​ရစ်​တော်၏ ယဇ်​ပု​ရော​ဟိတ်​ဖြစ်၍ အ​နှစ်​တစ်​ထောင်​ပတ်​လုံး ခ​ရစ်​တော်​နှင့်​အ​တူ စိုး​စံ​ရ​ကြ​လိမ့်​မည်။

ဗျာဒိတ် 20:1-6 Common Language Bible (BCL)

ထို​နောက်​ကောင်း​ကင်​တ​မန်​တစ်​ပါး​သည်​တွင်း နက်​ကြီး​၏​သော့​ကို​လည်း​ကောင်း၊ သံ​ကြိုး​ကြီး ကို​လည်း​ကောင်း ကိုင်​လျက်​ကောင်း​ကင်​မှ​ဆင်း လာ​သည်​ကို​ငါ​မြင်​ရ​၏။- သူ​သည်​ရှေး​မြွေ​န​ဂါး​ကြီး​ကို​ဖမ်း​ဆီး​ပြီး​လျှင် သံ​ကြိုး​ဖြင့်​အ​နှစ်​တစ်​ထောင်​ချည်​နှောင်​၍​ထား ၏။ ထို​န​ဂါး​ကား​နတ်​မိစ္ဆာ​ဘု​ရင်​သို့​မ​ဟုတ် စာ​တန်​ပင်​ဖြစ်​၏။- ကောင်း​ကင်​တ​မန်​သည်​န​ဂါး​ကို​တွင်း​နက်​ကြီး ထဲ​သို့​ပစ်​ချ​ကာ​တွင်း​ကို​ပိတ်​ပြီး​နောက် အ​နှစ် တစ်​ထောင်​ကုန်​ဆုံး​သည့်​တိုင်​အောင်​လူ​မျိုး​တ​ကာ တို့​အား​မှောက်​မှား​လမ်း​လွဲ​မှု​မ​ပြု​နိုင်​စေ​ရန် တံ​ဆိပ်​ခတ်​နှိပ်​၍​ထား​၏။ အ​နှစ်​တစ်​ထောင် ကုန်​ဆုံး​ချိန်​၌​သူ့​အား​ခေတ္တ​လွှတ်​ပေး​ရ​မည်။ ထို​နောက်​ငါ​သည်​ပလ္လင်​များ​ကို​မြင်​ရ​၏။ ယင်း ပလ္လင်​များ​ပေါ်​တွင်​ထိုင်​နေ​သူ​များ​မှာ​တ​ရား စီ​ရင်​ရန် အာ​ဏာ​အပ်​နှင်း​ခြင်း​ခံ​ရ​သူ​များ ဖြစ်​၏။ ထို့​ပြင်​သ​ခင်​ယေ​ရှု​ဖော်​ပြ​တော်​မူ သော​သမ္မာ​တ​ရား​ကို​လည်း​ကောင်း၊ ဘု​ရား သ​ခင်​၏​နှုတ်​က​ပတ်​တော်​ကို​လည်း​ကောင်း ဟော​ပြော​ကြေ​ညာ​ခဲ့​သည့်​အ​တွက်​ကွပ်​မျက် ခြင်း​ခံ​ရ​ကြ​သူ​တို့​၏​ဝိ​ညာဉ်​များ​ကို​လည်း ငါ​မြင်​ရ​၏။ သူ​တို့​သည်​သား​ရဲ​နှင့်​သား​ရဲ ၏​ရုပ်​တု​ကို​ရှိ​မ​ခိုး​ခဲ့​ကြ။ မိ​မိ​တို့​၏​န​ဖူး နှင့်​လက်​များ​တွင်​လည်း​သား​ရဲ​၏​အ​မှတ် တံ​ဆိပ်​ကို​မ​ခံ​ယူ​ခဲ့​ကြ။ သူ​တို့​သည်​အ​သက် ပြန်​၍​ရှင်​လာ​ကြ​ပြီး​လျှင်​ခ​ရစ်​တော်​နှင့် အ​တူ​ဘု​ရင်​များ​အ​ဖြစ်​ဖြင့်​အ​နှစ်​တစ် ထောင်​စိုး​စံ​ကြ​ရ​၏။- (ကျန်​သေ​လွန်​သူ​တို့​မူ​ကား​အ​နှစ်​တစ်​ထောင် ကုန်​လွန်​ပြီး​မှ​အ​သက်​ပြန်​၍​ရှင်​ကြ​ရ​၏။) ဤ ကား​ပ​ထမ​အ​ကြိမ်​သူ​သေ​တို့​အား​ဘု​ရား သ​ခင်​ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ​ခြင်း ဖြစ်​သ​တည်း။- ယင်း​သို့​ပ​ထ​မ​အ​ကြိမ်​ရှင်​ပြန်​ထ​မြောက်​ခြင်း တွင်​ပါ​ဝင်​သူ​တို့​သည်​မင်္ဂ​လာ​ရှိ​၍​ကောင်း​ချီး ကြွယ်​ဝ​စွာ​ခံ​စား​ရ​ကြ​၏။ ဒု​တိ​ယ​သေ​ခြင်း သည်​သူ​တို့​အား​အ​စိုး​မ​ရ​နိုင်​ရာ။ သူ​တို့​သည် ဘု​ရား​သ​ခင်​နှင့်​ခ​ရစ်​တော်​၏​ယဇ်​ပု​ရော ဟိတ်​များ​ဖြစ်​၍​ခ​ရစ်​တော်​နှင့်​အ​တူ​အ​နှစ် တစ်​ထောင်​စိုး​စံ​ကြ​ရ​လိမ့်​မည်။

ဗျာဒိတ် 20:1-6 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ကောင်းကင်​တမန်​တစ်​ပါး​သည် အတိုင်းမသိ​နက်ရှိုင်းရာ​အရပ်​၏​သော့​နှင့် ကြီးမား​သော​သံကြိုး​တို့​ကို မိမိ​လက်​၌​ကိုင်​ထား​လျက် ကောင်းကင်​မှ​ဆင်းသက်​လာ​သည်​ကို ငါ​မြင်​ရ​၏။ သူ​သည် မာရ်နတ်​စာတန်​ဖြစ်​သည့် ရှေး​မြွေ​ဟောင်း​တည်းဟူသော​နဂါး​ကို​ဖမ်း​လျက် အနှစ်​တစ်ထောင်​ချည်နှောင်​ထား​၍ အနှစ်​တစ်ထောင်​ကုန်ဆုံး​သည်​အထိ လူ​များ​တို့​ကို နောက်ထပ်​မ​လှည့်ဖြား​နိုင်​ရန် သူ့​ကို အတိုင်းမသိ​နက်ရှိုင်းရာ​အရပ်​ထဲသို့​ပစ်ချ​လျက် ပိတ်လှောင်​ကာ အပေါ်​မှ​တံဆိပ်​ခတ်​ထား​လေ​၏။ ထို​အချိန်​ကာလ​များ​ပြီးမှ သူ့​ကို ခေတ္တ​ခဏ​လွှတ်​ပေး​ရ​မည်​ဖြစ်​၏။ ထို့နောက် ပလ္လင်​များ​နှင့် ၎င်း​တို့​အပေါ်​တွင်​ထိုင်​နေ​သော​သူ​တို့​ကို ငါ​မြင်​ရ​၏။ ထို​သူ​တို့​သည် တရား​စီရင်​ခွင့်​ကို​ရ​ကြ​၏။ တစ်ဖန် ယေရှု​နှင့်ဆိုင်သော​သက်သေခံ​ချက်​အတွက်​လည်းကောင်း၊ ဘုရားသခင်​၏​နှုတ်ကပတ်တော်​အတွက်​လည်းကောင်း ခေါင်းဖြတ်​ခံရ​သော​သူ​တို့​၏​ဝိညာဉ်​များ​မှစ၍ သားရဲ​နှင့်​သားရဲ​၏​ရုပ်တု​ကို​မ​ကိုးကွယ်၊ သူ​၏​အမှတ်တံဆိပ်​ကို​လည်း မိမိ​တို့​၏​နဖူး​၊ သို့မဟုတ် လက်​တွင် မ​ခံယူ​သော​သူ​တို့​ကို ငါ​မြင်​ရ​၏။ သူ​တို့​သည် အသက်​ပြန်​ရှင်​၍ အနှစ်​တစ်ထောင်​ပတ်လုံး ခရစ်တော်​နှင့်အတူ​စိုးစံ​ကြ​၏။ အခြား​သော​သေလွန်​သူ​တို့​သည် အနှစ်​တစ်ထောင်​ကုန်ဆုံး​သည်​အထိ အသက်​ပြန်​မ​ရှင်​ကြ​ပေ။ ဤ​သည်​ကား ပထမ​ရှင်ပြန်​ထမြောက်​ခြင်း​ဖြစ်​၏။ ပထမ​ရှင်ပြန်​ထမြောက်​ခြင်း​၌​ပါ​သော​သူ​သည် မင်္ဂလာရှိ​သူ၊ သန့်ရှင်း​သူ​ဖြစ်​၏။ ဒုတိယ​သေ​ခြင်း​သည် သူ​တို့​အပေါ်​မည်သည့်​အခွင့်​အာဏာ​မျှ​မ​ရှိ။ သူ​တို့​သည် ဘုရားသခင်​နှင့်​ခရစ်တော်​၏​ယဇ်ပုရောဟိတ်​များ​ဖြစ်​ကြ​ပြီး ခရစ်တော်​နှင့်အတူ အနှစ်​တစ်ထောင်​စိုးစံ​ကြ​လိမ့်မည်။