YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 2:2-5

ဗျာဒိတ် 2:2-5 Judson Bible (JBMLE)

သင်​သည် မ​တ​ရား​သော​သူ​တို့​ကို လက်​မ​ခံ​နိုင်​ကြောင်း​ကို​လည်း​ကောင်း၊ တ​မန်​တော်​မ​ဟုတ်​ဘဲ၊ တ​မန်​တော် ဖြစ်​ယောင်​ဆောင်​သော​သူ​တို့​ကို စစ်​ဆေး၍ လှည့်​ဖြား​သော​သူ​ဖြစ်​သည်​ဟု သိ​ကြောင်း​ကို​လည်း​ကောင်း၊- ခ​န္တီ​နှင့်​ပြည့်​စုံ၍၊ ငါ၏​နာ​မ​ကြောင့် ဆင်း​ရဲ​ခံ၍ အား​မ​လျော့​ကြောင်း​ကို​လည်း​ကောင်း ငါ​သိ၏။- သို့​သော်​လည်း၊ သင်​သည် ရှေ့​ဦး​စွာ​သော ချစ်​ခြင်း​မေ​တ္တာ​လျော့​ပြီ​ဟု သင်၌ အ​ပြစ်​တင်​စ​ရာ​ရှိ၏။- ထို​ကြောင့်၊ သင်​သည်​မ​ရွေ့​လျော့​မီ၊ အ​ရင်​နေ​ရာ အ​ရပ်​ကို အောက်​မေ့​လော့၊ နောင်​တ​ရ​လော့။ ရှေ့​ဦး​စွာ​သော အ​ကျင့်​ကို ကျင့်​လော့၊ သို့​မ​ဟုတ် သင်​ရှိ​ရာ​သို့ ငါ​သည် အ​လျင်​အ​မြန်​လာ​မည်။ နောင်​တ​မ​ရ​လျှင်၊ သင်၏​မီး​ခွက်​ကို နေ​ရာ​မှ​ရွှေ့​မည်။

ဗျာဒိတ် 2:2-5 Common Language Bible (BCL)

သင်​ပြု​သော​အ​မှု​ကို​ငါ​သိ​၏။ သင်​မည်​မျှ ကြိုး​ပမ်း​လုပ်​ဆောင်​သည်၊ မည်​မျှ​ရဲ​ရင့်​သည်၊ မည် မျှ​ခံ​နိုင်​ရည်​ရှိ​သည်​ကို​ငါ​သိ​၏။ သင်​သည်​ဆိုး ညစ်​သူ​တို့​ကို​သည်း​မ​ခံ​နိုင်​ကြောင်း၊ တ​မန် တော်​မ​ဟုတ်​ဘဲ​လျက် မိ​မိ​တို့​ကိုယ်​ကို​တ​မန် တော်​ဟု​ခေါ်​ဆို​ကြ​သူ​တို့​အား​စစ်​ဆေး​၍ လူ​လိမ်​များ​ဖြစ်​သည်​ကို​သိ​ရှိ​ကြောင်း​ငါ သိ​၏။- သင်​သည်​ခံ​နိုင်​ရည်​ရှိ​ပေ​သည်။ ငါ​၏​အ​တွက် များ​စွာ​ဆင်း​ရဲ​ခံ​ပေ​သည်။ စိတ်​အား​လည်း မ​လျော့။- သို့​သော်​သင်​သည်​အ​စ​က​ကဲ့​သို့​ယ​ခု​အ​ခါ ၌ ငါ့​ကို​မ​ချစ်​တော့​သ​ဖြင့်​သင့်​အား​အ​ပြစ် ဆို​စ​ရာ​ရှိ​၏။- သို့​ဖြစ်​၍​သင်​သည်​အ​ဘယ်​မျှ​လောက်​ကျ​ဆင်း လာ​သည်​ကို​ဆင်​ခြင်​လော့။ နောင်​တ​ရ​၍​အ​စ က​ပြု​ကျင့်​ခဲ့​သည့်​အ​တိုင်း​ပြု​ကျင့်​လော့။ သို့ မ​ပြု​ပါ​မူ​သင်​ရှိ​ရာ​သို့​ငါ​လာ​ခဲ့​မည်။ သင် နောင်​တ​မ​ရ​လျှင်​သင်​၏​မီး​ခွက်​ကို​နေ​ရာ​မှ ငါ​ဖယ်​ရှား​ပစ်​မည်။

ဗျာဒိတ် 2:2-5 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင်​၏​လုပ်ဆောင်​မှု​များ​မှစ၍ သင်​၏​ကြိုးပမ်း​အားထုတ်​မှု​နှင့် သည်းခံ​မှု​တို့​ကိုငါ​သိ​၏။ သင်​သည် ဆိုးယုတ်​သော​သူ​တို့​ကို လက်​မ​ခံ​နိုင်​ကြောင်း​နှင့် မိမိတို့ကိုယ်ကို တမန်တော်​ဟု​ခေါ်ဆို​ကြ​သော်လည်း တမန်တော်​မ​ဟုတ်​သော​သူ​တို့​ကို စမ်းသပ်​စစ်ဆေး​၍ သူ​တို့​သည် လိမ်လည်​သော​သူ​များ​ဖြစ်​ကြ​သည်​ဟု သင်​တွေ့ရှိ​ကြောင်း​ကို​လည်း ငါ​သိ​၏။ သင်​သည် သည်းခံ​ခြင်း​ရှိ​လျက် ငါ​၏​နာမ​အတွက် အပင်ပန်း​ခံ​၍ အားလျော့​ခြင်း​မ​ရှိ​ခဲ့​ချေ။ သို့သော် သင့်​အား ငါ​အပြစ်​ဆို​စရာ​ရှိ​၏။ အကြောင်းမှာ သင်​သည် မိမိ​၏​ကနဦး​မေတ္တာ​ကို​စွန့်ခွာ​ခဲ့​ပြီ။ ထို့ကြောင့် သင်​သည် မည်သည့်​နေရာ​မှ​ကျဆင်း​ခဲ့​သည်​ကို သတိရ​လျက် နောင်တရ​ကာ ပထမ​ပြု​သော​အမှု​များ​ကို​ပြု​လော့။ ထိုသို့​မ​ပြု​ဘဲ နောင်တ​လည်း​မ​ရ​ပါက သင့်​ထံသို့​ငါ​လာ​၍ သင်​၏​ဆီမီးခုံ​ကို သူ့​နေရာ​မှ​ရွှေ့​လိုက်​မည်။