YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 2:18-29

ဗျာဒိတ် 2:18-29 Judson Bible (JBMLE)

သွာ​တိ​ရ​မြို့၌​ရှိ​သော အ​သင်း​တော်၏ တ​မန်​ကို ဤ​သို့​ရေး၍ မှာ​လိုက်​လော့။ မီး​လျှံ​ကဲ့​သို့​သော မျက်​စိ​နှင့်​လည်း​ကောင်း၊ ကြေး​ဝါ​စစ်​နှင့်​တူ​သော ခြေ​နှင့်​လည်း​ကောင်း၊ ပြည့်​စုံ​သော ဘု​ရား​သ​ခင့်​သား​တော်၏ အ​မိန့်​တော်​ကား၊- သင်​အ​ကျင့်​ကျင့်​ခြင်း၊ ချစ်​ခြင်း၊ အ​မှု​ဆောင်​ခြင်း၊ ယုံ​ကြည်​ခြင်း၊ သည်း​ခံ​ခြင်း​ကို​လည်း​ကောင်း နောက်​ကျင့်​သော​အ​ကျင့်​တို့​သည် အ​ရင်​ကျင့်​သော​အ​ကျင့်​ထက် သာ၍ များ​ကြောင်း​ကို​လည်း​ကောင်း ငါ​သိ၏။- သို့​သော်​လည်း၊ ငါ၏​အ​စေ​ခံ​ကျွန်​တို့​သည် မ​တ​ရား​သော မေ​ထုန်​ကို ပြု​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ရုပ်​တု​ရှေ့​မှာ ပူ​ဇော်​သော ယဇ်​ကောင်​ကို စား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ပ​ရော​ဖက်​မ​ဟူ၍ ကိုယ်​ကို​ခေါ်​ဝေါ်​သော သင်၏​ခင်​ပွန်း ယေ​ဇ​ဗေ​လ​သည် သွန်​သင်၍ မှား​ယွင်း​စေ​ရ​သော​အ​ခွင့်​ကို သင်​သည်​ပေး​သော​ကြောင့်၊ သင်၌ အ​ပြစ်​တင်​စ​ရာ​ရှိ၏။- နောင်​တ​ရ​သင့်​သော​ကာ​လ​ကို ငါ​ပေး​သော်​လည်း၊ သူ​သည် မိ​မိ​မ​တ​ရား​သော​မေ​ထုန်​ကို နောင်​တ​ရ​ချင်​သော စိတ်​မ​ရှိ။- ထို​ကြောင့်၊ သူ့​ကို အိပ်​ရာ၌​ငါ​ချ​ထား​မည်။ သူ​နှင့်​အ​တူ မ​တ​ရား​သော မေ​ထုန်​ကို​ပြု၍၊ ထို​သို့​သော အ​ကျင့်​ကို နောင်​တ​မ​ရ​သော​သူ​တို့​ကို​လည်း၊ ကြီး​စွာ​သော ဆင်း​ရဲ​ခြင်း​သို့ ရောက်​စေ​မည်။- သူ၏​သား​သ​မီး​တို့​ကို​လည်း အ​သေ​သတ်​မည်။ ငါ​သည် နှ​လုံး​ကျောက်​ကပ်​ကို စစ်​ဆေး​တော်​မူ​သော သူ​ဖြစ်​ကြောင်း​ကို ထို​သို့​သော​အား​ဖြင့် ခပ်​သိမ်း​သော အ​သင်း​တော်​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။ သင်​တို့​သည် အ​သီး​အ​သီး​ကျင့်​သော အ​ကျင့်​နှင့်​အ​လျောက် အ​ကျိုး​အ​ပြစ်​ကို ငါ​ပေး​မည်။- ထို​မိ​စ္ဆာ​ဒိ​ဌိ​အ​ယူ​ကို ယူ​သော​သူ​တို့ ခေါ်​ဝေါ်​သည်​နှင့်​အ​ညီ၊ စာ​တန်၏ နက်​နဲ​သော​အ​ရာ​ဟု ခေါ်​ဝေါ်​သော​အ​ရာ​တို့​ကို မ​ကျွမ်း၊ ထို​မိ​စ္ဆာ​ဒိ​ဌိ​အ​ယူ​ကို မ​ယူ၊ ကြွင်း​သော​သွာ​တိ​ရ​မြို့​သား​တို့​ကို ငါ​ဆို​သည်​ကား၊ သင်​တို့​သည် ရ​သ​မျှ​ကို ငါ​လာ​သည်​တိုင်​အောင် စွဲ​ကိုင်​ကြ​လော့။- ထို​မှ​တစ်​ပါး အ​ခြား​သော​ဝန်​ကို သင်​တို့​အ​ပေါ်၌ ငါ​မ​တင်။- အ​ကြင်​သူ​သည် အောင်​မြင်၍ အ​ဆုံး​တိုင်​အောင် ငါ့​အ​ကျင့်​ကို​ကျင့်၏။ ငါ့​ခ​မည်း​တော်​သည် ငါ့​အား အ​ခွင့် ပေး​တော်​မူ​သ​ကဲ့​သို့၊ လူ​မျိုး​တို့​ကို အုပ်​စိုး​စေ​ခြင်း​ငှာ ထို​သူ​အား ငါ​သည် အ​ခွင့်​ပေး​မည်။- ထို​သူ​သည် သူ​တို့​ကို သံ​လှံ​တံ​နှင့်​အုပ်​စိုး၍၊ မြေ​အိုး​ကို​ခွဲ​ဖျက်​သ​ကဲ့​သို့ ခွဲ​ဖျက်​လိမ့်​မည်။- မိုး​သောက်​ကြယ်​ကို​လည်း ထို​သူ​အား ငါ​ပေး​မည်။- ဝိ​ညာဉ်​တော်​သည် အ​သင်း​တော်​တို့​အား အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ။

ဗျာဒိတ် 2:18-29 Common Language Bible (BCL)

သွာ​တိ​ရ​မြို့​အ​သင်း​တော်​၏​ကောင်း​ကင်​တ​မန် ထံ​သို့​ဤ​သို့​စာ​ရေး​၍​သြ​ဝါ​ဒ​ပေး​လော့။ ``ဤ​သြ​ဝါ​ဒ​သည်​ဘု​ရား​သ​ခင်​၏​သား​တော် ထံ​မှ​ဖြစ်​၏။ ထို​အ​ရှင်​၏​မျက်​စိ​တော်​များ​သည် မီး​လျှံ​သ​ဖွယ်​တောက်​ပ​လျက်၊ ခြေ​တော်​များ သည်​တောက်​ပြောင်​သော​ကြေး​ဝါ​ကဲ့​သို့​ဖြစ်​၏။- ငါ​သည်​သင်​ပြု​သော​အ​မှု​ကို​သိ​၏။ သင်​မေတ္တာ ထား​ပုံ​နှင့်​သစ္စာ​စောင့်​ပုံ​တို့​ကို​လည်း​ကောင်း၊ အ​မှု​တော်​ဆောင်​ပုံ​နှင့်​တည်​ကြည်​ပုံ​ကို လည်း​ကောင်း​ငါ​သိ​၏။ ထို့​ပြင်​နောက်​ပိုင်း အ​ချိန်​သင်​ပြု​သည့်​အ​မှု​များ​သည် စော စော​ပိုင်း​အ​ချိန်​ပြု​သည့်​အ​မှု​များ​ထက် သာ​လွန်​ကောင်း​မွန်​ပေ​သည်။- သို့​ရာ​တွင်​သင့်​အား​အ​ပြစ်​ဆို​စ​ရာ​ရှိ​သည် မှာ ယေ​ဇ​ဗေ​လ​ဆို​သူ​အ​မျိုး​သ​မီး​ကို​သင် လက်​ခံ​လျက်​နေ​ခြင်း​ပင်​ဖြစ်​၏။ သူ​သည်​မိ​မိ ကိုယ်​ကို​ဘု​ရား​သ​ခင်​၏​စေ​တ​မန်​ဟု​ဆို​ကာ ငါ​၏​တ​ပည့်​တို့​အား ကာ​မ​ဂုဏ်​လိုက်​စား​စေ ရန်​နှင့်​ရုပ်​တု​တို့​အား​ပူ​ဇော်​သည့်​အ​စား အ​စာ​များ​ကို​စား​စေ​ရန် သွန်​သင်​ခြင်း​အား ဖြင့်​မှောက်​မှား​လမ်း​လွဲ​စေ​လေ​သည်။- နောင်​တ​ရ​ရန်​သူ့​အား​ငါ​အ​ချိန်​ပေး​ခဲ့​၏။ သို့​ရာ​တွင်​သူ​သည်​မိ​မိ​အ​ကျင့်​ပျက်​မှု အ​တွက်​နောင်​တ​ရ​လို​စိတ်​မ​ရှိ။- သို့​ဖြစ်​၍​ငါ​သည်​သူ့​အား​အိပ်​ရာ​ပေါ်​တွင်​လဲ ကျ​စေ​၍ ဒုက္ခ​ဝေ​ဒ​နာ​ခံ​စေ​မည်။ သူ​နှင့်​ကာ​မ ရာ​ဂ​စပ်​ယှက်​သူ​တို့​အား​လည်း​ပြင်း​ထန်​စွာ ဒုက္ခ​ဝေ​ဒ​နာ​ခံ​စေ​မည်။ သူ​တို့​သည်​ထို​အ​မျိုး သ​မီး​နှင့်​ပြု​သည့်​ဆိုး​ညစ်​မှု​များ​အ​တွက် နောင်​တ​မ​ရ​ကြ​ပါ​မူ ငါ​သည်​ယ​ခု​ပင်​သူ တို့​အား​ဒုက္ခ​ဝေ​ဒ​နာ​ခံ​စေ​မည်။- သူ​၏​နောက်​လိုက်​တို့​သည်​အ​သတ်​ခံ​ကြ​ရ လိမ့်​မည်။ ထို​အ​ခါ​၌​ငါ​သည်​လူ​တို့​၏​စိတ် နှ​လုံး​နှင့်​အ​ကြံ​အ​စည်​တို့​ကို​သိ​မြင် တော်​မူ​သော​အ​ရှင်​ဖြစ်​ကြောင်း အ​သင်း​တော် အ​ပေါင်း​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ သင်​တို့ အ​သီး​သီး​၏​အ​ကျင့်​အ​လျောက်​အ​ကျိုး အ​ပြစ်​ကို​ငါ​ပေး​မည်။ ထို​သူ​တို့​မှ​လွဲ​၍ အ​ခြား​သွာ​တိ​ရ​မြို့​အ​သင်း တော်​ဝင်​တို့​သည်​ဤ​ဆိုး​ညစ်​သည့်​အ​ယူ​ဝါ​ဒ ကို​မ​လိုက်​နာ​ကြ။ စာ​တန်​၏​နက်​နဲ​သည့်​လျှို့​ဝှက် ချက်​များ​ဟု​သူ​တစ်​ပါး​တို့​ခေါ်​ဝေါ်​ကြ​သည့် အ​ရာ​များ​ကို​လည်း​မ​ခံ​မ​ယူ​ကြ။ သင်​တို့ အ​ပေါ်​သို့​အ​ခြား​ဝန်​ထုပ်​ကို​ငါ​မ​တင်။- သင်​တို့​သည်​မိ​မိ​တို့​၏​လက်​ဝယ်​ရှိ​သည့် အ​ရာ​ကို​ငါ​လာ​သည်​တိုင်​အောင်​စွဲ​မြဲ စွာ​ကိုင်​ထား​ကြ​လော့။- အောင်​မြင်​၍​ငါ​လို​လား​သည့်​အ​ကျင့်​ကို အ​ဆုံး​တိုင်​အောင် ကျင့်​သော​သူ​တို့​အား ခ​မည်း​တော်​ထံ​မှ​ငါ​ရ​ရှိ​သည့်​အ​ခွင့် အာ​ဏာ​ကို​ငါ​ပေး​မည်။ ယင်း​အ​ခွင့်​အာ​ဏာ မှာ​လူ​မျိုး​တ​ကာ​တို့​ကို​သံ​လှံ​တံ​ဖြင့် အုပ်​စိုး​၍ မြေ​အိုး​များ​ကို​သံ​တုတ်​ဖြင့် အ​စိတ်​စိတ်​အ​မြွှာ​မြွှာ​ရိုက်​ခွဲ​သ​ကဲ့​သို့ သူ​တို့​အား​ချေ​မှုန်း​ပိုင်​ခွင့်​ဖြစ်​သည်။ မိုး သောက်​ကြယ်​ကို​လည်း​သူ​တို့​အား​ငါ ပေး​မည်။ အ​သင်း​တော်​တို့​အား​ဝိ​ညာဉ်​တော်​မိန့်​တော် မူ​သော​စ​ကား​များ​ကို​ကြား​တတ်​သော နား​ရှိ​သူ​တို့​ကြား​ပါ​စေ။

ဗျာဒိတ် 2:18-29 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သွာတိရ​မြို့​၌​ရှိ​သော အသင်းတော်​၏​စေတမန်​အား ဤသို့​ရေး​လိုက်​လော့။ မီးလျှံ​ကဲ့သို့သော​မျက်စိ​နှင့် တောက်ပ​သော​ကြေးဝါ​နှင့်​တူ​သော​ခြေ​ရှိ​သည့် ဘုရားသခင်​၏​သား​တော်​က ဤသို့​မိန့်​တော်မူ​၏။ သင်​၏​လုပ်ဆောင်​မှု​များ​မှစ၍ သင်​၏​ချစ်​ခြင်း၊ ယုံကြည်​ခြင်း၊ အမှု​တော်​ဆောင်​ခြင်း​နှင့် သည်းခံ​ခြင်း​တို့​ကို ငါ​သိ​၏။ သင်​၏​နောက်ပိုင်း​လုပ်ဆောင်​မှု​များ​သည် ကနဦး​လုပ်ဆောင်​မှု​များ​ထက် သာလွန်​ကြောင်း​ကို​လည်း ငါ​သိ​၏။ သို့သော် သင့်​အား ငါ​အပြစ်​ဆို​စရာ​ရှိ​၏။ အကြောင်းမှာ သင်​သည် မိမိကိုယ်ကို​ပရောဖက်မ​ဟု​ခေါ်​သော ထို​မိန်းမ​ယေဇဗေလ​ကို ပြု​လို​ရာ​ပြု​ခွင့်ပေး​ထား​သဖြင့် သူ​သည် ငါ​၏​အစေအပါး​တို့​အား တရားနှင့်မညီ​မေထုန်​ပြု​ကြ​ရန်​နှင့် ရုပ်တု​အား​ပူဇော်​ထား​သော​အရာ​များ​ကို​စား​ကြ​ရန် သွန်သင်​လျက် သူ​တို့​ကို​လှည့်ဖြား​နေ​၏။ ငါ​သည် သူ့​အား နောင်တရ​ရန်​အချိန်​ပေး​ခဲ့​သော်လည်း သူ​သည် မိမိ​၏​တရားနှင့်မညီ​မေထုန်ပြု​ခြင်း​အတွက် နောင်တရ​လို​သော​စိတ်​မ​ရှိ။ ကြည့်ရှု​လော့။ ငါ​သည် သူ့​ကို အိပ်ရာ​ပေါ်တွင်​လဲ​စေ​မည်။ သူ​နှင့်​အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကျူးလွန်​သော​သူ​တို့​ကို​လည်း မိမိ​ပြု​သော​အမှု​များ​အတွက်​နောင်တ​မ​ရ​ပါက ကြီးစွာ​သော​ဆင်းရဲ​ဒုက္ခ​သို့​ရောက်​စေ​မည်။ သူ​၏​သားသမီး​တို့​ကို​လည်း သေ​ဘေး​ဖြင့် ငါ​အဆုံး​စီရင်​မည်။ ထိုအခါ ငါ​သည် စိတ်နှလုံး​နှင့် အတွင်း​သဘော​ကို စူးစမ်း​သော​သူ​ဖြစ်​ကြောင်း အသင်းတော်​အားလုံး​သိ​ရ​ကြ​လိမ့်မည်။ သင်​တို့​အသီးသီး​ကို​လည်း မိမိ​တို့​ပြု​သော​အမှု​များ​နှင့်အညီ အကျိုး​အပြစ်​ကို ငါ​ပေး​မည်။ သို့သော် ထို​မိန်းမ​၏​အယူဝါဒ​ကို​မ​ခံယူ၊ စာတန်​၏​နက်နဲ​သော​အရာ​ဟု သူ​တို့​ခေါ်ဝေါ်​သော​အရာ​များ​ကို​မ​သိ​သော သွာတိရ​မြို့​မှ ကျန်ရှိ​သူ​အပေါင်း​တို့​အား ငါ​ဆို​သည်​ကား သင်​တို့​အပေါ်၌ အခြား​သော​ဝန်ထုပ်ဝန်ပိုး​ကို ငါ​မ​တင်။ သင်​တို့​၌​ရှိ​သော​အရာ​ကို​သာ ငါ​ကြွလာ​သည့်​တိုင်အောင် စွဲကိုင်​ထား​ကြ​လော့။ အောင်မြင်​သော​သူ​နှင့် ငါ​၏​အမှု​ကို အဆုံး​တိုင်အောင်​စောင့်ထိန်း​သော​သူ​အား လူမျိုး​တကာ​တို့​ကို​အုပ်စိုး​ရ​သော​အခွင့်​ကို ငါ​ပေး​မည်​။ သူ​သည် မြေ​အိုး​များ​ကို​ကြေမွ​စေ​သကဲ့သို့ သံ​လှံတံ​ဖြင့် သူ​တို့​ကို​အုပ်ထိန်း​လိမ့်မည်။ဤသည်ကား ငါ​ကိုယ်တိုင် ငါ့​ခမည်းတော်​ထံမှ​ရရှိ​သော​အုပ်စိုး​ခွင့်​နှင့်တူ​၏။ ငါ​သည် မိုးသောက်​ကြယ်​ကို​လည်း ထို​သူ​အား ပေး​မည်။ ဝိညာဉ်​တော်​က အသင်းတော်​များ​အား မိန့်​တော်မူ​သော​အရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါစေ။