YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 12:7-12

ဗျာဒိတ် 12:7-12 Judson Bible (JBMLE)

ကောင်း​ကင်၌ စစ်​ဖြစ်၏။ မိ​က္ခေ​လ​နှင့် သူ၏ ကောင်း​ကင်​တ​မန်​တို့​သည် န​ဂါး​ကို စစ်​တိုက်​ကြ၏။ န​ဂါး​နှင့် သူ၏​တ​မန်​တို့​သည် စစ်​တိုက်၍ မ​နိုင်​ကြ။ ကောင်း​ကင်၌​လည်း သူ​တို့​နေ​စ​ရာ​မ​ရှိ။- ထို​အ​ခါ ဤ​လော​က​တစ်​နိုင်​ငံ​လုံး​ကို လှည့်​ဖြား၍ မာရ်​နတ်​စာ​တန် အ​မည်​ရှိ​သော ရှေး​မြွေ​ဟောင်း​တည်း ဟူ​သော န​ဂါး​ကြီး​ကို​လည်း​ကောင်း၊ သူ​နှင့်​အ​တူ သူ၏​တ​မန်​တို့​ကို​လည်း​ကောင်း၊ မြေ​ကြီး​သို့ ချ​လိုက်​ကြ၏။- ကောင်း​ကင်​ဘုံ၌ ကြီး​သော​အ​သံ​ကား၊ ယ​ခု​မှာ ကယ်​တင်​ခြင်း ဖြစ်၏။ တန်​ခိုး​တော်​လည်း ဖြစ်၏။ ငါ​တို့ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​နှင့် သူ၏​ခ​ရစ်​တော်၏ အာ​ဏာ​တော်​စက်​လည်း ဖြစ်၏။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​ညီ​အစ်​ကို​များ​ကို ငါ​တို့​ဘု​ရား​သ​ခင်​ရှေ့​တော်၌ နေ့​ည​မ​ပြတ် အ​ပြစ်​တင်​သော​ရန်​သူ​ကို အောက်​သို့ ချ​လေ​ပြီ။- သူ​တို့​သည် သိုး​သ​ငယ်၏ အ​သွေး​အား​ဖြင့်​လည်း​ကောင်း၊ မိ​မိ​တို့​သက်​သေ​ခံ​ချက် နှုတ်​က​ပတ်​တ​ရား​အား​ဖြင့်​လည်း​ကောင်း အောင်​မြင်၍၊ အ​သေ​ခံ​သည်​တိုင်​အောင် ကိုယ်​အ​သက်​ကို မ​နှ​မြော​ကြ။- ထို​ကြောင့် ကောင်း​ကင်​နှင့် ကောင်း​ကင်​သား​တို့ ရွှင်​လန်း​ကြ​လော့။ မြေ​ကြီး​နှင့် ပင်​လယ်​သည် အ​မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ မာရ်​နတ်​သည် မိ​မိ​ကာ​လ တစ်​ခ​ဏ​သာ​ရှိ​သည်​ကို သိ၍၊ ပြင်း​စွာ​သော ဒေါ​သ​အ​မျက်​နှင့်​တ​ကွ သင်​တို့​ရှိ​ရာ​သို့ ဆင်း​လေ​ပြီ​ဟု ဆို​ကြ​သည်​ကို ငါ​ကြား၏။

ဗျာဒိတ် 12:7-12 Common Language Bible (BCL)

ထို​နောက်​ကောင်း​ကင်​၌​စစ်​ဖြစ်​လေ​သည်။ မိက္ခေ​လ နှင့်​သူ​၏​ကောင်း​ကင်​တ​မန်​များ​သည် န​ဂါး ကို​တိုက်​ခိုက်​ကြ​၏။ န​ဂါး​နှင့်​သူ​၏​ဘက်​သား ကောင်း​ကင်​တ​မန်​တို့​က​ပြန်​လှန်​တိုက်​ခိုက် ကြ​သော်​လည်း၊- အ​ရေး​ရှုံး​နိမ့်​သွား​ကြ​၏။ သူ​တို့​သည်​ကောင်း ကင်​တွင်​နေ​ရန်​အ​ခွင့်​မ​ရ​ကြ​တော့​ချေ။- ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား​လှည့်​ဖြား​သူ​နတ် မိစ္ဆာ​ဘု​ရင်​ဟူ​၍​လည်း​ကောင်း၊ စာ​တန်​ဟူ​၍ လည်း​ကောင်း​ခေါ်​ဝေါ်​ခြင်း​ခံ​ရ​သူ​ရှေး​မြွေ န​ဂါး​ကြီး​သည် မိ​မိ​၏​ဘက်​သား​ကောင်း​ကင် တ​မန်​များ​နှင့်​အ​တူ​ကမ္ဘာ​မြေ​ပေါ်​သို့​ပစ်​ချ ခြင်း​ကို​ခံ​ရ​လေ​သည်။ ထို​နောက်​ကောင်း​ကင်​မှ​ကျယ်​စွာ​သော​အ​သံ က``ယ​ခု​အ​ခါ​ဘု​ရား​သ​ခင်​၏​ကယ်​တင် ခြင်း​သက်​ရောက်​လာ​လေ​ပြီ။ ယ​ခု​အ​ခါ ဘု​ရား​သ​ခင်​သည်​ဘု​ရင်​ဖြစ်​ကြောင်း​ပြ​သ တော်​မူ​ပြီ။ ခ​ရစ်​တော်​သည်​လည်း​သူ​၏​အာ ဏာ​တော်​စက်​ကို​ပြ​တော်​မူ​ပြီ။ အ​ဘယ် ကြောင့်​ဆို​သော်​ငါ​တို့​၏​ညီ​အစ်​ကို​များ အား​နေ့​ရော​ညဥ့်​ပါ ငါ​တို့​၏​ဘု​ရား​သ​ခင် ရှေ့​တော်​တွင် ပြစ်​တင်​စွပ်​စွဲ​လျက်​နေ​သူ​ကို ကောင်း​ကင်​ဘုံ​မှ​နှင်​ထုတ်​လိုက်​ပြီ​ဖြစ်​သော ကြောင့်​တည်း။- ငါ​တို့​၏​ညီ​အစ်​ကို​များ​သည်​သိုး​သူ​ငယ် တော်​၏​သွေး​တော်​အား​ဖြင့်​လည်း​ကောင်း၊ မိ​မိ တို့​ဟော​ပြော​ကြေ​ညာ​သည့်​နှုတ်​က​ပတ် တ​ရား​တော်​အား​ဖြင့်​လည်း​ကောင်း​စာ​တန် ကို​အောင်​မြင်​ခဲ့​ကြ​၏။ သူ​တို့​သည်​အ​သေ ခံ​သည်​တိုင်​အောင်​မိ​မိ​တို့​အ​သက်​ကို မ​နှ​မြော​ကြ။- သို့​ဖြစ်​၍​အ​ချင်း​မိုး​ကောင်း​ကင်​နှင့်​ကောင်း​ကင် သား​တို့၊ ဝမ်း​မြောက်​ရွှင်​မြူး​ကြ​လော့။ ကုန်း​မြေ နှင့်​ပင်​လယ်​တို့​အ​တွက်​အ​မင်္ဂလာ​ဖြစ်​ပါ​သည် တ​ကား။ အ​ဘယ်​ကြောင့်​ဆို​သော်​နတ်​မိစ္ဆာ​ဘု​ရင် သည် မိ​မိ​၏​နေ့​ရက်​ကာ​လ​အ​နည်း​ငယ်​သာ ကျန်​ရှိ​သည်​ကို​သိ​သ​ဖြင့်​ပြင်း​စွာ​အ​မျက် ထွက်​လျက် သင်​တို့​ထံ​သို့​ရောက်​ရှိ​လာ​ပြီ ဖြစ်​သော​ကြောင့်​တည်း'' ဟု​ပြော​သည်​ကို ငါ​ကြား​ရ​၏။

ဗျာဒိတ် 12:7-12 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ကောင်းကင်​၌ စစ်​ဖြစ်​လေ​၏။ မိက္ခေလ​နှင့်​သူ​၏​ကောင်းကင်​တမန်​တို့​သည် နဂါး​နှင့်​တိုက်ခိုက်​ကြ​၏။ နဂါး​နှင့်​သူ​၏​စေတမန်​တို့​သည် ပြန်လည်​တိုက်ခိုက်​ကြ​သော်လည်း အနိုင်​မ​ရ​ကြ။ ကောင်းကင်​၌​လည်း သူ​တို့​အတွက်​နေရာ​မ​ရှိ​တော့​ပေ။ ထိုအခါ တစ်ကမ္ဘာလုံး​ကို​လှည့်ဖြား​၍ မာရ်နတ်​ဟူ၍​လည်းကောင်း၊ စာတန်​ဟူ၍​လည်းကောင်း အခေါ်​ခံရ​သည့် ရှေး​မြွေ​ဟောင်း​တည်းဟူသော​နဂါး​ကြီး​သည် မြေကြီး​ပေါ်သို့​ပစ်ချ​ခြင်း​ခံရ​လေ​၏။ သူ​နှင့်အတူ သူ​၏​စေတမန်​တို့​သည်​လည်း ပစ်ချ​ခြင်း​ခံရ​ကြ​၏။ ထို့နောက် ကောင်းကင်​မှ​ကျယ်လောင်​သော​အသံ​က “ငါ​တို့​ဘုရားသခင်​၏​ကယ်တင်​ခြင်း၊ တန်ခိုး​တော်၊ နိုင်ငံ​တော်​နှင့် ကိုယ်တော်​၏​ခရစ်တော်​၌​ရှိ​သော​အာဏာစက်​တို့​သည် ယခု​ပေါ်ထွန်း​လေ​ပြီ။ အကြောင်းမူကား ငါ​တို့​၏​ညီအစ်ကို​များ​ကို​စွပ်စွဲ​သော​သူ​တည်းဟူသော ငါ​တို့​ဘုရားသခင်​၏​ရှေ့​တော်​၌ နေ့​ရော​ည​ပါ သူ​တို့​ကို​စွပ်စွဲ​သော​သူ​သည် ပစ်ချ​ခြင်း​ခံရ​လေ​ပြီ။ ညီအစ်ကို​များ​သည် သိုးသငယ်​တော်​၏​သွေး​တော်​အားဖြင့်​လည်းကောင်း၊ မိမိ​တို့​သက်သေခံ​သော​နှုတ်ကပတ်တော်​အားဖြင့်​လည်းကောင်း၊ သူ့​ကို​အောင်နိုင်​ခဲ့​ကြ​၏။ သူ​တို့​သည် အသေခံ​ရ​သည့်​တိုင်အောင် မိမိ​တို့​အသက်​ကို​နှမြော​ခြင်း​မ​ရှိ​ကြ။ သို့ဖြစ်၍ ကောင်းကင်​နှင့် ကောင်းကင်​၌​စံမြန်း​သော​သူ​တို့၊ ပျော်ရွှင်​ကြ​လော့။ မြေကြီး​နှင့်​ပင်လယ်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အဘယ်ကြောင့်​ဆိုသော် မာရ်နတ်​သည် သူ​၏​အချိန်​အနည်းငယ်​သာ​ရှိ​ကြောင်း​ကို​သိ​လျက် ပြင်းစွာ​သော​ဒေါသ​ဖြင့် သင်​တို့​ထံသို့​ဆင်းလာ​ပြီ”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။