ဗျာဒိတ် 12:15-16
ဗျာဒိတ် 12:15-16 Judson Bible (JBMLE)
ထိုအခါ၊ မိန်းမကို ရေအဟုန်ဖြင့် မျောသွားစေခြင်းငှာ၊ နဂါးသည် မိမိခံတွင်းထဲကမြစ်ရေစီးသကဲ့သို့ ရေကို မိန်းမနောက်၌ ထုတ်ပစ်လေ၏။- မြေကြီးသည် မိန်းမကို မစ၍ မိမိခံတွင်းကို ဖွင့်ပြီးလျှင်၊ နဂါး၏ ခံတွင်းထဲက ထုတ်ပစ်သောမြစ်ရေကို မျိုလေ၏။
ဗျာဒိတ် 12:15-16 Common Language Bible (BCL)
နဂါးသည်အမျိုးသမီးအားရေအဟုန်တွင် မျောပါသွားစေရန် မိမိ၏ခံတွင်းမှရေကို မြစ်သဖွယ်မှုတ်ထုတ်လိုက်၏။- သို့ရာတွင်မြေကြီးသည်မိမိ၏ခံတွင်းကို ဖွင့်၍ နဂါးမှုတ်ထုတ်လိုက်သောမြစ်ရေကို မျိုချကာအမျိုးသမီးအားကယ်ဆယ် လိုက်သည်။
ဗျာဒိတ် 12:15-16 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
မြွေသည် ထိုအမျိုးသမီးကို ရေ၌မျောပါသွားစေရန် သူ၏နောက်တွင် ရေကို မြစ်သဖွယ် မိမိခံတွင်းထဲမှ မှုတ်ထုတ်လိုက်၏။ သို့သော် မြေကြီးသည် ထိုအမျိုးသမီးကိုကူညီလေ၏။ မြေကြီးသည် မိမိခံတွင်းကိုဖွင့်၍ နဂါး၏ခံတွင်းမှ မှုတ်ထုတ်လိုက်သောမြစ်ရေကို မျိုချလိုက်၏။