YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 12:1-17

ဗျာဒိတ် 12:1-17 Judson Bible (JBMLE)

ကောင်း​ကင်၌ ကြီး​စွာ​သော နိ​မိတ်​လ​က္ခ​ဏာ ဟူ​မူ​ကား၊ မိန်း​မ​တစ်​ဦး​သည် နေ​ကို​ဝတ်​လျက်၊ လ​ကို ခြေ​ဖြင့်​နင်း​လျက်၊ မိ​မိ​ခေါင်း​ပေါ်၌ ကြယ်​ဆယ်​နှစ်​လုံး​ဖြင့်​ပြီး​သော သ​ရ​ဖူ​ကို ဆောင်း​လျက်​ပေါ်​လာ၏။- ထို​မိန်း​မ​သည် ကိုယ်​ဝန်​ဆောင်၍ ဖွား​အံ့​သော ဝေ​ဒ​နာ ပြင်း​သော​ကြောင့် အော်​ဟစ်​လေ၏။- ကောင်း​ကင်၌ အ​ခြား​သော နိ​မိတ်​လ​က္ခ​ဏာ ပေါ်​လာ​သည်​ကား၊ အ​ဆင်း​နီ​သော န​ဂါး​ကြီး​သည် ခေါင်း​ခု​နစ်​လုံး၊ ချို​ဆယ်​ချောင်း​နှင့်​တ​ကွ ခေါင်း​ပေါ်၌ သ​ရ​ဖူ​ခု​နစ်​ဆူ​ကို ဆောင်း​လျက်​ရှိ၏။- သူ၏​အ​မြီး​သည် ကောင်း​ကင်​ကြယ် သုံး​စု​တစ်​စု​ကို ဆွဲ​ငင်၍ မြေ​ကြီး​သို့​ချ​လိုက်​လေ၏။ သား​ကို​ဖွား​လု​သော မိန်း​မ​သည် ဖွား​သော​အ​ခါ၊ န​ဂါး​သည် ထို​သား​ကို ကိုက်​စား​မည့်​အ​ကြံ​နှင့် မိန်း​မ​ရှေ့၌​ရပ်​နေ၏။- ထို​မိန်း​မ​သည် လူ​မျိုး​တ​ကာ​တို့​ကို သံ​လှံ​တံ​နှင့် အုပ်​စိုး​လ​တ္တံ့​သော သား​ယောက်ျား​ကို ဖွား​မြင်၏။ ထို​သား​ကို ဘု​ရား​သ​ခင်​ထံ​သို့​လည်း​ကောင်း၊ ပ​လ္လင်​တော်​သို့​လည်း​ကောင်း ချီ​ယူ​တော်​မူ၏။- မိန်း​မ​သည် အ​ရက်​တစ်​ထောင်​နှစ်​ရာ​ခြောက် ဆယ်​ပတ်​လုံး တော၌ ကျွေး​မွေး​ခြင်း​ကို ခံ​ရ​မည်​အ​ကြောင်း ဘု​ရား​သ​ခင် ပြင်​ဆင်​တော်​မူ​သော အ​ရပ်​သို့ ပြေး​လေ၏။ ကောင်း​ကင်၌ စစ်​ဖြစ်၏။ မိ​က္ခေ​လ​နှင့် သူ၏ ကောင်း​ကင်​တ​မန်​တို့​သည် န​ဂါး​ကို စစ်​တိုက်​ကြ၏။ န​ဂါး​နှင့် သူ၏​တ​မန်​တို့​သည် စစ်​တိုက်၍ မ​နိုင်​ကြ။ ကောင်း​ကင်၌​လည်း သူ​တို့​နေ​စ​ရာ​မ​ရှိ။- ထို​အ​ခါ ဤ​လော​က​တစ်​နိုင်​ငံ​လုံး​ကို လှည့်​ဖြား၍ မာရ်​နတ်​စာ​တန် အ​မည်​ရှိ​သော ရှေး​မြွေ​ဟောင်း​တည်း ဟူ​သော န​ဂါး​ကြီး​ကို​လည်း​ကောင်း၊ သူ​နှင့်​အ​တူ သူ၏​တ​မန်​တို့​ကို​လည်း​ကောင်း၊ မြေ​ကြီး​သို့ ချ​လိုက်​ကြ၏။- ကောင်း​ကင်​ဘုံ၌ ကြီး​သော​အ​သံ​ကား၊ ယ​ခု​မှာ ကယ်​တင်​ခြင်း ဖြစ်၏။ တန်​ခိုး​တော်​လည်း ဖြစ်၏။ ငါ​တို့ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​နှင့် သူ၏​ခ​ရစ်​တော်၏ အာ​ဏာ​တော်​စက်​လည်း ဖြစ်၏။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​ညီ​အစ်​ကို​များ​ကို ငါ​တို့​ဘု​ရား​သ​ခင်​ရှေ့​တော်၌ နေ့​ည​မ​ပြတ် အ​ပြစ်​တင်​သော​ရန်​သူ​ကို အောက်​သို့ ချ​လေ​ပြီ။- သူ​တို့​သည် သိုး​သ​ငယ်၏ အ​သွေး​အား​ဖြင့်​လည်း​ကောင်း၊ မိ​မိ​တို့​သက်​သေ​ခံ​ချက် နှုတ်​က​ပတ်​တ​ရား​အား​ဖြင့်​လည်း​ကောင်း အောင်​မြင်၍၊ အ​သေ​ခံ​သည်​တိုင်​အောင် ကိုယ်​အ​သက်​ကို မ​နှ​မြော​ကြ။- ထို​ကြောင့် ကောင်း​ကင်​နှင့် ကောင်း​ကင်​သား​တို့ ရွှင်​လန်း​ကြ​လော့။ မြေ​ကြီး​နှင့် ပင်​လယ်​သည် အ​မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ မာရ်​နတ်​သည် မိ​မိ​ကာ​လ တစ်​ခ​ဏ​သာ​ရှိ​သည်​ကို သိ၍၊ ပြင်း​စွာ​သော ဒေါ​သ​အ​မျက်​နှင့်​တ​ကွ သင်​တို့​ရှိ​ရာ​သို့ ဆင်း​လေ​ပြီ​ဟု ဆို​ကြ​သည်​ကို ငါ​ကြား၏။ ထို​န​ဂါး​သည် မြေ​ကြီး​သို့ ကိုယ်​ကျ​သည်​ကို သိ​မြင်​လေ​သော်၊ သား​ယောက်ျား​ကို ဖွား​မြင်​သော မိန်း​မ​ကို ညှဉ်း​ဆဲ၏။- မိန်း​မ​သည် ထို​မြွေ​နှင့်​လွတ်၍၊ တစ်​ကာ​လ၊ နှစ်​ကာ​လ၊ ကာ​လ​တစ်​ဝက်​ပတ်​လုံး ကျွေး​မွေး​ခြင်း​ကို ခံ​ရာ အ​ရပ်​တည်း​ဟူ​သော တော​အ​ရပ်​သို့ ပျံ​နိုင်​မည့်​အ​ကြောင်း၊ ရွှေ​လင်း​တ​ကြီး၏ အ​တောင်​နှစ်​ဖက်​ကို ရ​လေ၏။- ထို​အ​ခါ၊ မိန်း​မ​ကို ရေ​အ​ဟုန်​ဖြင့် မျော​သွား​စေ​ခြင်း​ငှာ၊ န​ဂါး​သည် မိ​မိ​ခံ​တွင်း​ထဲ​က​မြစ်​ရေ​စီး​သ​ကဲ့​သို့ ရေ​ကို မိန်း​မ​နောက်၌ ထုတ်​ပစ်​လေ၏။- မြေ​ကြီး​သည် မိန်း​မ​ကို မ​စ၍ မိ​မိ​ခံ​တွင်း​ကို ဖွင့်​ပြီး​လျှင်၊ န​ဂါး၏ ခံ​တွင်း​ထဲ​က ထုတ်​ပစ်​သော​မြစ်​ရေ​ကို မျို​လေ၏။- န​ဂါး​သည် မိန်း​မ​ကို အ​ငြိုး​ထား၏။ ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​တို့​ကို ကျင့်၍ ယေ​ရှု၏ သက်​သေ​ခံ​တော်​မူ​ချက်​ကို စွဲ​လမ်း​သော​သူ​တည်း​ဟူ​သော ထို​မိန်း​မ၌ ကြွင်း​သော အ​မျိုး​အ​နွယ်​ကို စစ်​တိုက်​ခြင်း​ငှာ သွား၏။

ဗျာဒိတ် 12:1-17 Common Language Bible (BCL)

ထို​နောက်​မိုး​ကောင်း​ကင်​တွင်​အ​တိတ်​နိ​မိတ် ကြီး​တစ်​ရပ်​ပေါ်​လာ​သည်​ကို​ငါ​မြင်​ရ​၏။ အ​မျိုး​သ​မီး​တစ်​ယောက်​သည်​နေ​ကို​ဝတ်​ရုံ ကာ၊ လ​၏​အ​ပေါ်​တွင်​ခြေ​တင်​၍​ကြယ်​တစ် ဆယ့်​နှစ်​လုံး​ပါ​သည့်​သ​ရ​ဖူ​ကို​ဆောင်း​၍ ထား​၏။- သူ​သည်​မ​ကြာ​မီ​သား​ဖွား​မည်​ဖြစ်​၍​သား ဖွား​ခြင်း​ဝေ​ဒ​နာ​ဖြင့်​အော်​လျက်​နေ​၏။ မိုး​ကောင်း​ကင်​တွင်​အ​ခြား​အ​တိတ်​နိ​မိတ် တစ်​ရပ်​ပေါ်​လာ​ပြန်​၏။ ဦး​ခေါင်း​ခု​နစ်​လုံး၊ ဦး ချို​ဆယ်​ချောင်း​ရှိ​သော​နဂါး​နီ​ကြီး​တစ်​ကောင် သည်​မိ​မိ​၏​ဦး​ခေါင်း​များ​ပေါ်​တွင်​သ​ရ​ဖူ ခု​နစ်​လုံး​ကို​ဆောင်း​၍​ထား​၏။- သူ​သည်​မိုး​ကောင်း​ကင်​က​ကြယ်​တာ​ရာ​သုံး​ပုံ တစ်​ပုံ​ကို မိ​မိ​အ​မြီး​ဖြင့်​ဆွဲ​ငင်​ကာ​ကမ္ဘာ​မြေ ပေါ်​သို့​ပစ်​ချ​လိုက်​၏။ နဂါး​ကြီး​သည်​သား​ဖွား အံ့​ဆဲ​ဆဲ​ဖြစ်​သော​အ​မျိုး​သ​မီး​၏​ရှေ့​တွင် ရပ်​လျက် ထို​အ​မျိုး​သ​မီး​သား​ဖွား​သည်​နှင့် တစ်​ပြိုင်​နက်​သား​ငယ်​ကို​စား​မျို​ရန်​စောင့် ၍​နေ​၏။- ထို​နောက်​ထို​အ​မျိုး​သ​မီး​သည်​လူ​မျိုး​တ​ကာ တို့​ကို သံ​လှံ​တံ​ဖြင့်​အုပ်​စိုး​မည့်​သား​ယောကျာ်း ကို​ဖွား​မြင်​လေ​သည်။ သို့​ရာ​တွင်​ထို​သား​ငယ် သည်​သူ​၏​မိ​ခင်​ထံ​မှ​ဘု​ရား​သ​ခင်​စံ​တော် မူ​ရာ​ပလ္လင်​တော်​သို့​ချီ​ယူ​ခြင်း​ကို​ခံ​ရ​၏။- အ​မျိုး​သ​မီး​သည်​တော​ကန္တာ​ရ​တွင်​ဘု​ရား သ​ခင်​ပြင်​ဆင်​ထား​တော်​မူ​သော​အ​ရပ်​သို့ ထွက်​ပြေး​လေ​၏။ ထို​အ​ရပ်​တွင်​သူ​သည်​ရက် ပေါင်း ၁၂၆၀ အ​ထိ​ပြု​စု​စောင့်​ရှောက်​ခြင်း​ကို ခံ​ရ​၏။ ထို​နောက်​ကောင်း​ကင်​၌​စစ်​ဖြစ်​လေ​သည်။ မိက္ခေ​လ နှင့်​သူ​၏​ကောင်း​ကင်​တ​မန်​များ​သည် န​ဂါး ကို​တိုက်​ခိုက်​ကြ​၏။ န​ဂါး​နှင့်​သူ​၏​ဘက်​သား ကောင်း​ကင်​တ​မန်​တို့​က​ပြန်​လှန်​တိုက်​ခိုက် ကြ​သော်​လည်း၊- အ​ရေး​ရှုံး​နိမ့်​သွား​ကြ​၏။ သူ​တို့​သည်​ကောင်း ကင်​တွင်​နေ​ရန်​အ​ခွင့်​မ​ရ​ကြ​တော့​ချေ။- ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား​လှည့်​ဖြား​သူ​နတ် မိစ္ဆာ​ဘု​ရင်​ဟူ​၍​လည်း​ကောင်း၊ စာ​တန်​ဟူ​၍ လည်း​ကောင်း​ခေါ်​ဝေါ်​ခြင်း​ခံ​ရ​သူ​ရှေး​မြွေ န​ဂါး​ကြီး​သည် မိ​မိ​၏​ဘက်​သား​ကောင်း​ကင် တ​မန်​များ​နှင့်​အ​တူ​ကမ္ဘာ​မြေ​ပေါ်​သို့​ပစ်​ချ ခြင်း​ကို​ခံ​ရ​လေ​သည်။ ထို​နောက်​ကောင်း​ကင်​မှ​ကျယ်​စွာ​သော​အ​သံ က``ယ​ခု​အ​ခါ​ဘု​ရား​သ​ခင်​၏​ကယ်​တင် ခြင်း​သက်​ရောက်​လာ​လေ​ပြီ။ ယ​ခု​အ​ခါ ဘု​ရား​သ​ခင်​သည်​ဘု​ရင်​ဖြစ်​ကြောင်း​ပြ​သ တော်​မူ​ပြီ။ ခ​ရစ်​တော်​သည်​လည်း​သူ​၏​အာ ဏာ​တော်​စက်​ကို​ပြ​တော်​မူ​ပြီ။ အ​ဘယ် ကြောင့်​ဆို​သော်​ငါ​တို့​၏​ညီ​အစ်​ကို​များ အား​နေ့​ရော​ညဥ့်​ပါ ငါ​တို့​၏​ဘု​ရား​သ​ခင် ရှေ့​တော်​တွင် ပြစ်​တင်​စွပ်​စွဲ​လျက်​နေ​သူ​ကို ကောင်း​ကင်​ဘုံ​မှ​နှင်​ထုတ်​လိုက်​ပြီ​ဖြစ်​သော ကြောင့်​တည်း။- ငါ​တို့​၏​ညီ​အစ်​ကို​များ​သည်​သိုး​သူ​ငယ် တော်​၏​သွေး​တော်​အား​ဖြင့်​လည်း​ကောင်း၊ မိ​မိ တို့​ဟော​ပြော​ကြေ​ညာ​သည့်​နှုတ်​က​ပတ် တ​ရား​တော်​အား​ဖြင့်​လည်း​ကောင်း​စာ​တန် ကို​အောင်​မြင်​ခဲ့​ကြ​၏။ သူ​တို့​သည်​အ​သေ ခံ​သည်​တိုင်​အောင်​မိ​မိ​တို့​အ​သက်​ကို မ​နှ​မြော​ကြ။- သို့​ဖြစ်​၍​အ​ချင်း​မိုး​ကောင်း​ကင်​နှင့်​ကောင်း​ကင် သား​တို့၊ ဝမ်း​မြောက်​ရွှင်​မြူး​ကြ​လော့။ ကုန်း​မြေ နှင့်​ပင်​လယ်​တို့​အ​တွက်​အ​မင်္ဂလာ​ဖြစ်​ပါ​သည် တ​ကား။ အ​ဘယ်​ကြောင့်​ဆို​သော်​နတ်​မိစ္ဆာ​ဘု​ရင် သည် မိ​မိ​၏​နေ့​ရက်​ကာ​လ​အ​နည်း​ငယ်​သာ ကျန်​ရှိ​သည်​ကို​သိ​သ​ဖြင့်​ပြင်း​စွာ​အ​မျက် ထွက်​လျက် သင်​တို့​ထံ​သို့​ရောက်​ရှိ​လာ​ပြီ ဖြစ်​သော​ကြောင့်​တည်း'' ဟု​ပြော​သည်​ကို ငါ​ကြား​ရ​၏။ မိ​မိ​သည်​ကမ္ဘာ​မြေ​ပေါ်​သို့​ပစ်​ချ​ခြင်း​ခံ​ရ သည်​ကို​န​ဂါး​သိ​သော​အ​ခါ သား​ယောကျာ်း လေး​ဖွား​မြင်​သူ​အ​မျိုး​သ​မီး​အား​လိုက် ၍​ဖမ်း​လေ​၏။- အ​မျိုး​သ​မီး​သည်​တော​ကန္တာ​ရ​ရှိ​မိ​မိ​အရပ် သို့​ပျံ​သန်း​သွား​နိုင်​ရန် လင်း​ယုန်​ကြီး​၏​အ​တောင် နှစ်​ခု​ကို​ရ​ရှိ​ထား​သည်။ သူ​သည်​ထို​အ​ရပ်​တွင် သုံး​နှစ်​ခွဲ​တိုင်​တိုင် န​ဂါး​၏​ဘေး​မှ​ကင်း​လွတ် လုံ​ခြုံ​လျက်​ပြု​စု​စောင့်​ရှောက်​ခြင်း​ကို​ခံ​ရ မည်​ဖြစ်​၏။- နဂါး​သည်​အ​မျိုး​သ​မီး​အား​ရေ​အ​ဟုန်​တွင် မျော​ပါ​သွား​စေ​ရန် မိ​မိ​၏​ခံ​တွင်း​မှ​ရေ​ကို မြစ်​သ​ဖွယ်​မှုတ်​ထုတ်​လိုက်​၏။- သို့​ရာ​တွင်​မြေ​ကြီး​သည်​မိ​မိ​၏​ခံ​တွင်း​ကို ဖွင့်​၍ န​ဂါး​မှုတ်​ထုတ်​လိုက်​သော​မြစ်​ရေ​ကို မျို​ချ​ကာ​အ​မျိုး​သ​မီး​အား​ကယ်​ဆယ် လိုက်​သည်။- ထို​အ​ခါ​န​ဂါး​သည်​အ​မျက်​ထွက်​သ​ဖြင့် အ​မျိုး​သ​မီး​၏​ကျန်​ကြွင်း​နေ​သေး​သော သား​မြေး​များ​တည်း​ဟူ​သော ဘု​ရား​သ​ခင် ၏​ပ​ညတ်​တော်​တို့​ကို​စောင့်​ရှောက်​၍​သ​ခင် ယေ​ရှု​ဖော်​ပြ​တော်​မူ​သော သမ္မာ​တ​ရား​တော် ကို​သစ္စာ​ရှိ​စွာ​ထိန်း​သိမ်း​သူ​များ​အား​တိုက် ခိုက်​ရန်​ထွက်​ခွာ​သွား​၏။

ဗျာဒိတ် 12:1-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ကောင်းကင်​၌ ကြီးမား​သော​နိမိတ်​လက္ခဏာ​ကို​တွေ့မြင်​ရ​၏။ အမျိုးသမီး​တစ်​ဦး​သည် နေ​ကို​ဝတ်ဆင်​လျက် လ​ကို ခြေ​အောက်၌​နင်း​ထား​ကာ ဦးခေါင်း​ပေါ်တွင် ကြယ်​တစ်ဆယ့်နှစ်​လုံး​ပါ​သော​သရဖူ​ကို​ဆောင်း​ထား​၏။ ထို​အမျိုးသမီး​သည် ကိုယ်ဝန်ဆောင်​၍ သားဖွား​ခြင်း​ဝေဒနာ​ကြောင့် အော်ဟစ်​လျက် သားဖွား​ရန်​မချိမဆံ့​ခံစား​နေ​၏။ တစ်ဖန် ကောင်းကင်​၌ အခြား​သော​နိမိတ်​လက္ခဏာ​ကို​တွေ့မြင်​ရ​၏။ ခေါင်း​ခုနစ်​လုံး​နှင့် ဦးချို​ဆယ်​ချောင်း​ရှိ​၍ သူ​၏​ခေါင်း​များ​ပေါ်တွင် သရဖူ​ခုနစ်​ခု​ကို​ဆောင်း​ထား​သည့် နီရဲ​သော​နဂါး​ကြီး​တစ်​ကောင်​ရှိ​၏။ သူ​၏​အမြီး​သည် ကောင်းကင်​ကြယ်​သုံးပုံတစ်ပုံ​ကို​ဆွဲ​၍ မြေကြီး​ပေါ်သို့​ပစ်ချ​လိုက်​၏။ ထို​နဂါး​သည် သားဖွား​တော့မည့်​အမျိုးသမီး​ရှေ့​၌​ရပ်​လျက် သားဖွား​သောအခါ သူ​၏​သား​ကို​ဝါးမျို​ရန်​စောင့်​နေ​၏။ ထို​အမျိုးသမီး​သည် လူမျိုး​အပေါင်း​တို့​ကို သံ​လှံတံ​ဖြင့်​အုပ်ထိန်း​ရ​မည့် သား​ယောက်ျား​ကို​ဖွားမြင်​၏။ ထို​သား​သည် ဘုရားသခင်​အထံ​တော်​သို့​လည်းကောင်း၊ ပလ္လင်​တော်​သို့​လည်းကောင်း ချီဆောင်​ခြင်း​ကို​ခံရ​၏။ ထို​အမျိုးသမီး​သည်​လည်း တော​ကန္တာရ​ထဲသို့ ထွက်ပြေး​လေ​၏။ ထို​အရပ်​၌ ရက်​ပေါင်း​တစ်ထောင့်​နှစ်ရာ​ခြောက်ဆယ်​တိုင်တိုင် သူ့​ကို​ကြည့်ရှု​စောင့်ရှောက်​ရန် ဘုရားသခင်​ပြင်ဆင်​ထား​တော်မူ​သော နေရာ​တစ်​နေရာ​ရှိ​၏။ ထို့နောက် ကောင်းကင်​၌ စစ်​ဖြစ်​လေ​၏။ မိက္ခေလ​နှင့်​သူ​၏​ကောင်းကင်​တမန်​တို့​သည် နဂါး​နှင့်​တိုက်ခိုက်​ကြ​၏။ နဂါး​နှင့်​သူ​၏​စေတမန်​တို့​သည် ပြန်လည်​တိုက်ခိုက်​ကြ​သော်လည်း အနိုင်​မ​ရ​ကြ။ ကောင်းကင်​၌​လည်း သူ​တို့​အတွက်​နေရာ​မ​ရှိ​တော့​ပေ။ ထိုအခါ တစ်ကမ္ဘာလုံး​ကို​လှည့်ဖြား​၍ မာရ်နတ်​ဟူ၍​လည်းကောင်း၊ စာတန်​ဟူ၍​လည်းကောင်း အခေါ်​ခံရ​သည့် ရှေး​မြွေ​ဟောင်း​တည်းဟူသော​နဂါး​ကြီး​သည် မြေကြီး​ပေါ်သို့​ပစ်ချ​ခြင်း​ခံရ​လေ​၏။ သူ​နှင့်အတူ သူ​၏​စေတမန်​တို့​သည်​လည်း ပစ်ချ​ခြင်း​ခံရ​ကြ​၏။ ထို့နောက် ကောင်းကင်​မှ​ကျယ်လောင်​သော​အသံ​က “ငါ​တို့​ဘုရားသခင်​၏​ကယ်တင်​ခြင်း၊ တန်ခိုး​တော်၊ နိုင်ငံ​တော်​နှင့် ကိုယ်တော်​၏​ခရစ်တော်​၌​ရှိ​သော​အာဏာစက်​တို့​သည် ယခု​ပေါ်ထွန်း​လေ​ပြီ။ အကြောင်းမူကား ငါ​တို့​၏​ညီအစ်ကို​များ​ကို​စွပ်စွဲ​သော​သူ​တည်းဟူသော ငါ​တို့​ဘုရားသခင်​၏​ရှေ့​တော်​၌ နေ့​ရော​ည​ပါ သူ​တို့​ကို​စွပ်စွဲ​သော​သူ​သည် ပစ်ချ​ခြင်း​ခံရ​လေ​ပြီ။ ညီအစ်ကို​များ​သည် သိုးသငယ်​တော်​၏​သွေး​တော်​အားဖြင့်​လည်းကောင်း၊ မိမိ​တို့​သက်သေခံ​သော​နှုတ်ကပတ်တော်​အားဖြင့်​လည်းကောင်း၊ သူ့​ကို​အောင်နိုင်​ခဲ့​ကြ​၏။ သူ​တို့​သည် အသေခံ​ရ​သည့်​တိုင်အောင် မိမိ​တို့​အသက်​ကို​နှမြော​ခြင်း​မ​ရှိ​ကြ။ သို့ဖြစ်၍ ကောင်းကင်​နှင့် ကောင်းကင်​၌​စံမြန်း​သော​သူ​တို့၊ ပျော်ရွှင်​ကြ​လော့။ မြေကြီး​နှင့်​ပင်လယ်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အဘယ်ကြောင့်​ဆိုသော် မာရ်နတ်​သည် သူ​၏​အချိန်​အနည်းငယ်​သာ​ရှိ​ကြောင်း​ကို​သိ​လျက် ပြင်းစွာ​သော​ဒေါသ​ဖြင့် သင်​တို့​ထံသို့​ဆင်းလာ​ပြီ”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။ နဂါး​သည် မြေကြီး​ပေါ်သို့ ပစ်ချ​ခြင်း​ခံရ​သည်​ကို သိမြင်​သောအခါ သား​ယောက်ျား​ကို​ဖွားမြင်​သော​အမျိုးသမီး​အား လိုက်လံ​ညှဉ်းဆဲ​လေ​၏။ သို့သော် ထို​အမျိုးသမီး​သည် တော​ကန္တာရ​ထဲ​ရှိ မိမိ​၏​နေရာ​အရပ်​သို့ ပျံသန်း​သွား​နိုင်​ရန် ကြီးမား​သော​လင်းယုန်​၏​အတောင်​နှစ်​ခု​ကို​ရရှိ​၏။ သူ​သည် ထို​အရပ်​တွင် မြွေ​၏​ရှေ့မှောက်​မှ​လွတ်​၍ တစ်​ကာလ၊ နှစ်​ကာလ​နှင့် ကာလ​တစ်ဝက်​အတွင်း ပြုစု​စောင့်ရှောက်​ခြင်း​ကို​ခံရ​၏။ မြွေ​သည် ထို​အမျိုးသမီး​ကို ရေ​၌​မျောပါ​သွား​စေရန် သူ​၏​နောက်တွင် ရေ​ကို မြစ်​သဖွယ် မိမိ​ခံတွင်း​ထဲမှ မှုတ်​ထုတ်​လိုက်​၏။ သို့သော် မြေကြီး​သည် ထို​အမျိုးသမီး​ကို​ကူညီ​လေ​၏။ မြေကြီး​သည် မိမိ​ခံတွင်း​ကို​ဖွင့်​၍ နဂါး​၏​ခံတွင်း​မှ မှုတ်​ထုတ်​လိုက်​သော​မြစ်​ရေ​ကို မျိုချ​လိုက်​၏။ ထိုအခါ နဂါး​သည် ထို​အမျိုးသမီး​အပေါ်​အမျက်ထွက်​၍ ဘုရားသခင်​၏​ပညတ်​တော်​တို့​ကို စောင့်ထိန်း​သော​သူ​များ​နှင့် ယေရှု​နှင့်ဆိုင်သည့်​သက်သေခံ​ချက်​ကို​ရရှိ​ထား​သော​သူ​များ​ဖြစ်​ကြ​သည့် ထို​အမျိုးသမီး​၏​အမျိုးအနွယ်​ထဲမှ ကျန်ရှိ​သော​သူ​တို့​နှင့်​စစ်တိုက်​ရန် ထွက်သွား​ပြီး