YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 1:5-8

ဗျာဒိတ် 1:5-8 Judson Bible (JBMLE)

သ​စ္စာ​စောင့်​သော သက်​သေ​ခံ ဖြစ်​တော်​မူ​ထ​သော၊ သေ​သော​သူ​တို့​တွင် သား​ဦး ဖြစ်​တော်​မူ​ထ​သော၊ လော​ကီ​ဘု​ရင်​တို့၏ အ​ထွတ်​ဖြစ်​တော်​မူ​သော ယေ​ရှု​ခ​ရစ်​အ​ထံ​တော်​က​လည်း​ကောင်း၊ ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​သည် သင်​တို့၌​ရှိ​ပါ​စေ​သော။ ငါ​တို့​ကို​ချစ်၍ မိ​မိ​အ​သွေး​နှင့် ငါ​တို့​အ​ပြစ်​များ​ကို ဆေး​ကြော​တော်​မူ၍၊- မိ​မိ​ခ​မည်း​တော်​ဘု​ရား​သ​ခင့်​ရှေ့၌ ငါ​တို့​ကို ရှင်​ဘု​ရင်​အ​ရာ၌​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌​လည်း​ကောင်း ခန့်​ထား​တော်​မူ​သော​သူ​သည်၊ က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​အ​သ​ရေ၊ အ​စွမ်း​သ​တ္တိ​ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။ ကြည့်​ရှု​လော့။ မိုး​တိမ်​နှင့်​တ​ကွ ကြွ​လာ​တော်​မူ​သည်​ဖြစ်၍၊ ကိုယ်​တော်​ကို ထိုး​ဖောက်​သော သူ​တို့​နှင့် ရှိ​သ​မျှ​သော​သူ​တို့​သည် ကိုယ်​တော်​ကို ရှု​မြင်​ရ​ကြ​လိမ့်​မည်။ မြေ​ကြီး​သား​အ​မျိုး​မျိုး ရှိ​သ​မျှ​တို့​သည် ကိုယ်​တော်​ကြောင့် ငို​ကြွေး​မြည်​တမ်း​ရ​ကြ​လိမ့်​မည်။ မှန်​ပေ၏။ အာ​မင်။- ငါ​သည် အာ​လ​ဖ​ဖြစ်၏။ ဩ​မေ​ဃ​လည်း​ဖြစ်​၏​ဟု အ​န​န္တ​တန်​ခိုး​နှင့်​ပြည့်​စုံ​တော်​မူ၍၊ ပ​စ္စု​ပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ အ​စဉ်​ရှိ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင် မိန့်​တော်​မူ၏။

ဗျာဒိတ် 1:5-8 Common Language Bible (BCL)

သစ္စာ​ရှိ​စွာ​သက်​သေ​ခံ​တော်​မူ​ထ​သော၊ သေ ခြင်း​မှ​ဦး​စွာ​ပ​ထ​မ​ရှင်​ပြန်​ထ​မြောက်​တော် မူ​ထ​သော၊ လော​ကီ​ဘု​ရင်​တို့​ကို​အ​စိုး​ရ တော်​မူ​ထ​သော​ယေ​ရှု​ခ​ရစ်​ထံ​တော်​မှ​လည်း ကောင်း ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​ကို သင်​တို့​ခံ​စား​ရ​ကြ​ပါ​စေ​သ​တည်း။ ငါ​တို့​ကို​ချစ်​တော်​မူ​၍​အ​သက်​တော်​ကို​စွန့် တော်​မူ​ခြင်း​အား​ဖြင့် ငါ​တို့​အား​အ​ပြစ်​၏ အ​နှောင်​အ​ဖွဲ့​မှ​လွတ်​မြောက်​စေ​တော်​မူ​ပြီး လျှင်၊- မိ​မိ​၏​ခ​မည်း​တော်​ဘု​ရား​သခင်​၏​အ​မှု​တော် ကို​ဆောင်​ရွက်​နိုင်​စေ​ရန် ငါ​တို့​အား​ရှင်​ဘု​ရင် အ​ရာ​ကို​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ ကို​လည်း​ကောင်း​ပေး​အပ်​တော်​မူ​သော​ယေ​ရှု ခ​ရစ်​သည်​ကမ္ဘာ​အ​ဆက်​ဆက်​ဘုန်း​အ​သ​ရေ၊ တန်​ခိုး​အာ​နု​ဘော်​တော်​ရှိ​တော်​မူ​ပါ​စေ သ​တည်း။ အာ​မင်။ ကြည့်​ရှု​လော့။ ကိုယ်​တော်​သည်​မိုး​တိမ်​စီး​၍​ကြွ လာ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​အား​လှံ​ဖြင့် ထိုး​ဖောက်​ခဲ့​သူ​များ​ပါ​မ​ကျန် လူ​အ​ပေါင်း တို့​သည်​ကိုယ်​တော်​ကို​ဖူး​မြင်​ကြ​ရ​လိမ့်​မည်။ ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​ရှိ​သ​မျှ​တို့​သည်​ဝမ်း နည်း​ကြေ​ကွဲ​ကြ​လိမ့်​မည်။ ထို​အ​တိုင်း ဖြစ်​ပါ​စေ​သော။ ပစ္စုပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ​အ​စဉ်​ရှိ​နေ တော်​မူ​သော​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​က``ငါ​သည်​အ​စ​နှင့်​အ​ဆုံး ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

ဗျာဒိတ် 1:5-8 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သစ္စာ​ရှိ​သော​သက်သေ၊ သေ​သော​သူ​တို့​ထဲမှ အဦးဆုံး​ဖွားမြင်​လာ​သူ၊ ကမ္ဘာ​မြေကြီး​၏​ရှင်ဘုရင်​တို့​ကို​အုပ်ချုပ်​သူ ဖြစ်တော်မူ​သော ယေရှု​ခရစ်တော်​ထံမှ​လည်းကောင်း ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါစေ​သော။ ငါ​တို့​ကို​ချစ်​တော်မူ​၍ မိမိ​၏​သွေး​တော်​အားဖြင့် ငါ​တို့​အပြစ်​များ​မှ ငါ​တို့​ကို​ဖြေလွှတ်​ကာ ငါ​တို့​အား နိုင်ငံ​တော်​ဖြစ်​စေ​လျက် မိမိ​ခမည်းတော်​ဘုရားသခင်​ရှေ့​တော်​၌ ယဇ်ပုရောဟိတ်​များ​ဖြစ်​စေ​တော်မူ​သော​အရှင်​၌ ကမ္ဘာ​အဆက်ဆက် ဘုန်း​အသရေ​နှင့်​တန်ခိုး​အရှိန်အဝါ​ရှိ​ပါစေသော။ အာမင်။ ကြည့်ရှု​လော့။ ကိုယ်တော်​သည် မိုးတိမ်​များ​ဖြင့်​ကြွလာ​တော်မူ​၏။ ထိုအခါ ကိုယ်တော်​ကို​ထိုးဖောက်​ခဲ့​သူ​တို့​မှစ၍ လူ​အပေါင်း​တို့​သည် မိမိ​တို့​မျက်စိ​ဖြင့် ကိုယ်တော်​ကို​တွေ့မြင်​ရ​ကြ​လိမ့်မည်။ ကမ္ဘာ​မြေကြီး​ပေါ်​ရှိ လူမျိုး​နွယ်စု​အားလုံး​သည် ကိုယ်တော်​ကြောင့် ရင်ဘတ်​စည်တီး​လျက်​မြည်တမ်း​ကြ​လိမ့်မည်။ မှန်​ပေ​၏။ အာမင်။ ယခု​ရှိ​လျက် ယခင်​က​လည်း​ရှိ​လျက် နောင်အခါ​ကြွလာ​မည့် အနန္တ​တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော ထာဝရ​အရှင်​ဘုရားသခင်​က “ငါ​သည် အာလဖာ​နှင့်​အိုမီဂါ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။