YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 91:1-16

ဆာလံ 91:1-16 Judson Bible (JBMLE)

အ​မြင့်​ဆုံး​သော​ဘု​ရား၏ ကွယ်​ကာ​ရာ​ဌာ​န​တော်၌ နေ​သော​သူ​သည် အ​န​န္တ​တန်​ခိုး​ရှင်၏ အ​ရိပ်​ကို​ခို​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​ခို​လှုံ​ရာ၊ ငါ၏​ရဲ​တိုက်၊ ငါ​ကိုး​စား​သော ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သည်​ဟု ငါ​ပြော​ဆို၏။ အ​ကယ်​စင်​စစ် မု​ဆိုး၏​ကျော့​ကွင်း​နှင့်​လည်း​ကောင်း၊ သေ​တတ်​သော အ​နာ​နှင့်​လည်း​ကောင်း၊ သင့်​ကို ကင်း​လွတ်​စေ​တော်​မူ​မည်။ အ​တောင်​တော်​အ​မွေး​နှင့် ဖုံး​အုပ်​တော်​မူ၍၊ အ​တောင်​တော်​အောက်၌ သင်​သည်​လုံ​ခြုံ​စွာ နေ​ရ​လိမ့်​မည်။ သ​စ္စာ​တော်​သည် သင်၏​ဒိုင်း​လွှား​ဖြစ်​လိမ့်​မည်။ ည​အ​ခါ​ဖြစ်​တတ်​သော ဘေး​ကို​လည်း​ကောင်း၊ နေ့​အ​ချိန်၌ ပစ်​သော​မြား​ကို​လည်း​ကောင်း၊ မှောင်​မိုက်​ထဲ​မှာ လည်​တတ်​သော ကာ​လ​နာ​ကို​လည်း​ကောင်း၊ မွန်း​တည့်​အ​ချိန်၌ ဖျက်​ဆီး​တတ်​သော ဥ​ပဒ်​ကို​လည်း​ကောင်း၊ သင်​သည်​မ​ကြောက်​ရ။ သင်၏​အ​နား​မှာ လူ​တစ်​ထောင်၊ သင်၏​လက်​ယာ​ဘက်​မှာ လူ​တစ်​သောင်း​လဲ​သော်​လည်း၊ သင့်​ကို မ​ထိ​မ​ခိုက်​ရ။ သင်​သည် ကိုယ်​မျက်​စိ​နှင့်​ကြည့်၍၊ မ​တ​ရား​သော​သူ​တို့၌ ရောက်​ရ​သော​အ​ပြစ်​ကို မြင်​ရုံ​မျှ​သာ​ရှိ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏​ဟု သင်​သည်​ဆို၍၊ အ​မြင့်​ဆုံး​သော​ဘု​ရား၌ နေ​ရာ​ကျ​သော​ကြောင့်၊ သင်၌ မ​ကောင်း​သော​အ​နိဌာ​ရုံ မ​ကပ်​မ​ရောက်။ သင့်​နေ​ရာ​သို့ ဘေး​ဥ​ပဒ်​မ​ချဉ်း​ရ။ သွား​လေ​ရာ​ရာ၌ သင့်​ကို​စောင့်​ရှောက်​စေ​ခြင်း​ငှာ၊ ကောင်း​ကင်​တ​မန်​တို့​အား သင့်​အ​ဖို့ မှာ​ထား​တော်​မူ​သည်​ဖြစ်၍၊ သင်၏​ခြေ​ကို ကျောက်​နှင့် မ​ထိ​မ​ခိုက်​စေ​ခြင်း​ငှာ၊ သူ​တို့​သည် သင့်​ကို လက်​နှင့်​မ​စ​ချီ​ပင့်​ကြ​လိမ့်​မည်။ သင်​သည် ခြင်္သေ့​နှင့် မြွေ​ဆိုး​အ​ပေါ်​မှာ​ကျော်​သွား၍၊ ခြင်္သေ့​ပျို​နှင့် န​ဂါး​တို့​ကို ခြေ​ဖြင့်​နင်း​လိမ့်​မည်။ သူ​သည် ငါ့​ကို​ချစ်​သော​ကြောင့်၊ သူ့​ကို ငါ​ကယ်​နုတ်​မည်။ ငါ၏​နာ​မ​ကို​သိ​သော​ကြောင့်၊ သူ့​ကို ငါ​ချီး​မြှောက်​မည်။ သူ​သည် ငါ့​ကို​ခေါ်​သော​အ​ခါ ငါ​ထူး​မည်။ ဒု​က္ခ​ခံ​ရ​သော​အ​ခါ သူ့​ဘက်​မှာ​ငါ​နေ၍ ချမ်း​သာ​ပေး​မည်။ သူ၏​ဘုန်း​ကို​လည်း ထင်​ရှား​စေ​မည်။ ရှည်​သော​အ​သက်​နှင့် သူ့​ကို​ရောင့်​ရဲ​စေ၍၊ ငါ၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို သူ့​အား​ပြ​မည်။

ဆာလံ 91:1-16 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ခို​လှုံ​ရန် ချဉ်း​ကပ်​သူ​သည်​လည်း​ကောင်း၊ အ​နန္တ​တန်​ခိုး​ရှင်​၏​ကွယ်​ကာ​စောင့်​ထိန်း​မှု​ကို ခံ​ယူ​သူ​သည်​လည်း​ကောင်း၊ ``ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ကွယ်​ကာ​ရာ၊ ကျွန်​တော်​မျိုး​ခို​လှုံ​ရာ​ရဲ​တိုက်​ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဘု​ရား ဖြစ်​တော်​မူ​၍​ကျွန်​တော်​မျိုး​သည် ကိုယ်​တော်​ရှင်​ကို​ကိုး​စား​ပါ​၏'' ဟူ​၍ ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​ထား​နိုင်​လိမ့်​မည်။ ကိုယ်​တော်​သည်​မ​မြင်​နိုင်​သော ဘေး​ဥ​ပဒ်​များ​မှ​လည်း​ကောင်း၊ သေ​စေ​တတ်​သော​အ​နာ​ရော​ဂါ​များ​မှ လည်း​ကောင်း သင့်​ကို​ကင်း​လွတ်​စေ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​မိ​မိ​၏​အ​တောင်​တော်​ဖြင့် သင့်​ကို​ဖုံး​အုပ်​တော်​မူ​လိမ့်​မည်။ သင်​သည်​ကိုယ်​တော်​၏​ကြည့်​ရှု​စောင့်​ရှောက်​ခြင်း​ကို ခံ​ရ​၍​ဘေး​မဲ့​လုံ​ခြုံ​လျက်​နေ​လိမ့်​မည်။ ကိုယ်​တော်​၏​သစ္စာ​တော်​သည်​သင့်​ကို​စောင့်​ထိန်း ကွယ်​ကာ​ရာ​ဒိုင်း​လွှား​ဖြစ်​လိမ့်​မည်။ ညဥ့်​အ​ခါ​တွေ့​ရ​တတ်​သော​ဘေး​ဥ​ပဒ်​များ ကို​သော်​လည်း​ကောင်း၊ နေ့​အ​ချိန်​ပေါ်​ပေါက်​တတ်​သည့်​အန္တရာယ်​များ ကို​သော်​လည်း​ကောင်း၊ မှောင်​မိုက်​တွင်​ကျ​ရောက်​တတ်​သည့်​ကပ်​ရော​ဂါ​များ ကို​သော်​လည်း​ကောင်း၊ နေ့​လည်​ချိန်​၌​သေ​စေ​တတ်​သည့်​ဘေး​ဥ​ပဒ်​များ ကို​သော်​လည်း​ကောင်း၊ ကြောက်​လန့်​ရ​လိမ့်​မည်​မ​ဟုတ်။ သင်​၏​အ​နီး​တွင်​လူ​တစ်​ထောင်၊ သင်​၏​ပတ်​လည်​တွင်​လူ​တစ်​သောင်း ကျ​ဆုံး​သော်​လည်း​သင်​၌​အ​ထိ​အ​ခိုက် မ​ရှိ​ရ။ သူ​ယုတ်​မာ​တို့​အ​ဘယ်​သို့​အ​ပြစ်​ဒဏ်​သင့်​ကြ သည်​ကို သင်​သည်​ဒိ​ဌ​မြင်​ရ​လိမ့်​မည်။ သင်​သည်​ထာ​ဝ​ရ​ဘု​ရား​အား​သင့်​ကို​ကွယ်​ကာ​သော အ​ရှင်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ အ​မြင့်​မြတ်​ဆုံး​ဖြစ်​တော်​မူ​သော​ဘု​ရား​အား သင်​ခို​လှုံ​သော​အ​ရှင်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း လက်​ခံ​သည်​ဖြစ်​၍ သင်​သည်​ဘေး​ဒုက္ခ​နှင့်​တွေ့​ကြုံ​ရ​လိမ့်​မည်​မ​ဟုတ်၊ သင်​၏​အိမ်​အ​နီး​သို့​လည်း​အ​ဘယ်​ဘေး​ဥ​ပဒ်​မျှ ချဉ်း​ကပ်​ရ​လိမ့်​မည်​မ​ဟုတ်။ သွား​လေ​ရာ​ရာ​၌​သင့်​ကို​စောင့်​ရှောက်​စေ​ရန် ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ကောင်း​ကင်​တ​မန် များ​ကို တာ​ဝန်​ပေး​အပ်​တော်​မူ​လိမ့်​မည်။ သူ​တို့​သည်​သင်​၏​ခြေ​ကို​ကျောက်​နှင့် မ​ထိ​မ​ခိုက်​စေ​ရန်​မိ​မိ​တို့​၏​လက်​ဖြင့်​သင့်​အား ချီ​ပင့်​ကြ​လိမ့်​မည်။ သင်​သည်​ခြင်္သေ့​နှင့်​မြွေ၊ကြောက်​မက်​ဖွယ်​ကောင်း​သည့် ခြင်္သေ့​နှင့်​မြွေ​ဆိုး​တို့​ကို​ခြေ​ဖြင့်​နင်း​ရ​လိမ့် မည်။ ဘု​ရား​သ​ခင်​က ``ငါ့​ကို​ချစ်​သော​သူ​တို့​အား​ငါ​ကယ်​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း ဝန်​ခံ​သော သူ​တို့​အား​ငါ​ကွယ်​ကာ​စောင့်​ရှောက်​မည်။ သူ​တို့​သည်​ငါ့​ကို​ခေါ်​သော​အ​ခါ​ငါ​ထူး​မည်။ သူ​တို့​ဒုက္ခ​ရောက်​သော​အ​ခါ​သူ​တို့​နှင့်​အ​တူ ငါ​ရှိ​မည်။ ငါ​သည်​သူ​တို့​အား​ကယ်​ဆယ်​၍​ချီး​မြှင့်​မည်။ သူ​တို့​အား​အ​သက်​ရှည်​စေ​၍​ကယ်​တင်​ခြင်း ကျေး​ဇူး​ကို​ခံ​စား​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။

ဆာလံ 91:1-16 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အမြင့်ဆုံး​သော​အရှင်​၏​ကွယ်ကာ​ရာ​အရပ်​၌ နေ​သော​သူ​သည် အနန္တတန်ခိုးရှင်​၏​အရိပ်​ကို ခို​ရ​လိမ့်မည်​။ “​ငါ​၏​ခိုလှုံ​ရာ​၊ ငါ​၏​ရဲတိုက်​၊ ငါ​ယုံကြည်ကိုးစား​သော ငါ​၏​ဘုရားသခင်​”​ဟု ထာဝရဘုရား​နှင့်​ပတ်သက်၍ ငါ​ဆို​၏​။ အကယ်စင်စစ် ကိုယ်တော်​သည် ငှက်မုဆိုး​၏​ကျော့ကွင်း​မှ​လည်းကောင်း​၊ သေ​စေ​တတ်​သော​ကပ်ရောဂါ​ဘေး​မှ​လည်းကောင်း သင့်​ကို​ကယ်နုတ်​တော်မူ​လိမ့်မည်​။ ကိုယ်တော်​သည် မိမိ​၏​အတောင်​တော်​အမွေး​ဖြင့် သင့်​ကို​အုပ်မိုး​တော်မူ​လိမ့်မည်​။ သင်​သည်​လည်း ကိုယ်တော်​၏ အတောင်​တော်​အောက်​၌ ခိုလှုံ​ရ​လိမ့်မည်​။ ကိုယ်တော်​၏​သစ္စာ​တော်​သည် ဒိုင်းကာ​နှင့်​ဒိုင်းလွှား​ဖြစ်​၏​။ သင်​သည် ညအချိန်​၌​ဖြစ်​တတ်​သော ကြောက်မက်ဖွယ်ဘေး​ကို​လည်းကောင်း​၊ နေ့​အချိန်​၌​လွင့်ပျံ​သော​မြား​ကို​လည်းကောင်း​၊ မှောင်ကြီးမည်းကြီး​ထဲ၌​လှည့်လည်​တတ်​သော ကပ်ရောဂါ​ကို​လည်းကောင်း​၊ မွန်းတည့်အချိန်​၌​ဖျက်ဆီး​တတ်​သော ဘေးဥပဒ်​ကို​လည်းကောင်း ကြောက်ရွံ့​ရ​လိမ့်မည်​မ​ဟုတ်​။ သင်​၏​အနီး​တွင် လူ​တစ်ထောင်​၊ သင်​၏​လက်ယာ​ဘက်​တွင် လူ​တစ်သောင်း လဲကျ​သော်လည်း ထို​ဘေး​တို့​သည် သင့်​ထံသို့ ရောက်လာ​မည်​မ​ဟုတ်​။ သင်​သည် ဆိုးယုတ်​သော​သူ​တို့​အပေါ် ကျရောက်​သည့်​ပြစ်ဒဏ်​ကို သင့်​မျက်စိ​ဖြင့်​ကြည့်​၍ မြင်ရုံ​မျှသာ​ဖြစ်​လိမ့်မည်​။ “​ထာဝရဘုရား​သည် ငါ​၏​ခိုလှုံ​ရာ​ဖြစ်​တော်မူ​၏​”​ဟု သင်​သည်​ဆို​လျက် အမြင့်ဆုံး​သော​အရှင်​ကို သင်​၏​မှီခို​ရာ​ဖြစ်စေ​သောကြောင့် ဘေးအန္တရာယ်​သည် သင့်​အပေါ်​သို့ ကျရောက်​မည်​မ​ဟုတ်​။ ဘေးဒဏ်​သည်​လည်း သင်​၏​တဲ​အနီး​သို့ ချဉ်းကပ်​မည်​မ​ဟုတ်​။ အကြောင်းမူကား သင်​၏​လမ်းခရီး​ရှိသမျှ​တို့​၌ သင့်​ကို​စောင့်ရှောက်​စေရန် ကိုယ်တော်​သည် မိမိ​၏​ကောင်းကင်တမန်​တို့​ကို သင့်​အဖို့ မိန့်မှာ​တော်မူ​မည်​ဖြစ်၍ သင်​၏​ခြေ​ကို​ကျောက်​နှင့်​မ​ထိ​မ​ခိုက်​စေရန် သူ​တို့​သည် သင့်​ကို​လက်​ဖြင့်​ချီပင့်​ကြ​လိမ့်မည်​။ သင်​သည် ခြင်္သေ့​နှင့်​မြွေဟောက်​အပေါ်​နင်းသွား​၍ ခြင်္သေ့ပျို​နှင့်​မြွေနဂါး​ကို နင်းချေ​လိမ့်မည်​။ “​သူ​သည် ငါ့​ကို​ချစ်​သောကြောင့် ငါ​သည် သူ့​ကို​ကယ်တင်​မည်​။ ငါ​၏​နာမ​ကို​သိ​သောကြောင့် သူ့​ကို လုံခြုံ​စွာ​စောင့်ရှောက်​မည်​။ သူ​သည် ငါ့​ကို​ခေါ်​သောအခါ သူ့​ကို​ငါ​ထူး​မည်​။ ဆင်းရဲဒုက္ခ​ရောက်​သောအခါ သူ​နှင့်အတူ​ငါ​ရှိ​မည်​။ ငါ​သည် သူ့​ကို​ကယ်မ​၍ သူ့​ကို​ဂုဏ်ပြု​မည်​။ ရှည်​သော​အသက်​ဖြင့် သူ့​ကို​ပြည့်စုံကြွယ်ဝ​စေ​၍ ငါ​၏​ကယ်တင်​ခြင်း​ကို သူ့​အား​ပြ​မည်​။​”

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။