YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 86:9-12

ဆာလံ 86:9-12 Judson Bible (JBMLE)

အို ထာ​ဝ​ရ​ဘု​ရား၊ ဖန်​ဆင်း​တော်​မူ​သော​လူ​မျိုး​အ​ပေါင်း​တို့​သည် ချဉ်း​ကပ်​လျက် ရှေ့​တော်၌ ပျပ်​ဝပ်၍၊ နာ​မ​တော်​ကို ချီး​မြှောက်​ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်​သည် ကြီး​မြတ်၍ အံ့​ဩ​ဖွယ်​တို့​ကို ပြု​တော်​မူ၏။ ကိုယ်​တော်​တစ်​ပါး​တည်း​သာ​လျှင် ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​လမ်း​ကို အ​ကျွန်ုပ်​အား ပြ​ညွှန်​တော်​မူ​ပါ။ ကိုယ်​တော်၏​သ​မ္မာ​တ​ရား​လမ်း​သို့ လိုက်​သွား​ပါ​မည်။ နာ​မ​တော်​ကို ကြောက်​ရွံ့​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်၏​နှ​လုံး​ကို စေ့​စပ်​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ချီး​မွမ်း၍၊ နာ​မ​တော်​ကို အ​စဉ်​အ​မြဲ ချီး​မြှောက်​ပါ​မည်။

ဆာလံ 86:9-12 Common Language Bible (BCL)

ကိုယ်​တော်​ရှင်​ဖန်​ဆင်း​တော်​မူ​သော လူ​မျိုး​အ​ပေါင်း​တို့​သည်​လာ​၍​ရှေ့​တော်​တွင် ဦး​ညွှတ်​ပျပ်​ဝပ်​ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​ကြီး​မြတ်​တော်​မူ​ပုံ​ကို ထော​မ​နာ​ပြု​ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်​သည်​တန်​ခိုး​ကြီး​တော်​မူ​၍ အံ့​သြ​ဖွယ်​အ​မှု​တို့​ကို​ပြု​တော်​မူ​ပါ​၏။ ကိုယ်​တော်​သာ​လျှင်​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​ပြု​စေ တော်​မူ လို​သည့်​အ​တိုင်း​ညွှန်​ကြား​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​သစ္စာ​နှင့်​လိုက်​နာ​ဆောင် ရွက်​ပါ​မည်။ ကိုယ်​တော်​ရှင်​အ​မှု​တော်​ကို​မ​မှိတ်​မ​သုန် ဆောင်​ရွက်​နိုင်​ရန်​သွန်​သင်​တော်​မူ​ပါ။ အို ဘု​ရား​ရှင်၊ ကျွန်​တော်​မျိုး​၏​ဘု​ရား၊ ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​သည် စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ထော​မ​နာ​ပြု​ပါ​မည်။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ကြီး​မြတ် ပုံ​ကို အ​စဉ်​အ​မြဲ​ထုတ်​ဖော်​ကြေ​ညာ​ပါ​မည်။

ဆာလံ 86:9-12 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အို ဘုရားရှင်​၊ ကိုယ်တော်​ဖန်ဆင်း​တော်မူ​သော လူမျိုး​အပေါင်း​တို့​သည် ရှေ့​တော်​သို့​လာ​၍ ပျပ်ဝပ်​ကြ​ပါ​လိမ့်မည်​။ ကိုယ်တော်​၏​နာမ​တော်​ကို​လည်း ဂုဏ်ပြုချီးမွမ်း​ကြ​ပါ​လိမ့်မည်​။ အကြောင်းမူကား ကိုယ်တော်​သည် ကြီးမြတ်​၍ အံ့ဖွယ်​သော​အမှု​တို့​ကို​ပြု​တော်မူ​၏​။ ကိုယ်တော်​တစ်ပါးတည်း​သာလျှင် ဘုရားသခင်​ဖြစ်​တော်မူ​၏​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​လမ်း​ကို အကျွန်ုပ်​အား​သွန်သင်ပြသ​တော်မူ​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​သမ္မာတရား​၌ လျှောက်လှမ်း​ပါ​မည်​။ ကိုယ်တော်​၏​နာမ​တော်​ကို ကြောက်ရွံ့​မည့်​အကြောင်း အကျွန်ုပ်​၏​စိတ်​ကို​စုစည်း​တော်မူ​ပါ​။ အို ဘုရားရှင်​၊ အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​သည် ကိုယ်တော်​၏​ကျေးဇူးတော်​ကို စိတ်နှလုံး​အကြွင်းမဲ့​ချီးမွမ်း​၍ ကိုယ်တော်​၏​နာမ​တော်​ကို အစဉ်အမြဲ​ဂုဏ်ပြုချီးမွမ်း​ပါ​မည်​။