YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 86:11-13

ဆာလံ 86:11-13 Judson Bible (JBMLE)

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​လမ်း​ကို အ​ကျွန်ုပ်​အား ပြ​ညွှန်​တော်​မူ​ပါ။ ကိုယ်​တော်၏​သ​မ္မာ​တ​ရား​လမ်း​သို့ လိုက်​သွား​ပါ​မည်။ နာ​မ​တော်​ကို ကြောက်​ရွံ့​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်၏​နှ​လုံး​ကို စေ့​စပ်​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ချီး​မွမ်း၍၊ နာ​မ​တော်​ကို အ​စဉ်​အ​မြဲ ချီး​မြှောက်​ပါ​မည်။ အ​ကျွန်ုပ်​ခံ​ရ​သော က​ရု​ဏာ​တော်​ကြီး​လှ​ပါ၏။ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​ကို မ​ရ​ဏ​နိုင်​ငံ​အောက်​အ​ရပ်​ထဲ​က ကယ်​နုတ်​တော်​မူ​ပြီ။

ဆာလံ 86:11-13 Common Language Bible (BCL)

အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​ပြု​စေ တော်​မူ လို​သည့်​အ​တိုင်း​ညွှန်​ကြား​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​သစ္စာ​နှင့်​လိုက်​နာ​ဆောင် ရွက်​ပါ​မည်။ ကိုယ်​တော်​ရှင်​အ​မှု​တော်​ကို​မ​မှိတ်​မ​သုန် ဆောင်​ရွက်​နိုင်​ရန်​သွန်​သင်​တော်​မူ​ပါ။ အို ဘု​ရား​ရှင်၊ ကျွန်​တော်​မျိုး​၏​ဘု​ရား၊ ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​သည် စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ထော​မ​နာ​ပြု​ပါ​မည်။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ကြီး​မြတ် ပုံ​ကို အ​စဉ်​အ​မြဲ​ထုတ်​ဖော်​ကြေ​ညာ​ပါ​မည်။ ကျွန်​တော်​မျိုး​အ​ပေါ်​၌​ကိုယ်​တော်​ရှင် ထား​တော်​မူ​သော​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် ကြီး​မား​လှ​ပါ​သည်​တ​ကား။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​မ​ရ​ဏာ နိုင်​ငံ​မှ ကယ်​နုတ်​တော်​မူ​ပါ​ပြီ။

ဆာလံ 86:11-13 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အို ထာဝရဘုရား​၊ ကိုယ်တော်​၏​လမ်း​ကို အကျွန်ုပ်​အား​သွန်သင်ပြသ​တော်မူ​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​သမ္မာတရား​၌ လျှောက်လှမ်း​ပါ​မည်​။ ကိုယ်တော်​၏​နာမ​တော်​ကို ကြောက်ရွံ့​မည့်​အကြောင်း အကျွန်ုပ်​၏​စိတ်​ကို​စုစည်း​တော်မူ​ပါ​။ အို ဘုရားရှင်​၊ အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​သည် ကိုယ်တော်​၏​ကျေးဇူးတော်​ကို စိတ်နှလုံး​အကြွင်းမဲ့​ချီးမွမ်း​၍ ကိုယ်တော်​၏​နာမ​တော်​ကို အစဉ်အမြဲ​ဂုဏ်ပြုချီးမွမ်း​ပါ​မည်​။ အကြောင်းမူကား အကျွန်ုပ်​အပေါ်​ထားရှိ​သော ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် ကြီးမား​လှ​ပါ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို နက်ရှိုင်း​သော​မရဏာနိုင်ငံ​မှ ကယ်နုတ်​တော်မူ​ပြီ​။