YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 71:4-6

ဆာလံ 71:4-6 Common Language Bible (BCL)

ကျွန်​တော်​မျိုး​၏​ဘု​ရား၊ကျွန်​တော်​မျိုး​အား သူ​ယုတ်​မာ​တို့​၏​ဘေး​မှ​ကယ်​တော်​မူ​ပါ။ ရက်​စက်​ဆိုး​ညစ်​သူ​တို့​၏​လက်​မှ​ကယ်​တော် မူ​ပါ။ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို​မျှော်​ကိုး ပါ​၏။ ငယ်​ရွယ်​စဉ်​အ​ခါ​မှ​စ​၍​ကိုယ်​တော်​ရှင်​အား ကိုး​စား​ခဲ့​ပါ​၏။ ကျွန်​တော်​မျိုး​သည်​တစ်​သက်​လုံး​ကိုယ်​တော်​ရှင် ကို မှီ​ခို​ခဲ့​ပါ​၏။ ကျွန်​တော်​မျိုး​မွေး​ဖွား​ချိန်​မှ​စ​၍ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​ခဲ့​ပါ​ပြီ။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို​အ​စဉ် မ​ပြတ် ထော​မ​နာ​ပြု​ပါ​မည်။

ဆာလံ 71:4-6 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အို အကျွန်ုပ်​၏​ဘုရားသခင်​၊ ဆိုးယုတ်​သော​သူ​တို့​၏​လက်​မှ​လည်းကောင်း​၊ မတရား​သော​သူ​နှင့်​ကြမ်းကြုတ်​သော​သူ​၏​လက်​ထဲမှ​လည်းကောင်း အကျွန်ုပ်​ကို​လွတ်မြောက်​စေ​တော်မူ​ပါ​။ အကြောင်းမူကား အို ဘုရားရှင် ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​၏​မျှော်လင့်ရာ​ဖြစ်​ပါ​၏​။ အကျွန်ုပ်​ပျိုရွယ်​စဉ်​မှစ၍ အကျွန်ုပ်​၏​ကိုးစား​ရာ​ဖြစ်​ပါ​၏​။ အကျွန်ုပ်​သည် မွေးဖွား​ချိန်​မှစ၍ ကိုယ်တော်​ကို​မှီခိုအားထား​ပါ​၏​။ အကျွန်ုပ်​၏​မိခင်​ဝမ်း​ထဲမှ အကျွန်ုပ်​ကို​ထုတ်ဆောင်​ခဲ့​သော​အရှင်​မှာ ကိုယ်တော်​သာ​ဖြစ်​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​ကို အစဉ်​ချီးမွမ်း​ပါ​မည်​။