YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 71:19-21

ဆာလံ 71:19-21 Common Language Bible (BCL)

အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​၏​တ​ရား​မျှ​တ​မှု​သည် မိုး​ကောင်း​ကင်​တိုင်​အောင်​ရောက်​ရှိ​ပါ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည် ကြီး​မြတ်​သည့်​အ​မှု​အ​ရာ​များ​ကို​ပြု​တော် မူ​ပြီ ဖြစ်​သော​ကြောင့်​တည်း။ ကိုယ်​တော်​ရှင်​နှင့်​တူ​သူ​တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ​ပါ။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား များ​ပြား​ဆိုး​ရွား​သော​ဘေး​ဒုက္ခ​များ​နှင့် တွေ့​ကြုံ​စေ​တော်​မူ​သော်​လည်း ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​ပြန်​၍ အား​အင်​ပြည့်​ဝ​စေ​တော်​မူ​လျက်​သေ​ဘေး​မှ ကယ်​တော်​မူ​ပါ​လိမ့်​မည်။ ကျွန်​တော်​မျိုး​အား​ယ​ခင်​အ​ခါ​က​ထက် ပို​မို​ကြီး​မြင့်​စေ​တော်​မူ​၍​နှစ်​သိမ့်​မှု​ကို တစ်​ဖန် ပေး​တော်​မူ​ပါ​လိမ့်​မည်။

ဆာလံ 71:19-21 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အို ဘုရားသခင်​၊ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​သည် အထက်ကောင်းကင်​တိုင်အောင်​ရောက်​ပါ​၏​။ ကြီးမြတ်​သော​အမှု​တို့​ကို​ပြု​တော်မူ​သော ဘုရားသခင်​၊ မည်သူ​သည် ကိုယ်တော်​နှင့်​တူ​ပါ​သနည်း​။ အကျွန်ုပ်​အား များစွာ​သော​ဆင်းရဲဒုက္ခ​နှင့် ဘေးအန္တရာယ်​တို့​ကို ကြုံတွေ့​စေ​တော်မူ​သော​ကိုယ်တော်​သည် အကျွန်ုပ်​ကို အသက်ရှင်​စေ​၍ မြေကြီး​၏​နက်ရှိုင်း​ရာ​အရပ်​ထဲမှ အကျွန်ုပ်​ကို ပြန်​တက်လာ​စေ​တော်မူ​လိမ့်မည်​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ပို၍​ကြီးမြတ်​စေ​လျက် အကျွန်ုပ်​ကို တစ်ဖန် နှစ်သိမ့်ပေး​တော်မူ​လိမ့်မည်​။