YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 66:8-12

ဆာလံ 66:8-12 Judson Bible (JBMLE)

အ​ချင်း​လူ​စု​တို့၊ ငါ​တို့ ဘု​ရား​သ​ခင်​ကို ကောင်း​ချီး​ပေး​ကြ​လော့။ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​သော စ​ကား​သံ​နှင့် ကြွေး​ကြော်​ကြ​လော့။ ငါ​တို့​အ​သက်​ကို မ​သေ​စေ​မည်​အ​ကြောင်း​နှင့် ခြေ​ကို​လည်း မ​ချော်​စေ​မည်​အ​ကြောင်း စောင့်​မ​တော်​မူ၏။ အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​ကို စုံ​စမ်း​တော်​မူ​ပြီ။ ငွေ​ကို​စစ်​ဆေး​သ​ကဲ့​သို့ အ​ကျွန်ုပ်​တို့​ကို စစ်​ဆေး​တော်​မူ​ပြီ။ ကျော့​ကွင်း​ထဲ​မှာ ကျော့​မိ​စေ၍၊ ကျော​ကုန်း​ပေါ်​မှာ လေး​သော​ဝန်​ကို တင်​တော်​မူ​ပြီ။ အ​ကျွန်ုပ်​တို့​ခေါင်း​ပေါ်​မှာ သူ​တစ်​ပါး​ကို​စီး​စေ​တော်​မူ​ပြီ။ မီး၌​လည်း​ကောင်း၊ ရေ၌​လည်း​ကောင်း သွား​ရ​သော်​လည်း၊ ကျေး​ဇူး​တော်​ကြောင့် ကြွယ်​ဝ​ခြင်း​သို့ ရောက်​ကြ​ပါ၏။

ဆာလံ 66:8-12 Common Language Bible (BCL)

လူ​မျိုး​အ​ပေါင်း​တို့၊ငါ​တို့​၏​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လော့။ သင်​တို့​၏​ထော​မ​နာ​သံ​ကို​ကြား​ပါ​စေ။ ကိုယ်​တော်​သည်​ငါ​တို့​အား​မ​သေ​စေ​ဘဲ အ​သက်​ချမ်း​သာ​ပေး​တော်​မူ​ခဲ့​ပါ​၏။ ငါ​တို့​အား​ပြို​လဲ​စေ​တော်​မ​မူ​ခဲ့​ပါ။ အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား စစ်​ဆေး​တော်​မူ​ပါ​ပြီ။ ငွေ​ကို​မီး​ဖြင့်​ချွတ်​သ​ကဲ့​သို့​ကျွန်​တော်​မျိုး တို့​အား စစ်​ဆေး​တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား ထောင်​ချောက်​တွင်​ကျ​စေ​တော်​မူ​၍ လေး​လံ​သော​ဝန်​ကို​ထမ်း​စေ​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ရန်​သူ​တို့​အား​ကျွန်​တော်​မျိုး တို့​ကို ကျော်​နင်း​ခွင့်​ပေး​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​သည်​မီး​ဘေး​ရေ​ဘေး​တို့​နှင့် ကြုံ​တွေ့​ရ​ပါ​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​တို့​အား​ဘေး​မဲ့​လုံ​ခြုံ​ရာ​သို့ ပို့​ဆောင်​တော်​မူ​ပါ​ပြီ။

ဆာလံ 66:8-12 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အို လူ​များ​တို့​၊ ငါ​တို့​ဘုရားသခင်​ကို ကောင်းချီးထောမနာ​ပြု​ကြ​လော့​။ ကိုယ်တော်​ကို​ချီးမွမ်း​သော​အသံ​ကို ကြွေးကြော်​ကြ​လော့​။ ကိုယ်တော်​သည် ငါ​တို့​ကို ဆက်၍​အသက်​ရှင်​စေ​တော်မူ​ပြီး ငါ​တို့​ခြေ​ကို ချော်​ခွင့်​ပေး​တော်​မ​မူ​။ အကြောင်းမူကား အို ဘုရားသခင်​၊ ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို စစ်ဆေး​တော်မူ​ပြီ​။ ငွေ​ကို​သန့်စင်​စေ​သကဲ့သို့ အကျွန်ုပ်​တို့​ကို​သန့်စင်​စေ​တော်မူ​ပြီ​။ ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို ပိုက်ကွန်​ထဲသို့​ကျ​စေ​၍ အကျွန်ုပ်​တို့​၏​ကျော​ပေါ်တွင် ဝန်ထုပ်​ကို​တင်​တော်မူ​ပြီ​။ လူ​တို့​ကို အကျွန်ုပ်​တို့​၏​ခေါင်း​ပေါ်၌ ကျော်နင်း​စေ​တော်မူ​ပြီ​။ အကျွန်ုပ်​တို့​သည် မီး​ထဲ၌​လည်းကောင်း​၊ ရေ​ထဲ၌​လည်းကောင်း ဖြတ်သွား​ကြ​ရ​ပါ​၏​။ သို့သော် ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို ကြွယ်ဝသောအရပ်​သို့​ခေါ်ဆောင်​တော်မူ​၏​။