YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 66:17-20

ဆာလံ 66:17-20 Common Language Bible (BCL)

ကူ​မ​တော်​မူ​ရန်​ကိုယ်​တော်​၏​ထံ​တော်​သို့ ငါ​အော်​ဟစ်​ခဲ့​ပြီ။ ကိုယ်​တော်​အား​သီ​ချင်း​များ​ဖြင့်​ထော​မ​နာ​ပြု​ခဲ့​ပြီ။ အ​ကယ်​၍​ငါ​သည်​မိ​မိ​၏​အ​ပြစ်​များ​ကို လျစ်​လူ​ရှု​၍​နေ​ခဲ့​ပါ​မူ၊ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​မည်​မ​ဟုတ်​ပါ။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ငါ​၏​လျှောက်​ထား​ချက်​ကို အ​မှန်​ပင်​ကြား​တော်​မူ​လေ​ပြီ။ ငါ​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​လေ​ပြီ။ ဘု​ရား​သ​ခင်​သည်​ငါ​၏​ဆု​တောင်း​ပတ္ထ​နာ​ကို ပယ်​တော်​မ​မူ​သ​ဖြင့်​လည်း​ကောင်း၊ငါ့​ထံ​မှ​ခိုင်​မြဲ​သော မေတ္တာ​တော်​ကို​ရုပ်​သိမ်း​တော်​မ​မူ​သ​ဖြင့်​လည်း​ကောင်း ငါ​သည်​ကိုယ်​တော်​အား​ချီး​မွမ်း​ထော​မ​နာ​ပြု​ပါ​၏။

ဆာလံ 66:17-20 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​၏​နှုတ်​သည် ကိုယ်တော်​ကို​ခေါ်​၍ ဂုဏ်တော်ချီးမွမ်း​ခြင်း​သည် ငါ​၏​လျှာ​ပေါ်တွင်​ရှိ​၏​။ ငါ​၏​စိတ်နှလုံး​ထဲ၌ အပြစ်ဒုစရိုက်​ကို ငါ​ထွေးပိုက်​ထား​ခဲ့​လျှင် ဘုရားရှင်​သည် နားညောင်း​တော်မူ​လိမ့်မည်​မ​ဟုတ်​။ သို့သော် ဘုရားသခင်​သည် နားညောင်း​တော်မူ​ပြီ​။ ငါ​၏​ဆုတောင်းသံ​ကို အာရုံစိုက်​နားထောင်​တော်မူ​ပြီ​။ ငါ​၏​ဆုတောင်းချက်​ကို​လည်းကောင်း​၊ မိမိ​၏​မေတ္တာကရုဏာ​တော်​ကို​လည်းကောင်း ငါ့​ထံမှ​ပယ်ရှား​တော်​မ​မူ​သော​ဘုရားသခင်​သည် မင်္ဂလာရှိ​တော်မူ​ပါစေသော​။