YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 65:5-8

ဆာလံ 65:5-8 Judson Bible (JBMLE)

အ​ကျွန်ုပ်​တို့​ကို ကယ်​တင်​တော်​မူ​သော ဘု​ရား၊ အ​ကျွန်ုပ်​တို့၏ ပ​တ္ထ​နာ​ကို​နား​ထောင်၍ အံ့​ဖွယ်​သော​အ​မှု​တို့​ကို တ​ရား​တော်​နှင့်​အ​ညီ ပြ​တော်​မူ၏။ ကိုယ်​တော်​သည် ဝေး​စွာ​သော​မြေ​ကြီး​စွန်း​နှင့်၊ ပင်​လယ်​စွန်း​တို့၌ နေ​သော​သူ​တို့၏ ကိုး​စား​ရာ ဖြစ်​တော်​မူ၏။ ကိုယ်​တော်​သည် တန်​ခိုး​နှင့်​ပြည့်​စုံ​သ​ဖြင့်၊ အား​ကြီး၍ တောင်​များ​ကို​တည်​စေ​တော်​မူ၏။ သ​မု​ဒ္ဒ​ရာ​မြည်​သံ၊ လှိုင်း​တံ​ပိုး​ဟုန်း​သံ၊ လူ​တို့ ရုန်း​ရင်း​ခတ်​သံ​များ​ကို​လည်း ငြိမ်း​စေ​တော်​မူ၏။ အ​ဝေး​ဆုံး​သော​အ​ရပ်​တို့၌ နေ​သော​သူ​တို့​သည် ကိုယ်​တော်၏​နိ​မိတ်​များ​ကို​မြင်၍ ကြောက်​ရွံ့​ကြ​ပါ၏။ နေ​ထွက်​ရာ​အ​ရပ်​နှင့် နေ​ဝင်​ရာ​အ​ရပ်​တို့​ကို ရွှင်​လန်း​စေ​တော်​မူ၏။

ဆာလံ 65:5-8 Common Language Bible (BCL)

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​၏ ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​၍ အောင်​ပွဲ​ကို​ခံ​စေ​တော်​မူ​ပါ​၏။ အံ့​သြ​ဖွယ်​အ​မှု​တို့​ကို​ပြု​တော်​မူ​လျက် ကျွန်​တော်​မျိုး​တို့​အား​ကယ်​တော်​မူ​ပါ​၏။ ကမ္ဘာ​တစ်​ဝန်း​လုံး​နှင့်​ပင်​လယ်​ရပ်​ဝေး​တွင် ရှိ​ကြ​ကုန်​သော​သူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော် ရှင်​အား ကိုး​စား​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​တန်​ခိုး​တော်​အား​ဖြင့် တောင်​များ​ကို​နေ​ရာ​ချ​ထား​တော်​မူ​လျက် တန်​ခိုး​အာ​နု​ဘော်​တော်​ကို​ပြ​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ပင်​လယ်​ရေ​မြည်​ဟည်း​သံ​နှင့် လှိုင်း​လုံး​သံ​တို့​ကို​ငြိမ်​သက်​စေ​တော်​မူ​ပါ​၏။ လူ​တို့​ရုန်း​ရင်း​ဆန်​ခတ်​သံ​များ​ကို​လည်း ငြိမ်​သက်​စေ​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​ပြ​တော်​မူ​သော နိ​မိတ်​လက္ခ​ဏာ​များ​ကြောင့်​ကမ္ဘာ​မြေ​တစ်​ဝန်း​လုံး​ရှိ လူ​တို့​သည်​ကြောက်​လန့်​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သည့်​အ​မှု​အ​ရာ​များ​ကြောင့် ကမ္ဘာ​မြေ​ကြီး​တစ်​စွန်း​မှ​တစ်​စွန်း​သို့​တိုင်​အောင် ရွှင်​လန်း​ဝမ်း​မြောက်​သည့်​ကြွေး​ကြော်​သံ​များ ထွက်​ပေါ်​လာ​ပါ​၏။

ဆာလံ 65:5-8 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အကျွန်ုပ်​တို့​ကို​ကယ်တင်​တော်မူ​သော​ဘုရားသခင်​၊ ကိုယ်တော်​သည် အံ့ဩဖွယ်​အမှု​များ​ဖြင့် ဖြောင့်မတ်​ခြင်း​ထဲ၌ အကျွန်ုပ်​တို့​ကို​ထူး​တော်မူ​၏​။ ကိုယ်တော်​သည် ကမ္ဘာမြေ​အစွန်း​ရှိသမျှ​နှင့် ဝေးလံ​သော​ပင်လယ်​၌​နေ​သော​သူ​တို့​၏ ကိုးစား​ရာ​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​သည် မိမိကိုယ်မိမိ အစွမ်းတန်ခိုး​တော်​နှင့်​ပတ်စည်း​လျက် တောင်​များ​ကို မိမိ​၏​တန်ခိုး​တော်​ဖြင့် တည်​စေ​တော်မူ​၏​။ ကိုယ်တော်​သည် သမုဒ္ဒရာ​တို့​၏​မြည်ဟည်းသံ​၊ ၎င်း​တို့​ထဲမှ​လှိုင်းတံပိုး​များ​၏​မြည်ဟည်းသံ​နှင့် တိုင်းသူပြည်သား​တို့​၏ အုတ်အော်သောင်းနင်း​ဖြစ်​ခြင်း​တို့​ကို ငြိမ်သက်​စေ​တော်မူ​၏​။ သို့ဖြစ်၍ အဝေးဆုံး​သော​အရပ်​တို့​၌ နေထိုင်​သော​သူ​တို့​သည် ကိုယ်တော်​၏​နိမိတ်လက္ခဏာ​များ​ကြောင့် ကြောက်ရွံ့​ကြ​ပါ​၏​။ ကိုယ်တော်​သည် နံနက်​မိုးသောက်ချိန်​၊ နေဝင်ချိန်​တို့​၌ ရွှင်လန်း​စွာ​သီချင်း​သီဆိုသံ​ကို ထွက်ပေါ်​စေ​တော်မူ​ပါ​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။