ဆာလံ 63:7-8
ဆာလံ 63:7-8 Judson Bible (JBMLE)
အကျွန်ုပ်ကို မစတော်မူသောကြောင့်၊ အတောင်တော်အရိပ်၌ ဝမ်းမြောက်ပါမည်။ အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်၌မှီဝဲ၍၊ လက်ယာလက်တော်သည် အကျွန်ုပ်ကို ထောက်မတော်မူ၏။
ဆာလံ 63:7-8 Common Language Bible (BCL)
အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးအားအစဉ်အမြဲကူမ တော်မူသောကြောင့်ဖြစ်ပါ၏။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ အတောင်တော်အရိပ်အောက်၌ခိုလှုံလျက် ဝမ်းမြောက်စွာသီချင်းဆိုပါ၏။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားမှီတွယ် ပါ၏။ ကိုယ်တော်ရှင်၏လက်ရုံးတော်သည်လည်း ကျွန်တော်မျိုးအားဘေးမဲ့လုံခြုံစွာထား တော်မူပါ၏။
ဆာလံ 63:7-8 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ကိုယ်တော်သည် အကျွန်ုပ်ကိုကူညီမစသောအရှင် ဖြစ်တော်မူသောကြောင့် အကျွန်ုပ်သည် ကိုယ်တော်၏အတောင်တော်အရိပ်အောက်၌ ရွှင်လန်းစွာသီချင်းဆိုပါမည်။ အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုယ်တော်ကိုဖက်တွယ်ထားပါ၏။ ကိုယ်တော်၏လက်ယာလက်တော်သည် အကျွန်ုပ်ကိုထောက်မတော်မူ၏။