ဆာလံ 63:1-3
ဆာလံ 63:1-3 Judson Bible (JBMLE)
အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်ကို ကြိုးစား၍ ရှာပါ၏။ ရေမရှိ သွေ့ခြောက်သောလွင်ပြင်၌ အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်ကို ငတ်ပါ၏။ အကျွန်ုပ်၏ ကိုယ်ခန္ဓာသည်လည်း ကိုယ်တော်ကို လွမ်းဆွတ်ပါ၏။ ဘုန်းတန်ခိုး အာနုဘော်တော်ကိုမြင်ခြင်းငှာ၊ သန့်ရှင်းရာဌာနတော်၌ ထိုသို့ ကိုယ်တော်ကို ဖူးမျှော်ပါပြီ။ ကရုဏာတော်သည် အသက်ထက်သာ၍ ကောင်းသောကြောင့်၊ အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်ကို ချီးမွမ်းရပါမည်။
ဆာလံ 63:1-3 Common Language Bible (BCL)
အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ ဘုရားဖြစ်တော်မူ၍ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားတမ်းတပါ၏။ ကျွန်တော်မျိုးသည်စိတ်ရောကိုယ်ပါ ကိုယ်တော်ရှင်ကိုစောင့်မျှော်တသပါ၏။ ကျွန်တော်မျိုး၏ဝိညာဉ်သည်ရေမရှိသည့် မြေဆီလွှာကဲ့သို့ခြောက်သွေ့နွမ်းရိလျက် ကိုယ်တော်ရှင်အားတောင့်တပါ၏။ သန့်ရှင်းရာဌာနတွင်ကိုယ်တော်ရှင်အားဖူး မြော်ခွင့်ကို ကျွန်တော်မျိုးအားပေးတော်မူပါ။ ကိုယ်တော်ရှင်၏တန်ခိုးတော်နှင့် ဘုန်းအသရေတော်ကိုဖူးမြော်ခွင့်ပေးတော်မူပါ။ ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်သည် အသက်ထက်ကောင်းမြတ်ပါ၏။ သို့ဖြစ်၍ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား ထောမနာပြုပါမည်။
ဆာလံ 63:1-3 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားဖြစ်တော်မူ၏။ အကျွန်ုပ်သည် ကိုယ်တော်ကိုကြိုးစား၍ရှာပါ၏။ ရေမရှိ၊ ခြောက်သွေ့ကွဲအက်သောမြေ၌ အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုယ်တော်ကိုဆာငတ်ပါ၏။ အကျွန်ုပ်၏သွေးသားသည်လည်း ကိုယ်တော်ကိုတမ်းတပါ၏။ သို့ဖြစ်၍ အကျွန်ုပ်သည် ကိုယ်တော်၏အစွမ်းသတ္တိနှင့် ကိုယ်တော်၏ဘုန်းအသရေတို့ကိုတွေ့မြင်ရရန် ကိုယ်တော်ကို သန့်ရှင်းရာဌာနတော်၌ဖူးမြော်ခဲ့ပါ၏။ ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အသက်ထက်သာ၍ကောင်းမြတ်သောကြောင့် အကျွန်ုပ်၏နှုတ်ခမ်းသည် ကိုယ်တော်ကိုထောမနာပြုပါမည်။