YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 34:4-7

ဆာလံ 34:4-7 Judson Bible (JBMLE)

ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​သော​အ​ခါ နား​ထောင်​တော်​မူ၏။ ကြောက်​မက်​ဖွယ်​သော​အ​ကြောင်း အ​လုံး​စုံ​တို့​အ​ထဲ​က ငါ့​ကို ကယ်​နုတ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​ကြည့်​ကြ​လော့။ အ​လင်း​ကို​ရ​ကြ​လိမ့်​မည်။ မျက်​နှာ​ရှက်​ကြောက်​ခြင်း​နှင့် ကင်း​လွတ်​ကြ​လိမ့်​မည်။ ဤ​ဆင်း​ရဲ​သော​သူ၏ အော်​ဟစ်​ခြင်း​အ​သံ​ကို ထာ​ဝ​ရ​ဘု​ရား​သည် နား​ထောင်၍၊ ခပ်​သိမ်း​သော ဆင်း​ရဲ​ထဲ​က ကယ်​လွှတ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သူ​တို့​ပတ်​လည်၌ ကောင်း​ကင်​တ​မန်​တော်​တို့​သည် တပ်​ချ၍ ကယ်​လွှတ်​တတ်​ကြ၏။

ဆာလံ 34:4-7 Common Language Bible (BCL)

ငါ​သည်​ထာ​ဝ​ဘု​ရား​အား ဆု​တောင်း​ပတ္ထ​နာ​ပြု​သည့်​အ​ခါ​ကိုယ်​တော်​သည် နား​ညောင်း​တော်​မူ​၏။ ကြောက်​လန့်​ဖွယ်​ရာ​ဟူ​သ​မျှ​မှ​ငါ့​ကို ကယ်​နုတ်​တော်​မူ​၏။ အ​နှိပ်​အ​စက်​ခံ​ရ​သူ​တို့​သည်​ကိုယ်​တော်​ကို မျှော်​ကြည့်​၍​ဝမ်း​မြောက်​ပါ​၏။ သူ​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​စိတ်​ပျက်​ကြ ရ​လိမ့်​မည်​မ​ဟုတ်။ ခို​ကိုး​ရာ​မဲ့​သူ​တို့​သည်​ကိုယ်​တော်​ကို ခေါ်​ကြ​သော​အ​ခါ ကိုယ်​တော်​ထူး​တော်​မူ​၍​သူ​တို့​အား ဆင်း​ရဲ​ဒုက္ခ​အ​ပေါင်း​မှ​ကယ်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​သူ​တို့ အား ကိုယ်​တော်​၏​ကောင်း​ကင်​တ​မန်​သည်​စောင့်​ကြပ် ကြည့်​ရှု​၍​ဘေး​အန္တ​ရာယ်​မှ​ကယ်​ဆယ်​တော်​မူ​၏။

ဆာလံ 34:4-7 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​သည် ထာဝရဘုရား​ကို​ရှာ​သောအခါ ကိုယ်တော်​သည် ငါ့​ကို​ထူး​တော်မူ​လျက် ငါ​ကြောက်လန့်​သော​အမှု​အားလုံး​တို့​မှ ငါ့​ကို​ကယ်နုတ်​တော်မူ​၏​။ ကိုယ်တော်​ကို​စေ့စေ့ကြည့်​သော​သူ​တို့​သည် ထွန်းလင်း​ဝင်းပ​၍ မည်သည့်​အခါ​မျှ မျက်နှာပျက်​ကြ​ရ​လိမ့်မည်​မ​ဟုတ်​။ အဖိနှိပ်​ခံရ​သော​ဤ​သူ ခေါ်​သောအခါ ထာဝရဘုရား​သည် နားထောင်​၍ သူ​၏​ဆင်းရဲဒုက္ခ​အပေါင်း​တို့​မှ သူ့​ကို​ကယ်တင်​တော်မူ​၏​။ ထာဝရဘုရား​၏​ကောင်းကင်တမန်​တို့​သည် ကိုယ်တော်​ကို​ကြောက်ရွံ့​သော​သူ​တို့​ပတ်လည်​၌ တပ်ချ​၍ သူ​တို့​ကို​ကယ်မ​ကြ​၏​။