YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 34:4-11

ဆာလံ 34:4-11 Judson Bible (JBMLE)

ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​သော​အ​ခါ နား​ထောင်​တော်​မူ၏။ ကြောက်​မက်​ဖွယ်​သော​အ​ကြောင်း အ​လုံး​စုံ​တို့​အ​ထဲ​က ငါ့​ကို ကယ်​နုတ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​ကြည့်​ကြ​လော့။ အ​လင်း​ကို​ရ​ကြ​လိမ့်​မည်။ မျက်​နှာ​ရှက်​ကြောက်​ခြင်း​နှင့် ကင်း​လွတ်​ကြ​လိမ့်​မည်။ ဤ​ဆင်း​ရဲ​သော​သူ၏ အော်​ဟစ်​ခြင်း​အ​သံ​ကို ထာ​ဝ​ရ​ဘု​ရား​သည် နား​ထောင်၍၊ ခပ်​သိမ်း​သော ဆင်း​ရဲ​ထဲ​က ကယ်​လွှတ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သူ​တို့​ပတ်​လည်၌ ကောင်း​ကင်​တ​မန်​တော်​တို့​သည် တပ်​ချ၍ ကယ်​လွှတ်​တတ်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ​သည်​အ​ကြောင်း​ကို မြည်း​စမ်း၍ သိ​မှတ်​ကြ​လော့။ ကိုယ်​တော်​ကို ခို​လှုံ​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား၏ သန့်​ရှင်း​သူ​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ကြ​လော့။ ကြောက်​ရွံ့​သော​သူ​တို့၌ ဆင်း​ရဲ​ခြင်း​မ​ရှိ​ရာ။ ခြင်္သေ့​တို့​သည် ဆင်း​ရဲ၍ ငတ်​မွတ်​ခြင်း​ကို​ခံ​ရ​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​သော​သူ​တို့၌ ကောင်း​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ မ​လို​ရာ။ အ​ချင်း​သူ​ငယ်​တို့ လာ​ကြ​လော့။ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း​တ​ရား​ကို သင်​တို့​အား ငါ​သွန်​သင်​မည်။

ဆာလံ 34:4-11 Common Language Bible (BCL)

ငါ​သည်​ထာ​ဝ​ဘု​ရား​အား ဆု​တောင်း​ပတ္ထ​နာ​ပြု​သည့်​အ​ခါ​ကိုယ်​တော်​သည် နား​ညောင်း​တော်​မူ​၏။ ကြောက်​လန့်​ဖွယ်​ရာ​ဟူ​သ​မျှ​မှ​ငါ့​ကို ကယ်​နုတ်​တော်​မူ​၏။ အ​နှိပ်​အ​စက်​ခံ​ရ​သူ​တို့​သည်​ကိုယ်​တော်​ကို မျှော်​ကြည့်​၍​ဝမ်း​မြောက်​ပါ​၏။ သူ​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​စိတ်​ပျက်​ကြ ရ​လိမ့်​မည်​မ​ဟုတ်။ ခို​ကိုး​ရာ​မဲ့​သူ​တို့​သည်​ကိုယ်​တော်​ကို ခေါ်​ကြ​သော​အ​ခါ ကိုယ်​တော်​ထူး​တော်​မူ​၍​သူ​တို့​အား ဆင်း​ရဲ​ဒုက္ခ​အ​ပေါင်း​မှ​ကယ်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​သူ​တို့ အား ကိုယ်​တော်​၏​ကောင်း​ကင်​တ​မန်​သည်​စောင့်​ကြပ် ကြည့်​ရှု​၍​ဘေး​အန္တ​ရာယ်​မှ​ကယ်​ဆယ်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​အ​ဘယ်​မျှ ကောင်း​မြတ်​တော်​မူ​သည်​ကို​သင်​ကိုယ်​တိုင် စူး​စမ်း​၍​ကြည့်​လော့။ ကိုယ်​တော်​၏​ထံ​တော်​၌​လုံ​ခြုံ​စွာ​နေ​ခွင့် ရ​သော​သူ​သည်​မင်္ဂ​လာ​ရှိ​ပါ​၏။ ကိုယ်​တော်​၏​လူ​စု​တော်​ဝင်​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​အား​ကြောက်​ရွံ့​ရို​သေ​ကြ လော့။ ကိုယ်​တော်​၏​စ​ကား​ကို​နား​ထောင်​သူ​တို့​သည် ချို့​တဲ့​မှု​ရှိ​ကြ​လိမ့်​မည်​မ​ဟုတ်။ ခြင်္သေ့​များ​ပင်​လျှင်​အ​စာ​ချို့​တဲ့​၍​ငတ်​မွတ်​ကြ လိမ့်​မည်။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​ကို နား​ထောင်​သူ​တို့​မူ​ကား​ကောင်း​သည့်​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​ချို့​တဲ့​ရ​လိမ့်​မည်​မ​ဟုတ်။ ငယ်​ရွယ်​သူ​မိတ်​ဆွေ​တို့၊ငါ့​ထံ​သို့​လာ​၍ ငါ့​စ​ကား​ကို​နား​ထောင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​တတ်​ရန် သင်​တို့​အား​ငါ​သင်​ကြား​ပေး​မည်။

ဆာလံ 34:4-11 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​သည် ထာဝရဘုရား​ကို​ရှာ​သောအခါ ကိုယ်တော်​သည် ငါ့​ကို​ထူး​တော်မူ​လျက် ငါ​ကြောက်လန့်​သော​အမှု​အားလုံး​တို့​မှ ငါ့​ကို​ကယ်နုတ်​တော်မူ​၏​။ ကိုယ်တော်​ကို​စေ့စေ့ကြည့်​သော​သူ​တို့​သည် ထွန်းလင်း​ဝင်းပ​၍ မည်သည့်​အခါ​မျှ မျက်နှာပျက်​ကြ​ရ​လိမ့်မည်​မ​ဟုတ်​။ အဖိနှိပ်​ခံရ​သော​ဤ​သူ ခေါ်​သောအခါ ထာဝရဘုရား​သည် နားထောင်​၍ သူ​၏​ဆင်းရဲဒုက္ခ​အပေါင်း​တို့​မှ သူ့​ကို​ကယ်တင်​တော်မူ​၏​။ ထာဝရဘုရား​၏​ကောင်းကင်တမန်​တို့​သည် ကိုယ်တော်​ကို​ကြောက်ရွံ့​သော​သူ​တို့​ပတ်လည်​၌ တပ်ချ​၍ သူ​တို့​ကို​ကယ်မ​ကြ​၏​။ ထာဝရဘုရား​ကောင်းမြတ်​တော်မူ​ကြောင်း မြည်းစမ်း​၍​သိမြင်​ကြ​လော့​။ ကိုယ်တော်​ကို​ခိုလှုံ​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။ ကိုယ်တော်​၏​သန့်ရှင်း​သော​သူ​တို့​၊ ထာဝရဘုရား​ကို​ကြောက်ရွံ့​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​ကို​ကြောက်ရွံ့​သော​သူ​တို့​သည် ချို့တဲ့​နွမ်းပါး​ခြင်း​မ​ရှိ​ရ​။ ခြင်္သေ့ပျို​တို့​သည် အစာ​ချို့တဲ့​၍ ဆာလောင်မွတ်သိပ်​တတ်​ကြ​၏​။ ထာဝရဘုရား​ကို​ရှာ​သော​သူ​တို့​မူကား ကောင်း​သော​အရာ​တစ်စုံတစ်ခု​မျှ ချို့တဲ့​လိမ့်မည်​မ​ဟုတ်​။ သားသမီး​တို့​၊ လာ​ကြ​လော့​။ ငါ့​ကို​နားထောင်​ကြ​လော့​။ ထာဝရဘုရား​ကို​ကြောက်ရွံ့​ခြင်း​အကြောင်း​ကို သင်​တို့​အား ငါ​သင်ကြား​ပေး​မည်​။