YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 34:17-20

ဆာလံ 34:17-20 Judson Bible (JBMLE)

ဖြောင့်​မတ်​သော​သူ​တို့​သည် အော်​ဟစ်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် နား​ထောင်၍၊ သူ​တို့​ကို ခပ်​သိမ်း​သော ဆင်း​ရဲ​ထဲ​က ကယ်​လွှတ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ကျိုး​ပဲ့​သော​စိတ်​ရှိ​သော သူ​တို့​နှင့် နှ​လုံး​ကြေ​ကွဲ​သော​သူ​တို့​ကို နီး​တော်​မူ၏။ နောင်​တ​ရှိ၍ စိတ်​နှိမ့်​ချ​သော​သူ​တို့​ကို​လည်း ကယ်​တင်​တော်​မူ၏။ ဖြောင့်​မတ်​သော​သူ​သည် များ​စွာ​သော ဒု​က္ခ​ဆင်း​ရဲ​ကို ခံ​ရ​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော ဒု​က္ခ​ဆင်း​ရဲ​ထဲ​က ကယ်​လွှတ်​တော်​မူ၏။ သူ၏​အ​ရိုး​ရှိ​သ​မျှ​တို့​ကို စောင့်​ရှောက်​တော်​မူ​သည်​ဖြစ်၍၊ တစ်​ချောင်း​မျှ မ​ကျိုး​မ​ပဲ့​ရ။

ဆာလံ 34:17-20 Common Language Bible (BCL)

သူ​တော်​ကောင်း​တို့​သည်​ကိုယ်​တော်​အား ခေါ်​ကြ​သော​အ​ခါ ကိုယ်​တော်​သည်​ထူး​တော်​မူ​၍​ဆင်း​ရဲ​ဒုက္ခ အ​ပေါင်း​မှ ကယ်​ဆယ်​တော်​မူ​၏။ ကိုယ်​တော်​သည်​စိတ်​ပျက်​အား​လျော့​သူ​တို့​၏ အ​နီး​တွင်​ရှိ​တော်​မူ​၏။ မျှော်​လင့်​စ​ရာ​လုံး​ဝ​မ​ရှိ​သူ​တို့​အား​ကယ် တော်​မူ​၏။ သူ​တော်​ကောင်း​သည်​ဆင်း​ရဲ​ဒုက္ခ​များ​စွာ ရောက်​ရ​တတ်​၏။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အား ယင်း​ဆင်း​ရဲ​ဒုက္ခ​အ​ပေါင်း​မှ​ကယ်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​၏​အ​သက်​ကို ထိန်း​သိမ်း​စောင့်​ရှောက်​တော်​မူ​၏။ သူ​၏​အ​ရိုး​တစ်​ချောင်း​မျှ​ပင်​လျှင်​မ​ကျိုး မ​ပဲ့​ရ။

ဆာလံ 34:17-20 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဖြောင့်မတ်​သော​သူ​တို့ အော်ဟစ်​တောင်းလျှောက်​ကြ​သောအခါ ထာဝရဘုရား​သည်​နားညောင်း​၍ သူ​တို့​၏​ဆင်းရဲဒုက္ခ​အပေါင်း​တို့​မှ သူ​တို့​ကို​ကယ်နုတ်​တော်မူ​၏​။ ထာဝရဘုရား​သည် စိတ်နှလုံး​ကျိုးပဲ့​သော​သူ​တို့​နှင့် နီး​တော်မူ​၍ စိတ်ကြေမွ​သော​သူ​တို့​ကို ကယ်တင်​တော်မူ​၏​။ ဖြောင့်မတ်​သော​သူ​သည် ဒုက္ခ​များစွာ​ခံရ​သော်လည်း ထို​ဒုက္ခ​အားလုံး​ထဲမှ သူ့​ကို ထာဝရဘုရား​ကယ်နုတ်​တော်မူ​၏​။ သူ​၏​အရိုး​ရှိသမျှ​တို့​ကို​စောင့်ရှောက်​တော်မူ​၍ ထို​အရိုး​တစ်ချောင်းမျှ​ချိုးဖဲ့​ခြင်း​မ​ခံရ​။