YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 34:15-22

ဆာလံ 34:15-22 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မတ်​သော​သူ​တို့​ကို ကြည့်​ရှု​တော်​မူ၏။ သူ​တို့​အော်​ဟစ်​သံ​ကို​လည်း နား​ထောင်​တော်​မူ၏။ ဒု​စ​ရိုက်​ကို​ပြု​သော​သူ​တို့​ကား၊ မြေ​ကြီး​ပေါ်​မှာ အောက်​မေ့​စ​ရာ အ​မှတ်​မျှ​မ​ရှိ​စေ​ခြင်း​ငှာ ပယ်​ရှင်း​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် မျက်​နှာ​ထား​တော်​မူ၏။ ဖြောင့်​မတ်​သော​သူ​တို့​သည် အော်​ဟစ်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် နား​ထောင်၍၊ သူ​တို့​ကို ခပ်​သိမ်း​သော ဆင်း​ရဲ​ထဲ​က ကယ်​လွှတ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ကျိုး​ပဲ့​သော​စိတ်​ရှိ​သော သူ​တို့​နှင့် နှ​လုံး​ကြေ​ကွဲ​သော​သူ​တို့​ကို နီး​တော်​မူ၏။ နောင်​တ​ရှိ၍ စိတ်​နှိမ့်​ချ​သော​သူ​တို့​ကို​လည်း ကယ်​တင်​တော်​မူ၏။ ဖြောင့်​မတ်​သော​သူ​သည် များ​စွာ​သော ဒု​က္ခ​ဆင်း​ရဲ​ကို ခံ​ရ​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော ဒု​က္ခ​ဆင်း​ရဲ​ထဲ​က ကယ်​လွှတ်​တော်​မူ၏။ သူ၏​အ​ရိုး​ရှိ​သ​မျှ​တို့​ကို စောင့်​ရှောက်​တော်​မူ​သည်​ဖြစ်၍၊ တစ်​ချောင်း​မျှ မ​ကျိုး​မ​ပဲ့​ရ။ မ​တ​ရား​သော​သူ​မူ​ကား၊ ဘေး​ဖြင့်​အ​သက်​ဆုံး​ခြင်း​သို့ ရောက်​ရ​မည်။ ဖြောင့်​မတ်​သော​သူ​ကို မုန်း​သော​သူ​တို့​သည် အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန်​တို့၏ အ​သက်​ဝိ​ညာဉ်​ကို ရွေး​နုတ်​တော်​မူ​သည်​ဖြစ်၍၊ ကိုယ်​တော်​ကို ခို​လှုံ​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ အ​ပြစ်​စီ​ရင်​ခြင်း​ကို မ​ခံ​ရ။

ဆာလံ 34:15-22 Common Language Bible (BCL)

ဘု​ရား​သ​ခင်​သည်​သူ​တော်​ကောင်း​တို့​အား ကြည့်​ရှု​စောင့်​ရှောက်​တော်​မူ​၍ သူ​တို့​၏​အော်​ဟစ်​သံ​များ​ကို​နား​ညောင်း​တော် မူ​၏။ သို့​ရာ​တွင်​ဒု​စ​ရိုက်​ပြု​သူ​တို့​မူ​ကား​သေ​သော အ​ခါ မ​ကြာ​မီ​ပင်​သူ​တို့​ကို​လူ​တို့​မေ့​ပျောက်​သွား စေ​ရန် ကိုယ်​တော်​သည်​သူ​တို့​ကို​ဆန့်​ကျင်​ဘက်​ပြု တော်​မူ​၏။ သူ​တော်​ကောင်း​တို့​သည်​ကိုယ်​တော်​အား ခေါ်​ကြ​သော​အ​ခါ ကိုယ်​တော်​သည်​ထူး​တော်​မူ​၍​ဆင်း​ရဲ​ဒုက္ခ အ​ပေါင်း​မှ ကယ်​ဆယ်​တော်​မူ​၏။ ကိုယ်​တော်​သည်​စိတ်​ပျက်​အား​လျော့​သူ​တို့​၏ အ​နီး​တွင်​ရှိ​တော်​မူ​၏။ မျှော်​လင့်​စ​ရာ​လုံး​ဝ​မ​ရှိ​သူ​တို့​အား​ကယ် တော်​မူ​၏။ သူ​တော်​ကောင်း​သည်​ဆင်း​ရဲ​ဒုက္ခ​များ​စွာ ရောက်​ရ​တတ်​၏။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အား ယင်း​ဆင်း​ရဲ​ဒုက္ခ​အ​ပေါင်း​မှ​ကယ်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​၏​အ​သက်​ကို ထိန်း​သိမ်း​စောင့်​ရှောက်​တော်​မူ​၏။ သူ​၏​အ​ရိုး​တစ်​ချောင်း​မျှ​ပင်​လျှင်​မ​ကျိုး မ​ပဲ့​ရ။ သူ​ယုတ်​မာ​တို့​သည်​မိ​မိ​တို့​၏​အ​ပြစ်​ဒု​စ​ရိုက် ကြောင့် အ​သက်​ဆုံး​ကြ​ရ​လိမ့်​မည်။ သူ​တော်​ကောင်း​ကို​မုန်း​သော​သူ​တို့​သည် အ​ပြစ်​ဒဏ်​သင့်​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု​တော်​အား ကယ်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​ထံ​တော်​သို့​ခို​လှုံ​ရန်​ချဉ်း​ကပ်​သူ​တို့​သည် အ​ပြစ်​ဒဏ်​နှင့်​ကင်း​လွတ်​ကြ​လိမ့်​မည်။

ဆာလံ 34:15-22 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​၏​မျက်စိ​တော်​သည် ဖြောင့်မတ်​သော​သူ​တို့​ကို​ကြည့်ရှု​၍ ကိုယ်တော်​၏​နား​တော်​သည် သူ​တို့​၏​အော်ဟစ်သံ​ကို​နားထောင်​တော်မူ​၏​။ ထာဝရဘုရား​သည် မကောင်းမှု​ပြု​သော​သူ​တို့​နှင့် ပတ်သက်​သည့်​အောက်မေ့စရာ​ကို ကမ္ဘာမြေကြီး​ပေါ်မှ​ဖယ်ရှား​ရန် သူ​တို့​ထံမှ မျက်နှာလွှဲ​တော်မူ​၏​။ ဖြောင့်မတ်​သော​သူ​တို့ အော်ဟစ်​တောင်းလျှောက်​ကြ​သောအခါ ထာဝရဘုရား​သည်​နားညောင်း​၍ သူ​တို့​၏​ဆင်းရဲဒုက္ခ​အပေါင်း​တို့​မှ သူ​တို့​ကို​ကယ်နုတ်​တော်မူ​၏​။ ထာဝရဘုရား​သည် စိတ်နှလုံး​ကျိုးပဲ့​သော​သူ​တို့​နှင့် နီး​တော်မူ​၍ စိတ်ကြေမွ​သော​သူ​တို့​ကို ကယ်တင်​တော်မူ​၏​။ ဖြောင့်မတ်​သော​သူ​သည် ဒုက္ခ​များစွာ​ခံရ​သော်လည်း ထို​ဒုက္ခ​အားလုံး​ထဲမှ သူ့​ကို ထာဝရဘုရား​ကယ်နုတ်​တော်မူ​၏​။ သူ​၏​အရိုး​ရှိသမျှ​တို့​ကို​စောင့်ရှောက်​တော်မူ​၍ ထို​အရိုး​တစ်ချောင်းမျှ​ချိုးဖဲ့​ခြင်း​မ​ခံရ​။ မကောင်းမှု​သည် ဆိုးယုတ်​သော​သူ​တို့​ကို​သေဆုံး​စေ​လိမ့်မည်​။ ဖြောင့်မတ်​သော​သူ​ကို​မုန်း​သော​သူ​တို့​သည်​လည်း ပြစ်ဒဏ်​စီရင်​ခြင်း​ခံရ​လိမ့်မည်​။ ထာဝရဘုရား​သည် မိမိ​အစေအပါး​တို့​၏ စိတ်ဝိညာဉ်​ကို ရွေးနုတ်ကယ်တင်​တော်မူ​သည်​ဖြစ်၍ ကိုယ်တော်​ကို​ခိုလှုံ​သော​သူ​တစ်စုံတစ်ဦး​မျှ ပြစ်ဒဏ်​စီရင်​ခြင်း​ခံရ​လိမ့်မည်​မ​ဟုတ်​။