YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 32:1-5

ဆာလံ 32:1-5 Judson Bible (JBMLE)

အ​ပြစ်​မှ​လွှတ်​ခြင်း၊ ဒု​စ​ရိုက်​အ​ပြစ်​ကို ဖုံး​အုပ်​ခြင်း​သို့ ရောက်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား​အ​ပြစ်​တင်​တော်​မူ​ခြင်း​နှင့် လွတ်၍၊ လှည့်​စား​တတ်​သော စိတ်​သ​ဘော​နှင့် ကင်း​စင်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။ ငါ​သည် အ​ပြစ်​ကို​မ​ဖော်​မ​ပြ​ဘဲ နေ​စဉ်​အ​ခါ၊ တစ်​နေ့​လုံး ညည်း​တွား​သော​အား​ဖြင့်၊ ငါ့​အ​ရိုး​တို့​သည် ဆွေး​မြေ့​ခြင်း​သို့ ရောက်​ကြ၏။ နေ့​ည​မ​ပြတ် ကိုယ်​တော်၏​လက်​သည် အ​ကျွန်ုပ်​အ​ပေါ်​မှာ​လေး၍၊ အ​ကျွန်ုပ်၏​ချွေး​ရည်​သည် နွေ​ကာ​လ၌ သွေ့​ခြောက်​ခြင်း​ကဲ့​သို့ ဖြစ်​ပါ၏။ တစ်​ဖန် အ​ကျွန်ုပ်​သည် ကိုယ်​အ​ပြစ်​ကို ရှေ့​တော်၌ ဝန်​ချ​ပါ၏။ ပြု​မိ​သော ဒု​စ​ရိုက်​ကို ဝှက်၍​မ​ထား​ပါ။ ငါ​လွန်​ကျူး​သော​အ​ရာ​ကို ထာ​ဝ​ရ​ဘု​ရား​အား ဖော်​ပြ​တောင်း​ပန်​မည်​ဟု ပြော​ဆို​သော​အ​ခါ၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ပြစ်​မှား​ခြင်း​အ​ပြစ်​ကို လွှတ်​တော်​မူ၏။

ဆာလံ 32:1-5 Common Language Bible (BCL)

မိ​မိ​၏​အ​ပြစ်​များ​မှ​ဖြေ​လွှတ်​ခြင်း​ခံ​ရ​၍ ကူး​လွန်​မှု​များ​အ​တွက်​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့် ရ​သော​သူ​သည်​မင်္ဂ​လာ​ရှိ​၏။ မ​ကောင်း​မှု​ပြု​သူ​ဟု​ထာ​ဝ​ရ​ဘု​ရား အ​ပြစ်​တင် တော်​မူ​ခြင်း​ကို​မ​ခံ​ရ​ဘဲ လိမ်​လည်​လှည့်​စား​မှု​မှန်​သ​မျှ​နှင့်​ကင်း​စင်​သူ​သည် မင်္ဂ​လာ​ရှိ​၏။ ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​အ​ပြစ်​များ​ကို မ​ဖော်​ပြ၊​ဝန်​မ​ခံ​ဘဲ​နေ​သော​အ​ခါ တစ်​နေ့​လုံး​ငို​ကြွေး​ရ​သ​ဖြင့်​မော​ပန်း​နွမ်း​နယ် ခဲ့​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​နေ့​ရော​ည​ပါ အ​ပြစ်​ဒဏ်​ပေး​တော်​မူ​ပါ​၏။ နွေ​ရာ​သီ​အ​ပူ​ရှိန်​ကြောင့်​အ​စို​ဋ္ဌာတ်​သည် ခန်း​ခြောက်​သွား​သ​ကဲ့​သို့ ကျွန်​တော်​မျိုး​၏​အား​အင်​သည်​လည်း လုံး​ဝ​ခန်း​သွား​ပါ​၏။ ထို​အ​ခါ​ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​အ​ပြစ် များ​ကို ကိုယ်​တော်​၏​ထံ​တွင်​ဖော်​ပြ​ဝန်​ခံ​ပါ​၏။ ကျွန်​တော်​မျိုး​ပြု​မိ​သည့်​အ​မှား​များ​ကို အ​ထံ​တော်​မှ​ဖုံး​ကွယ်​၍​မ​ထား​ပါ။ ယင်း​တို့​ကို​ကိုယ်​တော်​အား​ဖော်​ပြ​ဝန်​ခံ​ရန် ကျွန်​တော်​မျိုး​စိတ်​ပိုင်း​ဖြတ်​လိုက်​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ကူး​လွန်​မှု ရှိ​သ​မျှ​တို့​အ​တွက်​အ​ပြစ်​ဖြေ​လွှတ်​တော် မူ​ပါ​၏။

ဆာလံ 32:1-5 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ကျူးလွန်​သော​အပြစ်​ခွင့်လွှတ်​ခြင်း​ခံရ​သော​သူ​၊ အပြစ်​ဖုံးအုပ်​ခြင်း​ခံရ​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။ ထာဝရဘုရား​အပြစ်​မ​ယူ​သော​သူ​၊ မိမိ​စိတ်ဝိညာဉ်​၌​လိမ်လည်ကောက်ကျစ်မှု မ​ရှိ​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။ အကျွန်ုပ်​သည် တိတ်ဆိတ်​စွာ​နေ​သောအခါ တစ်နေ့လုံး​ညည်းတွား​ရ​၍ အကျွန်ုပ်​၏​အရိုး​တို့​သည် ဆွေးမြည့်​ကြ​ပါ​၏​။ အကြောင်းမူကား ကိုယ်တော်​၏​လက်​တော်​သည် အကျွန်ုပ်​အပေါ်​၌ နေ့​ည​မပြတ်​လေးလံ​လျက်​ရှိ​ပါ​၏​။ အကျွန်ုပ်​၏​စိုပြည်လန်းဆန်းမှု​သည် နွေကာလ​၏​အပူရှိန်​၌​ကဲ့သို့ ကုန်ခန်း​ပါ​ပြီ​။ (​စေလာ ) အကျွန်ုပ်​သည် အကျွန်ုပ်​၏​အပြစ်​ကို ကိုယ်တော်​ထံ​ဝန်ချ​ပါ​၏​။ အကျွန်ုပ်​၏​ဒုစရိုက်​ကို​လည်း ဖုံးအုပ်​မ​ထား​ပါ​။ “​အကျွန်ုပ်​ကျူးလွန်​သော​အပြစ်​များ​ကို ထာဝရဘုရား​ထံ​ဖော်ပြဝန်ခံ​မည်​”​ဟု အကျွန်ုပ်​ပြောဆို​ခဲ့​ပါ​၏​။ ထိုအခါ ကိုယ်တော်​သည် အကျွန်ုပ်​၏​အပြစ်​ဒုစရိုက်​ကို ခွင့်လွှတ်​တော်မူ​၏​။ (​စေလာ )