ဆာလံ 22:7-8
ဆာလံ 22:7-8 Judson Bible (JBMLE)
အကျွန်ုပ်ကို မြင်သမျှသောသူတို့သည် ပြက်ရယ်ပြုခြင်း၊ နှုတ်ခမ်းဖြဲခြင်း၊ ခေါင်းညိတ်ခြင်းကို ပြုကြပါ၏။ သူသည် ထာဝရဘုရားကို ကိုးစားပြီ၊ သူ့ကိုနုတ်တော်မူပါလေစေ။ သူ၌အလိုရှိလျှင် ယခုပင် ကယ်တင်တော်မူပါလေစေဟု ဆိုကြပါ၏။
ဆာလံ 22:7-8 Common Language Bible (BCL)
ကျွန်တော်မျိုးအားမြင်သောသူတိုင်း ပြောင်လှောင်ကြပါ၏။ သူတို့သည်လျှာကိုထုတ်လျက်ဦးခေါင်းကို ခါကြပါ၏။ သူတို့က``သင်သည်ထာဝရဘုရားကိုအားကိုး ဘိ၏။ ကိုယ်တော်သည်သင့်ကိုအဘယ်ကြောင့် မကယ်ပါသနည်း။ ထာဝရဘုရားသည်သင့်ကို နှစ်သက်မြတ်နိုးတော်မူလျှင် အဘယ်ကြောင့်သင့်အားကယ်မတော် မမူ ပါသနည်း'' ဟုဆိုကြ၏။
ဆာလံ 22:7-8 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
အကျွန်ုပ်ကိုမြင်သောသူအားလုံးသည် အကျွန်ုပ်ကိုပြက်ရယ်ပြု၍ နှုတ်ခမ်းမဲ့ရွဲ့ကာ ခေါင်းကိုခါယမ်းလျက် “သူသည် ထာဝရဘုရားကိုယုံကြည်ကိုးစားခဲ့၏။ ကိုယ်တော်သည် သူ့ကိုကယ်တင်ပါစေ။ ကိုယ်တော်သည် သူ့ကိုနှစ်သက်တော်မူသည်ဖြစ်၍ သူ့ကိုကယ်နုတ်ပါစေ”ဟု ဆိုကြပါ၏။