YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 22:14-18

ဆာလံ 22:14-18 Judson Bible (JBMLE)

အ​ကျွန်ုပ်​သည် ရေ​ကဲ့​သို့​သွန်​ခြင်း​ကို​ခံ​ရ၍၊ အ​ရိုး​အ​ဆစ်​ရှိ​သ​မျှ​တို့​သည် ပြုတ်​ကြ​ပါ၏။ အ​ကျွန်ုပ်​နှ​လုံး​သည် ဖ​ယောင်း​ကဲ့​သို့​ဖြစ်၍၊ ရင်​ထဲ​မှာ အ​ရည်​ကျို​လျက်​ရှိ​ပါ၏။ အ​ကျွန်ုပ်​ခွန်​အား​သည် အိုး​ခြမ်း​ကဲ့​သို့ ခန်း​ခြောက်၍၊ လျှာ​လည်း ပါး​ရိုး၌ ကပ်​လျက်​ရှိ​ပါ၏။ အ​ကျွန်ုပ်​ကို သေ​မြေ​တိုင်​အောင် ချ​တော်​မူ​ပါ​ပြီ။ ခွေး​တို့​သည် အ​ကျွန်ုပ်​ကို​ဝိုင်း​လျက်၊ စု​ဝေး​သော​လူ​ဆိုး​တို့​သည် ဝန်း​ရံ​လျက်​နေ၍၊ အ​ကျွန်ုပ်၏​လက်​ခြေ​တို့​ကို ထိုး​ဖောက်​ကြ​ပါ​ပြီ။ ကိုယ်​အ​ရိုး​ရှိ​သ​မျှ​တို့​ကို အ​ကျွန်ုပ်​ရေ​တွက်​နိုင်​ပါ၏။ သူ​တို့​သည် အ​ကျွန်ုပ်​ကို​ကြည့်​မြင်၍ အား​ရ​လျက်​နေ​ကြ​ပါ၏။ အ​ကျွန်ုပ်​အ​ဝတ်​ကို အ​ချင်း​ချင်း​ဝေ​ဖန်၍၊ အ​ကျွန်ုပ်​အင်္ကျီ​ကို စာ​ရေး​တံ​ချ​ကြ​ပါ၏။

ဆာလံ 22:14-18 Common Language Bible (BCL)

ကျွန်​တော်​မျိုး​၏​ခွန်​အား​သည်​မြေ​ကြီး​ပေါ်​တွင် ဖိတ်​သည့်​ရေ​ကဲ့​သို့​ခန်း​ခြောက်​သွား​ပါ​၏။ ကျွန်​တော်​မျိုး​၏​အ​ရိုး​အား​လုံး​သည် အ​ဆစ်​ပြုတ်​လျက်​နေ​ပါ​၏။ ရင်​တွင်း​မှ​နှ​လုံး​သား​သည်​အ​ရည်​ပျော် သော ဖ​ယောင်း​ကဲ့​သို့​ဖြစ်​၍​နေ​ပါ​၏။ ကျွန်​တော်​မျိုး​၏​လည်​ချောင်း​သည်​မြေ​မှုန့် ကဲ့​သို့ ခြောက်​လျက်​ကျွန်​တော်​မျိုး​၏​လျှာ​သည်​လည်း အာ​ခေါင်​တွင်​ကပ်​၍​နေ​ပါ​၏။ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား​သေ​စေ​ရန် မြေ​မှုန့်​တွင်​စွန့်​ပစ်​ထား​တော်​မူ​ပါ​ပြီ။ လူ​ဆိုး​တစ်​စု​သည်​ကျွန်​တော်​မျိုး​ကို ဝိုင်း​ထား​ကြ​ပါ​၏။ သူ​တို့​သည်​တော​ခွေး​အုပ်​ကဲ့​သို့​ကျွန်​တော်​မျိုး အ​နီး​သို့​ချဉ်း​ကပ်​လာ​ပြီး​လျှင် ကျွန်​တော်​မျိုး​၏​ခြေ​လက်​များ​ကို​ကိုက်​ဖြတ် ကြ​ပါ​၏။ ကျွန်​တော်​မျိုး​၏​အ​ရိုး​များ​အား​လုံး​ပင် ပြိုင်း​ပြိုင်း ပေါ်​လာ​ပါ​၏။ ရန်​သူ​တို့​သည်​ကျွန်​တော်​မျိုး​ကို​အား​ရ ဝမ်း​သာ​စွာ စူး​စိုက်​၍​ကြည့်​ကြ​ပါ​၏။ ကျွန်​တော်​မျိုး​၏​အ​ဝတ်​များ​ကို​သူ​တို့​သည် အ​ချင်း​ချင်း​ခွဲ​ဝေ​၍​ယူ​ကြ​ပါ​၏။ ကျွန်​တော်​မျိုး​၏​ဝတ်​လုံ​ကို​မဲ​ချ​ကြ​ပါ​၏။

ဆာလံ 22:14-18 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အကျွန်ုပ်​သည် ရေ​ကဲ့သို့​သွန်ချ​ခြင်း​ခံရ​၍ အကျွန်ုပ်​၏​အရိုးအဆစ်​ရှိသမျှ​တို့​သည် ပြုတ်​ကုန်​ပါ​၏​။ အကျွန်ုပ်​၏​နှလုံး​သည် ဖယောင်း​ကဲ့သို့​ဖြစ်၍ အကျွန်ုပ်​ရင်​ထဲ​၌ အရည်ပျော်​သွား​ပါ​၏​။ အကျွန်ုပ်​၏​ခွန်အား​သည် အိုးခြမ်းပဲ့​ကဲ့သို့​ခန်းခြောက်​၍ အကျွန်ုပ်​၏​လျှာ​သည် အာခေါင်​၌​ကပ်​နေ​ပါ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို သေ​ခြင်း​မြေမှုန့်​ထဲ၌​ထား​တော်မူ​၏​။ အမှန်စင်စစ် ခွေး​များ​သည် အကျွန်ုပ်​ကို​ဝိုင်း​ထား​ကြ​ပြီး ဆိုးညစ်​သော​အမှု​ကို​ပြု​သော​လူတစ်စု​သည် အကျွန်ုပ်​ကို​ဝိုင်းရံ​ထား​ကြ​ပါ​၏​။ သူ​တို့​သည် အကျွန်ုပ်​၏​ခြေ​နှင့်​အကျွန်ုပ်​၏​လက်​ကို ထိုးဖောက်​ကြ​ပါ​၏​။ အကျွန်ုပ်​သည် အကျွန်ုပ်​၏​အရိုး​ရှိသမျှ​တို့​ကို ရေတွက်​နိုင်​ပါ​၏​။ သူ​တို့​သည် အကျွန်ုပ်​ကို​စေ့စေ့ကြည့်​၍ အားရ​လျက်​နေ​ကြ​ပါ​၏​။ သူ​တို့​သည် အကျွန်ုပ်​၏​အဝတ်​တို့​ကို အချင်းချင်း​ခွဲဝေ​ကြ​၍ အကျွန်ုပ်​၏​ဝတ်လုံ​အတွက် မဲ​ချ​ကြ​ပါ​၏​။