YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 150:1-6

ဆာလံ 150:1-6 Judson Bible (JBMLE)

သန့်​ရှင်း​ရာ​ဌာ​န​တော်၌ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ကြ​လော့။ ဘုန်း​တော်​ထင်​ရှား​ရာ ကောင်း​ကင်​မျက်​နှာ​ကြက်​ပေါ်​မှာ ချီး​မွမ်း​ကြ​လော့။ ထူး​ဆန်း​သော တန်​ခိုး​တော်​များ​ကြောင့်၊ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ကြ​လော့။ အ​လွန်​တ​ရာ​ကြီး​မြတ်​တော်​မူ​ခြင်း ရှိ​သည်​အ​တိုင်း ချီး​မွမ်း​ကြ​လော့။ တံ​ပိုး​မှုတ်​လျက် ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ကြ​လော့။ တ​ယော​နှင့် စောင်း​ကို​တီး​လျက် ချီး​မွမ်း​ကြ​လော့။ ပတ်​သာ​တီး​လျက်၊ က​ခုန်​လျက်​နှင့် ချီး​မွမ်း​ကြ​လော့။ ကြိုး​နှင့်​ပြည့်​စုံ​သော တူ​ရိ​ယာ​ကို​တီး​လျက်၊ နှဲ​ခ​ရာ​ကို​မှုတ်​လျက် ချီး​မွမ်း​ကြ​လော့။ အ​သံ​ကျယ်​သော သံ​လွင်​ကို​တီး​လျက် ချီး​မွမ်း​ကြ​လော့။ အ​ကြီး​ဆုံး​သော​လင်း​ကွင်း​ကို​လည်း​တီး​လျက် ချီး​မွမ်း​ကြ​လော့။ အ​သက်​ရှိ​သော​သူ​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​စေ။ ဟာ​လေ​လု​ယ။ ဒါ​ဝိဒ်​မင်း​ကြီး​နှင့် ရှင်​အာ​သပ်​အ​စ​ရှိ​သော​ပ​ရော​ဖက်​များ​တို့​သည် စီ​ရင်​ရေး​ထား​သော​ဆာ​လံ​ကျမ်း​ပြီး၏။

ဆာလံ 150:1-6 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။ ဗိ​မာန်​တော်​တွင်​ဘု​ရား​သ​ခင်​အား ထော​မ​နာ​ပြု​ကြ​လော့။ ကောင်း​ကင်​ထက်​တွင်​ကိုယ်​တော်​၏​တန်​ခိုး​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​ပြု​တော်​မူ​သည့်​မ​ဟာ အ​မှု​တော်​များ​အ​တွက်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။ အ​လွန်​ကြီး​မြတ်​တော်​မူ​သည်​ဖြစ်​၍ ထော​မ​နာ​ပြု​ကြ​လော့။ တံ​ပိုး​ခ​ရာ​များ​ဖြင့်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။ စောင်း​ကြီး​စောင်း​ငယ်​များ​ဖြင့်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။ ပတ်​သာ​ကို​တီး​လျက်၊က​ခုန်​လျက်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။ စောင်း​များ၊ပြွေ​များ​ဖြင့်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။ သံ​လွင်​များ​ကို​တီး​၍​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။ လင်း​ကွင်း​ကြီး​များ​ကို​တီး​၍​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။ သက်​ရှိ​သတ္တဝါ​အ​ပေါင်း​တို့၊ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။ ဒါ​ဝိဒ်​မင်း​ကြီး​နှင့်​ရှင်​အာ​သပ်​အ​စ​ရှိ​သော ပ​ရော​ဖက်​များ​တို့​ရေး​ထား​သော​ဆာ​လံ​ကျမ်း ပြီး​၏။

ဆာလံ 150:1-6 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဟာလေလုယ​။ သန့်ရှင်းရာဌာန​တော်​၌ ဘုရားသခင်​ကို​ချီးမွမ်း​ကြ​လော့​။ ကိုယ်တော်​၏​တန်ခိုး​တော်​ထင်ရှား​ရာ မိုးမျက်နှာကြက်​ပေါ်မှာ ကိုယ်တော်​ကို​ချီးမွမ်း​ကြ​လော့​။ ကိုယ်တော်​၏​အစွမ်းတန်ခိုး​တော်​များ​ကြောင့် ကိုယ်တော်​ကို ချီးမွမ်း​ကြ​လော့​။ ကိုယ်တော်​၏​အလွန်​ကြီးမြတ်​တော်မူ​ခြင်း​အတွက် ကိုယ်တော်​ကို ချီးမွမ်း​ကြ​လော့​။ တံပိုး​မှုတ်​လျက် ကိုယ်တော်​ကို​ချီးမွမ်း​ကြ​လော့​။ စောင်းပြား​နှင့်​စောင်းကောက်​ကို​တီး​လျက် ကိုယ်တော်​ကို ချီးမွမ်း​ကြ​လော့​။ ပတ်သာတီး​လျက်​၊ ကခုန်​လျက် ကိုယ်တော်​ကို​ချီးမွမ်း​ကြ​လော့​။ ကြိုးတပ်​တူရိယာ​များ​တီး​လျက်​၊ ပလွေ​များ​မှုတ်​လျက် ကိုယ်တော်​ကို ချီးမွမ်း​ကြ​လော့​။ အသံလွင်​သော​လင်းကွင်း​များ​တီး​လျက် ကိုယ်တော်​ကို ချီးမွမ်း​ကြ​လော့​။ အသံကျယ်​သော​လင်းကွင်း​များ​တီး​လျက် ကိုယ်တော်​ကို ချီးမွမ်း​ကြ​လော့​။ သက်ရှိသတ္တဝါ​အပေါင်း​တို့​သည် ထာဝရဘုရား​ကို ချီးမွမ်း​ကြ​ပါစေ​။ ဟာလေလုယ​။