YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 15:1-5

ဆာလံ 15:1-5 Judson Bible (JBMLE)

အို​ထာ​ဝ​ရ​ဘု​ရား၊ တဲ​တော်၌ အ​ဘယ်​သူ​သည် တည်း​ရ​ပါ​မည်​နည်း။ သန့်​ရှင်း​သော​တောင်​တော်​ပေါ်​မှာ အ​ဘယ်​သူ​သည် နေ​ရ​ပါ​မည်​နည်း​ဟူ​မူ​ကား၊ ဖြောင့်​မတ်​သော​အ​ကျင့်၊ တ​ရား​သော​အ​မှု​ကို​ပြု​ကျင့်၍၊ သ​စ္စာ​စ​ကား​ကို စိတ်​နှ​လုံး​ပါ​လျက်​ပြော​ထ​သော၊ သူ​တစ်​ပါး၏​အ​သ​ရေ​ကို ပျက်​စေ​ခြင်း​ငှာ​ပြော​ဆို​ခြင်း၊ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ၏ အ​ကျိုး​ကို​ပြစ်​မှား​ခြင်း၊ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို​လည်း ကဲ့​ရဲ့​ခြင်း​ကို​ရှောင်​ထ​သော၊ ဆိုး​ယုတ်​သော​သူ​ကို အ​ယုတ်​ဟူ၍ ထင်​မှတ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​အား​ကြောက်​ရွံ့​သော​သူ​ကို ရို​သေ​ထ​သော၊ ကိုယ်​အ​ကျိုး​ပျက်​ရ​သော်​လည်း ကိုယ်​ကျိန်​ဆို​သော သ​စ္စာ​က​တိ​ကို​မ​ဖျက်၊ ကိုယ်​ငွေ​ကို​ချေး၍ အ​တိုး​မ​ယူ၊ အ​ပြစ်​မ​ရှိ​သော​သူ၏​တစ်​ဖက်​မှ တံ​စိုး​ကို​မ​ခံ​ဘဲ​ကျင့်​သော​သူ​သည် လှုပ်​ရှား​ခြင်း​နှင့် အ​စဉ်​အ​မြဲ ကင်း​လွတ်​လိမ့်​သ​တည်း။

ဆာလံ 15:1-5 Common Language Bible (BCL)

အို ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​သူ​သည်​ကိုယ်​တော်​၏​ဗိ​မာန်​တော်​သို့ ဝင်​နိုင်​ပါ​မည်​နည်း။ အ​ဘယ်​သူ​သည်​ကိုယ်​တော်​၏​သန့်​ရှင်း​မြင့် မြတ်​သော ဇိ​အုန်​တောင်​တော်​ပေါ်​တွင် ကိုး​ကွယ်​ဝတ်​ပြု​နိုင်​ပါ​မည်​နည်း။ ခပ်​သိမ်း​သော​အ​မှု​တို့​တွင်​ဘု​ရား​သ​ခင်​၏ စ​ကား​ကို​နား​ထောင်​လျက် ဖြောင့်​မှန်​ရာ​ကို​အ​စဉ်​ပြု​ကျင့်​တတ်​သူ၊ ဟုတ်​မှန်​ရိုး​သား​စွာ​ပြော​ဆို​တတ်​သူ၊ သူ​တစ်​ပါး​၏​အ​သ​ရေ​ကို​မ​ဖျက်​တတ်​သူ ဖြစ်​ပါ​၏။ ထို​သူ​သည်​မိ​မိ​၏​မိတ်​ဆွေ​များ​ကို​မ​ပြစ်​မှား​တတ်။ အိမ်​နီး​ချင်း​တို့​၏​အ​ကြောင်း​ကို​လည်း​မ​ကောင်း သ​တင်း မ​လွှင့်​တတ်။ သူ​သည်​ဘု​ရား​သ​ခင်​ပစ်​ပယ်​သူ​တို့​ကို စက်​ဆုပ်​ရွံ​ရှာ​၍ ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​ကို​နား​ထောင် သူ​တို့​အား ဂုဏ်​ပြု​ချီး​မြှင့်​တတ်​၏။ အ​ဘယ်​မျှ​ပင်​မိ​မိ​၏​အ​ကျိုး​ထိ​ခိုက်​နစ်​နာ စေ​ကာ​မူ မိ​မိ​၏​က​တိ​များ​အ​တိုင်း​အ​စဉ်​ပြု​တတ်​၏။ သူ​သည်​အ​တိုး​မ​ယူ​ဘဲ​မိ​မိ​၏​ငွေ​ကို ချေး​ငှား​တတ်​၏။ သူ​သည်​တံ​စိုး​လက်​ဆောင်​ယူ​၍​အ​ပြစ်​မဲ့ သူ​တို့ ထိ​ခိုက်​နစ်​နာ​စေ​ရန်​သက်​သေ​မ​ခံ​တတ်။ ဤ​သို့​သော​သူ​သည်​အ​စဉ်​အ​မြဲ​ဘေး ကင်း​လုံ​ခြုံ​စွာ နေ​ရ​လိမ့်​မည်။

ဆာလံ 15:1-5 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အို ထာဝရဘုရား​၊ ကိုယ်တော်​၏​တဲ​တော်​၌ မည်သူ​နေထိုင်​ရ​ပါ​မည်နည်း​။ ကိုယ်တော်​၏​သန့်ရှင်း​သော​တောင်​တော်​ပေါ်၌ မည်သူ​နေထိုင်​ရ​ပါ​မည်နည်း​။ ထို​သူ​ကား အပြစ်တင်စရာမရှိ​အောင် အသက်ရှင်​လျှောက်လှမ်း​သော​သူ​၊ ဖြောင့်မတ်​စွာ​ပြုကျင့်​သော​သူ​၊ မိမိ​စိတ်နှလုံး​မှ သစ္စာစကား​ကို​ပြောဆို​သော​သူ​၊ မိမိ​နှုတ်​ဖြင့်​အတင်းပြောဆို​ခြင်း​မ​ပြု​သော​သူ​၊ မိမိ​၏​အိမ်နီးချင်း​အပေါ်​မကောင်းမှု​ကို​မ​ပြု​သော​သူ​၊ မိမိ​ဝန်းကျင်​၌​ရှိ​သော​သူ​ကို ကဲ့ရဲ့ပြစ်တင်​ခြင်း​မ​ပြု​သော​သူ​၊ ဆိုးယုတ်​သော​သူ​ကို အယုတ်​ဟု​မြင်​သော​သူ​၊ ထာဝရဘုရား​ကို​ကြောက်ရွံ့​သော​သူ​အား ရိုသေလေးမြတ်​သော​သူ​၊ မိမိ​အကျိုး​ထိခိုက်​လျှင်ပင် ကျိန်ဆို​ထား​သော​ကတိ​ကို​မ​ဖျက်​သော​သူ​၊ မိမိ​ငွေ​ကို အတိုး​ဖြင့်​ချေးငှား​ခြင်း​မ​ပြု​၊ အပြစ်ကင်း​သော​သူ​ကို​ထိခိုက်​စေ​သည့် တံစိုးလက်ဆောင်​ကို​လက်​မ​ခံ​သော​သူ​ပင်တည်း​။ ဤသို့​ပြု​သော​သူ​သည် မည်သည့်​အခါ​မျှ​တုန်လှုပ်​မည်​မ​ဟုတ်​။