YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 138:7-8

ဆာလံ 138:7-8 Common Language Bible (BCL)

ဒုက္ခ​များ​ပတ်​လည်​ဝိုင်း​လျက်​နေ​ချိန်​၌​ပင်​လျှင် ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​အ​သက်​ကို ကာ​ကွယ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ရန်​သူ​တို့​၏ အ​မျက်​ကို​ဆီး​တား​တော်​မူ​လျက် တန်​ခိုး​တော်​အား​ဖြင့်​ကျွန်​တော်​မျိုး​ကို ကယ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား က​တိ​ထား​တော်​မူ​သည့်​အ​တိုင်း​ပြု​တော်​မူ ပါ​လိမ့်​မည်။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​မေတ္တာ​တော်​သည် ထာ​ဝ​စဉ်​တည်​တော်​မူ​ပါ​၏။ အ​စ​ပြု​တော်​မူ​သော​အ​မှု​တော်​ကို ပြီး​စီး​စေ​တော်​မူ​ပါ။

ဆာလံ 138:7-8 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အကျွန်ုပ်​သည် ဆင်းရဲဒုက္ခ​ထဲ​၌ ကျင်လည်​ရ​သော်လည်း ကိုယ်တော်​သည် အကျွန်ုပ်​ကို​အသက်ရှင်​စေ​တော်မူ​မည်​။ ကိုယ်တော်​သည် အကျွန်ုပ်​ရန်သူ​တို့​၏​အမျက်ဒေါသ​အပေါ်​၌ မိမိ​၏​လက်​တော်​ကို​ဆန့်​၍ ကိုယ်တော်​၏​လက်ယာ​လက်​တော်​ဖြင့် အကျွန်ုပ်​ကို​ကယ်တင်​တော်မူ​မည်​။ ထာဝရဘုရား​သည် ငါ့​အမှု​ကို ပြီးပြည့်စုံ​စေ​တော်မူ​လိမ့်မည်​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​ပါ​၏​။ ကိုယ်တော်​၏​လက်​တော်​ဖြင့် ပြုလုပ်​သော​အရာ​များ​ကို ပစ်ထား​တော်​မ​မူ​ပါ​နှင့်​။