ဆာလံ 119:49-50
ဆာလံ 119:49-50 Judson Bible (JBMLE)
အကျွန်ုပ် မျှော်လင့်စရာအကြောင်း၊ ကိုယ်တော်၏ကျွန်၌ထားတော်မူသော နှုတ်ကပတ်တော်ကို အောက်မေ့တော်မူပါ။ ဗျာဒိတ်တော်အားဖြင့် အကျွန်ုပ်အသက်ရှင်သည်ဖြစ်၍၊ ဆင်းရဲကိုခံရစဉ်တွင်၊ ထိုနှုတ်ကပတ်တော်သည် အကျွန်ုပ်သက်သာစရာအကြောင်း ဖြစ်ပါ၏။
ဆာလံ 119:49-50 Common Language Bible (BCL)
ကိုယ်တော်ရှင်၏အစေခံဖြစ်သူကွန်တော် မျိုးအား ထားတော်မူသောကတိတော်ကိုသတိရတော်မူပါ။ ယင်းကတိတော်သည်ကွန်တော်မျိုးအား မှော်လင့်ခက်ကိုပေးပါပြီ။ ကိုယ်တော်ရှင်၏ကတိတော်သည်ကွန်တော်မျိုးအား အသက်ရှင်စေတော်မူသည်ဖြစ်၍ ဆင်းရဲဒုက္ခရောက်စဉ်အခါ၌ပင်လှင် ကွန်တော်မျိုးသည်စိတ်သက်သာမှုကိုရရှိပါ၏။
ဆာလံ 119:49-50 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ကိုယ်တော်၏အစေအပါးအား မိန့်တော်မူသောနှုတ်ကပတ်တော်ကို အောက်မေ့တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်ကို ထိုနှုတ်ကပတ်တော်၌ မျှော်လင့်ကိုးစားစေပါ၏။ ကိုယ်တော်၏ကတိတော်သည် အကျွန်ုပ်ကိုအသက်ရှင်စေသည်ဖြစ်၍ အကျွန်ုပ်ဖိစီးနှိပ်စက်မှုခံရစဉ်တွင် အကျွန်ုပ်အတွက်နှစ်သိမ့်စရာအကြောင်းဖြစ်ပါ၏။