YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 118:14-17

ဆာလံ 118:14-17 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​တန်​ခိုး​စွမ်း​ရည် ကြီး​မား​စေ​တော်​မူ​၏။ ကိုယ်​တော်​သည်​ငါ့​ကို​ကယ်​တင်​တော်​မူ ပြီ။ ``ထာ​ဝ​ရ​ဘု​ရား​သည်​မ​ဟာ​တန်​ခိုး​တော် အား​ဖြင့် အံ့​သြ​ဖွယ်​ကောင်း​သော​အ​မှု​တို့​ကို​ပြု တော်​မူ​လေ​ပြီ။ ကြီး​မား​သည့်​တန်​ခိုး​တော်​ကြောင့်​ငါ​တို့​သည် အောင်​ပွဲ​ကို​ရ​ရှိ​လေ​ပြီ'' ဟု​ဘု​ရား​သ​ခင်​၏ လူ​စု​တော်​သည် မိ​မိ​တို့​တဲ​များ​မှ​ဝမ်း​မြောက်​စွာ​အောင်​သံ​ပေး​၍ ကြွေး​ကြော်​ကြ​သည်​ကို​နား​ထောင်​ကြ​လော့။ ငါ​သည်​မ​သေ​သေး​ဘဲ​အ​သက်​ရှင်​၍​ထာ​ဝ​ရ ဘု​ရား ပြု​တော်​မူ​သော​အ​မှု​တော်​ကို​ဖော်​ပြ​မည်။

ဆာလံ 118:14-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​သည် ငါ​၏​ခွန်အား​နှင့်​တေးသီချင်း​၊ ငါ့​ကို​ကယ်တင်​သော​အရှင်​ဖြစ်​တော်မူ​၏​။ ဖြောင့်မတ်​သော​သူ​တို့​၏​တဲ​များ​၌ ရွှင်လန်း​စွာ​ကြွေးကြော်​ခြင်း​အသံ​နှင့် ကယ်တင်​ခြင်း​အသံ​ရှိ​၏​။ ထာဝရဘုရား​၏​လက်ယာ​လက်​တော်​သည် တန်ခိုးကြီး​သော​အမှု​ကို​ပြု​တော်မူ​၏​။ ထာဝရဘုရား​၏​လက်ယာ​လက်​တော်​သည် ချီးမြှောက်​ခြင်း​ရှိ​၏​။ ထာဝရဘုရား​၏​လက်ယာ​လက်​တော်​သည် တန်ခိုးကြီး​သော​အမှု​ကို​ပြု​တော်မူ​၏​။ ငါ​မ​သေ​ရ​သေး​ဘဲ အသက်ရှင်​လျက် ထာဝရဘုရား​ပြု​တော်မူ​သော​အမှု​တို့​ကို ပြောကြား​ဦး​မည်​။